အပိုင်း-6

2.4K 252 34
                                    

'ချစ်စရာလေး'

လွှာတစ်ယောက် ဆေးရုံဝတ်စုံနဲ့မှူးကိုခိုးရိုက်ထားတဲ့ပုံလေးတွေကိုကြည့်ပြီးသဘောကျစွာပြုံးရယ်နေမိသည်
ရယ်နေတဲ့ပုံ စိတ်ကောက်နေတဲ့ပုံ လွှာသဘောအကျဆုံးပုံလေးကတော့ ဘာခံစားချက်မှမရှိပဲ အိပ်စက်နေတဲ့မျက်နှာလေးကိုပဲ

'အဖြူထည်လေး ဖြူစင်လိုက်တာမင်းရယ်'
'ငါ့မြေးကတော့ အဲ့အဖြူထည်လေးအရောင်ဆိုးချင်နေတာမလား'
'ဟာ ဘွား'

လွှာ ဖုန်းကိုအမြန်ပိတ်လိုက်သည်

'ဖွက်မနေပါနဲ့ ကျုပ်အကုန်သိပြီးသား'
'ဘွားမသိတာဘာရှိလဲ'
'ဘာမှမရှိဘူးထင်တာပဲ'

ဘွားလဲသိပြီးသားမို့ လွှာ ပေါ်ပေါ်တင်တင်ပဲဖုန်းကိုပြန်ဖွင့်ကာမှူးပုံလေးတွေကိုဖွင့်ကြည့်မိသည်

'ငါ့မြေးရဲ့ဒီလိုအပြုံးမျိုးကို ပထမဆုံးမြင်ဘူးတာပဲ'
'သူကလေ လွှာ့ကိုပထမဆုံးဆိုတဲ့အရာတွေကိုပဲဆောင်ကျဥ်းပေးတာ'
'သူ့ကိုသဘောကျနေတာလား'
'ဟင့်အင် လွှာကသူ့ကိုချစ်နေတာ လေးလေးနက်နက်ချစ်နေမိတာ'
'ဟိုတစ်ယောက်ကိုရောချစ်နေတာပဲမဟုတ်ဘူးလား'
'လွှာ့ခံစားချက်ကဘာဆိုတာသေချာသိတဲ့နေ့တည်းကလွှာ သူ့ကိုလမ်းခွဲစကားပြောပြီးတာပါ လွှာ့စိတ်ထဲသူမရှိတော့ဘူး စိတ်ထဲတင်မဟုတ်ပါဘူး ခေါင်းထဲပါမရှိတော့တာ'
'ညှိုးဘွဲ့မှူးကိုချစ်လား'
'ချစ်တယ်'

မဆိုင်းမတွဖြေတဲ့ မြေးဖြစ်သူကြောင့်သဘောကျစွာရယ်မိသည်

'သူ့ကိုပိုင်ဆိုင်ခွင့်ရမယ်ဆိုရင်တန်ဖိုးထားမှာလား'
'အသေအချာပဲ မြတ်နိုးတန်ဖိုးထားလွန်းလို့ လေတိုက်ရင်အသားလေးပွန်းပဲ့သွားမှာစိုးလို့ဖန်ပေါင်းချောင်ထဲတောင်ထည့်ထားမိမလားပဲ'
'ငါ့မြေးကအဲ့လောက်တောင်သဘောကျတယ်ဆိုတော့လဲ အဘွားကရအောင်လုပ်ပေးရမှာပေါ့'
'ဟင် ဘယ်လိုမျိုးလဲ'
'သူ့မိဘတွေဆီကနေသူ့ကိုတင်တောင်းပေးမှာပေါ့ အဘွားမှာရှိသမျှစည်းစိမ်အကုန်နဲ့တင်တောင်းရင်တင်တောင်းရပါစေ သူ့ကိုငါ့မြေးပိုင်ဆိုင်စေရမယ်'
'ဒါမှာ တို့ဘွားဘွားကွ'
.....

'ဖြေးဖြေးဆင်း ဖြေးဖြေး'

တီလေးက မှူးကားပေါ်ကဆင်းတော့တွဲကူပေးသည်

Lovestop(Complete)Where stories live. Discover now