ဇွန်းခရင်းသံကလွဲရင်တစ်ခြားဘာသံမှမကြားရတဲ့ထမင်းစားခန်း ထမင်းစားခန်းထဲ လွှာရယ် ဘွားဘွားရယ် မယ်ကယ် ၃ယောက်သာရှိသည်
'လွှာ များများစားလေ သမီး'
လွှာ့ကိုအချုပ်ချယ်ဆုံးဟာဘွားဘွား လွှာ့ကိုဖိအားအပေးဆုံးကဘွားဘွား သို့ပေမဲ့ လွှာ့ကိုဂရုအစိုက်ဆုံးကလဲဘွားဘွားတစ်ယောက်သာ
ဘွားဘွားကပြောရင်း အသားဟင်းကိုခပ်ကာလွှာ့ပန်းကန်ထဲထည့်ပေးသည်'ဟုတ်ဘွားဘွား'
အတော်တန်ကြာမှဘွားဘွားဆီကစကားစလာသည်
'အခုချိန်ထိဟိုတစ်ယောက်နဲ့အဆက်သွယ်ရှိသေးလား'
'ဒါပေါ့ ဘွားရဲ့'
'သူနဲ့တွဲနေတုန်းလား'ဘွားဘွားပြောသည့် သူဆိုသည်ကား နိုင်ငံခြားမှာပညာတော်သင်သွားနေတဲ့ လွှာ့ချစ်ရသူပင်
'အင်းလေ ဘွားကလဲ တွဲနေတာပဲဘယ်နှစ်နှစ်ရှိနေပြီလဲ'
'လမ်းခွဲလိုက်တော့သူနဲ့ လွှာ့ကိုဘွားဘွားကြင်ဖက်ရှာပေးထားတယ်သွားတွေ့လိုက်'
'ဘွားဘွား လွှာက'
'သူ့ကို စောင့်နေတာလို့ပြောဦးမလို့လား'
'ဟုတ် ဘွားဘွား'
'ဘယ်နှစ်နှစ်ရှိပြီလဲ သူ့ကိုစောင့်နေတာ ဟမ် အဘွားနဲ့မိတ်ဆက်ပေးဆိုတော့လဲ လွှာကမိတ်မဆက်မပေးနိုင်ဘူး သူကတကယ်ရှိရဲ့လားဆိုတာတောင်မယုံသင်္ကာဖြစ်လာပြီ လွှာ သမီးအသက်မငယ်တော့ဘူးနော် ချစ်သူရှိတယ်လို့ပြောတာက လက်မထပ်ချင်လို့ အကြောင်းပြချက်တစ်ခုအနေနဲ့ပေးနေတာလို့ပဲမြင်တယ်'
'လွှာ့မှာချစ်သူတကယ်ရှိတာပါ သူနဲ့မိတ်မဆက်ပေးသေးတာက သင့်လျော်အချိန်မကျသေးလို့ပါ'
'သင့်လျော်တဲ့အချိန်ကဘယ်အချိန်လဲ ဘွားဘွားလဲသေပြီး လွှာလဲဘိုးဘွားရိပ်သာရောက်တော့မှလား
လွှာ့ကိုဘွားဘွားအခွင့်အရေးအကြိမ်ကြိမ်ပေးပြီးပြီ ဒီတစ်ခါတော့မရတော့ဘူး'
'ဘွားဘွား'
'လွှာ မင်းအသက်မငယ်တော့ဘူး ငါဒါပဲပြောမယ်'
'ဘွားဘွား သူက လွှာ့ကိုလက်ထပ်တဲ့အခါကျလွှာမျက်နှာမငယ်ရအောင် ဘွဲ့တွေကြိုးစား'
'ငါလိုချင်တာဘွဲ့ထူးဂုဏ်ထူးတွေနဲ့သူမဟုတ်ဘူး အဲ့ဘွဲ့တွေနဲ့ရလာမဲ့အလုပ်နဲ့ရှာတဲ့ဝင်ငွေကငါ့စည်းစိမ်ရဲ့ခြေဖျားကိုမှီမှာမဟုတ်ဘူး ငါလိုချင်တာ ငါ့မြေးကိုတကယ်ချစ်ပေးမဲ့သူကိုလိုချင်တာ ဘယ်နဲ့ မင်းကိုမျက်နှာမငယ်စေချင်လို့ဆိုတဲ့အကြောင်းပြချက်ပေးပြီး ထွက်သွားတာနှစ်ချီနေတဲ့သူလက်ထဲငါ့မြေးကိုမထည့်နိုင်ဘူး'
'ဘွားဘွား လွှာသူကလွဲပြီးဘယ်သူ့ကိုမှ'
'ချွမ်း!!'
![](https://img.wattpad.com/cover/354402984-288-k576438.jpg)
YOU ARE READING
Lovestop(Complete)
Romanceမှူး-'ဟင့်အင် အန်တီကမှူးအပိုင်ပဲ' လွှာ-မင်းကသာငါ့အပိုင်ဖြစ်ခဲ့တာ ဘွဲ့မှူး ငါမင်းအပိုင်မဖြစ်ခဲ့ဘူး ငါကအမြဲစုရီအပိုင်ပဲ' မှူး-'အန်တီဘာသာ ဟန်စုရီဆိုတဲ့ကိုပိုချစ်ချစ်မချစ်ချစ် သူကမယားငယ်ကမယားငယ်ပဲ' လွှာ-'မယားငယ်! ဒါကမင်းတို့အမြင်အရပါကွာ တကယ်ဆို မင်းကသာs...