1:1

1.7K 129 12
                                    

[Unicode]

OS//

ညတွေဟာ မှောင်မိုက်တယ်
နွေဦးရဲ့ လေပြေဟာ ခက်ပူပူပါပဲ
အိုက်စက်စက်‌လေငွေ့ထဲမှာ
မင်းဟာ ကိုယ့်ကို ထွေးပွေ့ထားစဲပဲ.....

.....................

"အာ့ "

"ဟေ့ကောင်တွေ ! အဲ့ကောင် ကို နောက်တစ်ခါ အမောက် မထောင်နိုင်အောင် ပညာပေးလိုက်ကြစမ်း!"

‌အမှောင်ကျ‌ေနတဲ့ လမ်းကြားတစ်ခု၊ လမ်းကြားအရှေ့ လိမ္မော်ရောင် အမှိုက်ပုံးကြီးက ကွယ်နေတာမို့ လမ်းကြားထဲ လူသတ်သွားရင် သတိထားမည်မဟုတ်တဲ့ ဆိုးလ်မြို့ရဲ့ ‌တစ်နေရာ။ ‌ဂျင်းဘောင်းဘီ ‌ဒူးပြဲနဲ့ ဂျာကင်အနက် ၀တ်ထားတဲ့ ကောင်လေးတစ်‌ေယာက်ကို ရွယ်တူ ကောင်လေး အုပ်စုက ဝိုင်း အနိုင်ကျင့်နေကြသည်။ ဆွဲမယ့်သူမရှိ။မြင်သူမရှိ၊ သို့သော် ဘုရားသခင်ကတော့ သူ့ကို လစ်လျူမရူနိုင်ပါ။ အချိန်ကိုက် မြည်လာတဲ့ အချက်‌ေပးမီးသံ ဆူဆူနဲ့အတူ ‌တစ်ခုခုကို အော်နေတဲ့ ကောင်လေးတစ်ယောက်ရဲ့ အသံက ခပ်ကျယ်ကျယ် ထွက်ပေါ်လာတယ်။ မကြောက်မရွံ့ သူရောက်လာပြန်ပြီ!

"‌ရဲတွေလာပြီ ရဲတွေလာ‌ေနပြီဟေ့"

"တောက်ခ်! ဟေ့ရောင်တွေ‌ သွားမယ်!"

"ဒီကောင့်ကိုရော!"

"ထားလိုက်တော့ ဒီလောက်ဆိုရပြီ!"

နောက်ပေါက်လမ်းကြားကနေ ထွက်ပြေးသွားတဲ့ လူငယ်တစ်စု။ ကျန်ခဲ့တဲ့ကောင်လေးကတော့ ခပ်ရွှဲ့ရွှဲ့ပြံုးလို့ လမ်းမ‌ေပါ်မှောက်လှဲနေရာမှ နံရံကို အမှီပြုလို့ မှီထိုင်တယ်။ အဲ့နောက် ညိုမဲစွဲနေတဲ့ ဒဏ်ရာတွေနဲ့  လက်တစ်ဖက်ဖြင့် ဆေးလိပ်အား မီးညိှတယ်။ ဖူးကနဲ ထွက်သွားတဲ့ အငွေ့တွေနောက် ကောင်လေးက ပြုံးတယ်။ မကြာပါဘူး နောက်ထပ်ကောင်လေးတစ်ယောက်က လမ်းကြားထဲ ၀င်လာပြန်တယ်။
အင်း သူပဲ။

"ရဲတွေ လာ ပြီ! ရဲ .. ထယ်ယောင်း!!"

"ဟ ဟ ထင်သားပဲ မင်းကိုး!"

ထယ်ယောင်းဆိုတဲ့ ကောင်လေးက ရယ်သွမ်းစွက်သံဖြင့် ပြော‌တယ် ။ အသည်းအသန်ပြေးလာတဲ့အဖြူ‌ေရာင်  T shirt နဲ့ကောင်လေးက‌ေတာ့ သူ့ထံအပြေးလာလို့  သူ့ဘေးမှာပဲ ဒူးတုပ်ထိုင်ကာ သူ့တစ်ကိုယ်လုံးအား စစ်ဆေးတယ်။ အလိုမကျဟန် မျက်ခုံးလှလှလေးတွေအား ကျုံ့သွားလို့ လက်နှစ်ချောင်းနဲ့ ဖြေလျော့ပေးလိုက်ရင်  ချက်ချင်း ပုတ်ချခံရတဲ့ လက်တွေ။

WE {OS}Where stories live. Discover now