10:10

425 64 14
                                    

[Unicode]

ပထမဆုံးနှင်းကျချိန်တွေ မမြင်ဖူးတဲ့ကောင်လေးကို ပြောပြချင်မိပါတယ်....♪

အိပ်ချိန် နည်းလွန်းတဲ့ မင်းကို မနိုးရက်လို့ မင်းအစား မင်းကံကောင်းစေဖို့ ညဉ့်နက်တဲ့အထိ စောင့်ခဲ့ရတဲ့ ပထမဆုံးနှင်း ......

ဒဏ်ရာဒဏ်ချက်‌ေတွ ပြည့်နှက်နေတဲ့ ခန္ဓာကိုယ်ကို အနားမပေးနိုင်ဘဲ ဆောင်းလေအေးအေးထဲ ပထမဆုံးနှင်းပွင့်လေးတွေကို ဖမ်းစုပ်ပြီး မင်းအတွက် ဆုတောင်းပေးခဲ့တယ်ဆိုတာ.......

မင်းသိပါရဲ့လား ချစ်ရသူ....

ဒါပင်မယ့်လေ အမြဲတမ်း ကိုယ် တစ်ယောက်တည်း ဆုတောင်းခဲ့မိလို့ထင်ပါရဲ့ နောက်ဆုံးအချိန်ထိ ကိုယ်ဟာ နှင်းစက်တွေကြား မင်းအကြောင်း‌ေတွ တွေးရင်းတစ်ယောက်တည်းအထီးကျန်ခဲ့ရပြန်တယ်......

••••••••••••••••

"ဆေးလိပ်တွေ သောက်‌ေနပြန်ပြီ"

"နည်းနည်းပါ"

ထယ်ယောင်းကပြောလည်းပြော ၀ရံတာရှေ့ အလိုက်သိထွက်‌သွားလေတယ်.... ယခုထိတိုင် စိတ်ထဲနေလို့မကောင်းသေးတဲ့ဂျောင်ဂုက အမြဲ သက်ပျင်းတစ်ချချ..... တစ်ပတ် ဂျောင်ဂုထယ်‌ေယာင်း‌‌ေဘးမှာ‌ေနရင်း ထယ်ယောင်း အခြေအနေကို စောင့်ကြည့်နေတာ နှစ်ပတ်တောင်ရှိသွားပြီ....... ထယ်ယောင်းက ပုံမှန်လို ဆကိဆံနေပင်မယ့် သူ့စိတ်တွေက အမြဲလေးလံနေစဲပဲ....

ဒါ့ကြာင့် အကို့ကိုတောင် မဆက်သွယ်ဖို့ ပြောထားခဲ့သေးတာ.... သူ့အတွက်နဲ့ ထယ်ယောင်း ပျက်စီးသွားတာမျိုး တစ်ကယ်မလိုချင်တာမို့ ဂျောင်ဂုက ထပ်ပြီး ဒီလို ကိစ္စတွေ မဖြစ်အောင် ကြိုးစားလေတယ်....သို့သော် ဒါတွေက ထယ်ယောင်းအတွက် ပိုပြီး စိတ်ဒဏ်ရာဖြစ်စေခဲ့လေတယ်....

သနားလို့ အနားမှာ အရိပ်တစ်ကြည့်ကြည့် ကြည့်နေသူကို ထယ်ယောင်းမတားဝံ့၊ သူ့ကြောင့်နဲ့ မျက်နှာလေးငယ်သွားမှာစိုးတာမို့ ဒီအတိုင်းလေး အလိုက်အထိုက်နေခဲ့ပေမယ့် ဂျောင်ဂုက သူ့ကို တာ၀န်တစ်ခုလိုကြီးလိုကို ဆက်ဆံနေခဲ့တာ .... ကံရာကံရှင်က သတိမထားမိပင်မယ့် သူကတော့ သိနေခဲ့လေတယ်..... သူ့ကြောင့်နဲ့ တစ်ခုခု ဖြစ်သွားမှာစိုးတဲ့ကောင်လေးကက အမြဲ မျက်နှာမကောင်းလေတာ သူသိလေတယ်၊ အမြဲ တိတ်တိတ်လေး ချစ်သူနဲ့ ဖုန်းပြောနေတာလည်း သူသိနေခဲ့‌ေလတယ်

WE {OS}Where stories live. Discover now