7:7

557 66 19
                                    

[Unicode]

အိုး ချစ်ရသူရေ...

ဒီအတောအတွင်း.....

အဆေပြေပါရဲ့လား....

မနေ့ညက ထူးထူးဆန်းဆန်းအိမ်မက်တစ်ခု ....

ကိုယ်မက်လေတယ်...

ကိုယ့်ရဲ့ကြယ်လေးဟာ ကြွေကျသွားပြီတဲ့လေ...

ကိုယ်ရှိရာ အရပ်ကို မဟုတ်ပါဘဲ......

_______________

သုံးလကြာပြီးနောက်

"အချိန်တွေက ကုန်မြန်လိုက်တာ ကိုကြီးထယ်ယောင်းက တကယ်ပြန်မလာသေးဘူးလား~"

တန်းလန်းချထားတဲ့ ခြေထောက်လေးတွေကို လှုပ်ခါရင်း ဂျီမင်းက တိုးတိုးလေးရေရွတ်တယ်။ အရင်လို ကစားကွင်းသွားရင် အဖော်အဖြစ်ဂျောင်ဂုပါတက်ပင်မယ့် အခုတော့ ထိုသို့မဟုတ်တော့။ အချိန်တစ်ခုကြာသည်အထိ ဒန်းပေါ်ထိုင်နေရင်းမှ ဖြောက်တောက်ဖြောက်တောက်ကြယ်လေးတွေကို အကြောင်းမဲ့ငှေးကြည့်မိပြန်တယ်၊

အရင်လိုမတူညီတော့ စိတ်ခံစားမှုတွေမှာ စကားနားမထောင်တက်တဲ့ နှလုံးသားလေးက တစ်စုံတစ်ယောက်ကိုမြင်တိုင်း တစ်ဒိတ်ဒိတ်၊ ဒါ့ကြောင့် နှလုံး ဌာနကို ရွေးချယ်ပြီးယူခဲ့တာ ၊ အခု တစ်ကယ်လည်း ကိုယ့်ဘာသာပြန်ကုရတော့မည်ထင်။ ပိုင်ရှင်လေးဟာ ပေါ်လို့မလာသေးပါ။

"ညဘက်ကြီး တစ်ယောက်တည်းလားကောင်လေး"

အတွေးထဲ၀င်လာတဲ့မျက်နှာချောချောလေးက ဖြက်ကနဲ‌ေပျာက်သွားလို့ ဘေးနားက အရက်မူးသမားအသံက နားထဲ စူးကနဲ၀င်လာသည်။ ထပ်ပြီး ဒီလူ!

"ခင်ဗျား အရက်တွေသောက်လာရင် ကျွန်တော့်နားမကပ်နဲ့လို့!"

"ဟောဗျာ မကြာခင်ပဲ စေ့စပ်တော့မှာကို ‌ချေနေတုန်းလား , မဟုတ်မှ မဖြစ်နိုင်တဲ့သူကို သတိရနေပြန်တာလား ဟက်! "

"ခင်ဗျား!"

‌ဒေါသတွေထွက်ကာ နီရဲနေတဲ့ မျက်နှာနဲ့ ဂျီမင်းဟာ ဒန်းပေါ်က ဆက်ကနဲထထိုင်တော့ မထင်မှတ်စွာ ရှေ့ကို တိုးလာတဲ့လူရဲ့ မျက်နှာက နီးကပ်သွားလေတယ်၊ တစ် စင်တီမီတာလောက်ခြားတဲ့အကွာအဝေးမှာ အရပ်သိပ်မရှည်တဲ့လူနဲ့သူနဲ့က သိပ်မကွာလှတာမို့ နှာဖျားတွေထင် ထိကပ်တော့မည့်အလား၊ လရောင်အောက် ရှင်းလင်းစွာ မြင်လိုက်ရတဲ့ အသားဖြူဖြူ မျက်နှာဖွေးဖွေးရယ်၊ မှင်သေသေမျက်၀န်းတွေရယ်၊ ပိရိသေသပ်စွာ ပိတ်ထားတဲ့ နှုက်ခမ်းပါးတွေရယ်၊ ထိုသူပုံစံဟာ အကြည့်နဲ့တင် အခြားလူတစ်ယောက်အား ရှိန်နိုင်စွမ်းရှိသည်၊ သို့သော် ကံမကောင်းစွာ သူတော့မပါပေ။

WE {OS}Where stories live. Discover now