9:9

371 62 13
                                    

[Unicode]

"ထယ်...ထယ်...  ထဦး ဒီအတိုင်းကြီး အိပ်နေပြန်တာလား မင်းဟာလေ"

အချိန်အားဖြင့် ၁နာရီ၀န်းကျင်၊ အက်ကျသံမကြားရအောက် တိတ်ဆိတ်မှောင်မဲနေတဲ့ ဧည့်ခန်းထဲ ထယ်ယောင်းက ဆိုဖာရှည်ပေါ်မှာ ဖြစ်ကလက်စမ်းမှီတွဲထိုင်နေရင်း အိပ်ပျော်မှန်းမသိ အိပ်ပျော်သွားတယ်၊ အဲ့နောက် သူအသံတိုးတိုးလေးကြားရပြန်တယ်၊ သူ့ကို နိုးနေတာ၊ ဆူနေတာ ဒါဆို

"ဂျောင်ဂု~....."

"အင်း ငါ... နိုးပြီလား.... ထ ထဦး... ဘာစားပြီးပြီလည်းဟမ်"

"မင်း ဒီနေ့လည်း ပြန်မလာတော့ဘူးထင်နေခဲ့တာ"

‌အမေးနဲ့အဖြေ မကိုက်ညီစွာ ထယ်ယောင်းက ဂျောင်ဂု ပါးပြင်လေးအား လက်မဖြင့် ခပ်ဖွဖွလေး ပွတ်သတ်ရင်းဆိုတယ်၊ နီရဲနေတဲ့ မျက်အိမ်တွေ၊ ဖရိုဖရဲ‌ဖြစ်နေတဲ့ ဆံပင်ရှည်တွေ၊ မရိတ်တာကြာလို့ ရှည်လာတဲ့ မှုတ်ဆိတ်မွှေးတွေ ထယ်ယောင်းက တစ်ကယ်ကို အလဲလဲ အပြိုပြို ဖြစ်နေခဲ့လေတယ်၊

"ဘာလို့ ငါက ပြန်မလာရမှာ‌လည်း ... မင်းရှိနေတာကို... မင်းရှီသေချာပေါက် ပြန်လာမှာပေါ့ "

"အင်း ..."

ထယ်ယောင်းကပြုံးတယ် ၊ ပြီးတော့ မျက်ရည်တွေ ကျလာပြန်တယ်၊ သူတစ်ကယ် ရူးတော့မှာပဲ.....

"ကဲကဲ ထ ကလေးလည်း မဟုတ် အမြဲငိုနေတာပဲ၊ ငါမင်းကြိုက်တဲ့ အမဲစွပ်ပြုတ်လုပ်ထားပေးမယ်.... ဟုတ်ပြီလား"

"အင်း"

"သွားလေ... မျက်နှာသွားသစ်လေ "

"အင်း ......"

"ဟော ဘာဖြစ်နေတာလည်း တစ် အင်း အင်းနဲ့"

"ဟဟ မဟုတ်ပါဘူး ... ဒီအတိုင်း ကိုယ် ပျော်လို့ပါ..... ကိုယ်ခြေလက်‌‌ေဆးပြီး ပြန်လာခဲ့မယ်နော်"

ထယ်ယောင်းက ဂျောင်ဂုဆံပင်လေးအား ပွတ်သပ်ပေးရင်း အခန်းဆီထွက်လာလိုက်သည်၊ အခုမှ သူ့အသိပြန်ကပ်ပြီး စိတ်လည်း ပျော်ရွှင်နေခဲ့လေသည်။ ထိုသို့သော သဘောတကျ အပြုံးများနဲ့ တစ်ကိုယ်ရေ သန့်ရှင်း‌ေရး လုပ်နေတုန်း ဧည့်ခန်းမှာ ကျန်နေခဲ့တဲ့ သူ့ဖုန်းမြည်သံက ရုတ်တရပ်ဆူညံသွားပြန်တယ်

WE {OS}Where stories live. Discover now