4:4

641 94 7
                                    

[Unicode]

တစ်ခါတုန်းက စာရေးဆရာမကြီး fragile Lily ကဆိုတယ်မင်းရယ်....

မြှားနတ်မောင်တွေဟာလည်း မေ့လျော့ တက်ပါတယ်တဲ့.......

စုံတွဲတစ်ခုအတွက် မြှားနှစ်‌ေချာင်းအစား မြှားတစ်ချောင်းတည်းကိုသာ မေ့လျော့စွာ ပစ်တက်ပါတယ်တဲ့လေ ....

မြှားပစ်ခံထိဖို့ကျန်သွားခဲ့တဲ့သူကတော့ ကျန်ရစ်သူလို့‌ သူကဆိုလေတယ်...

မြှားနတ်မောင်တွေဟာ အပျင်းကြီးလေရောကွယ်..

ကိုယ်နဲ့မင်းရဲ့ ဇာတ်လမ်းမှာတော့ မြှားနတ်မောင်တွေ အပျင်းမကြီးဖို့ ကိုယ်သတိပေးလိုက်ချင်ပါတယ်.....

~~~~~~~~~~
သူ့အသက် ၂၂ ၊ ကောင်လေးက ၂၀

ဆေးကျောင်းအမှတ်မီသွားတဲ့ကောင်လေးက စာကိုလောဘကြီးသလို အစားမှာလည်းလောဘကြီးပါသည်။ လက်နှစ်ဖက်လုံးမအားလက်အောင် ရေခဲမုန့်က တစ်ဖက် ငှက်သိုက်မုန့်လေးကတစ်ဖက် ဂျိုင်းခြားထဲ အားလူးကြော်အဝါထုပ်ကြီးတစ်ထုပ်ကိုလည်း ညုပ်ထားသေးသည်။ အဝါရောင် ချည်သား အကျီ ၀မ်းစက်၀တ်ထားတဲ့ကောင်လေးက သေးသွယ်တဲ့ ခြေတံလှလှလေးတွေကိုလည်း ဖော်ထားပါသေးသည်။ ဒူးဖုံးဘောင်းဘီတိုက အရမ်းကို တိုလွန်းပါသည်‌ေလ။

"ထယ်ယောင်း! စားဦးမလား"

မျက်နှာရှေ့ရောက်လာတဲ့ အအေးငွေ့ရိုက်နေဆဲ ရေခဲမုန့်ကတော့ချွန်တစ်ခုနဲ့အတူ ကောင်လေးရဲ့အပြုံးတွေဟာလည်း အေးမြလန်းစမ်းနေခဲ့တယ်။

"တော်ပြီ... ဒါနဲ့ ... ကိုယ်တို့ပြန်ကြတော့မလား~"

"ဟာ မပြန်သေးဘူးနော် လုံး၀ဘဲ! "

"ဟုတ်တယ်လုံး၀ဘဲ‌ေနာ်! ဒီမှာ ကိုကြီးထယ်ယောင်း ဒီနေ့က ကျွန်တော်တို့အောင်ပွဲခံရမယ့်နေ့နော်~ ကလပ်မသွားဘဲ ဒါနဲ့ကျေနပ်‌ေနတာပဲ ကျေးဇူးတင်လိုက်ပါနော်~ လာသွားမယ်ဂျောင်ဂု "

ထယ်ယောင်းစကားမဆုံးသေး ဂျောင်ဂုဘေးက ဟောဒီအပြာရောင်အပွကြီးနဲ့ ပုလုံးလုံးကောင်လေးက သူ့အား ရန်တွေ့ပြီး သရဲရထားစီးဦးမယ်ဆိုတာ ထပ်ပြီး ထွက်သွားလေရဲ့အပေါင်းအသင်းနည်းတဲ့ဂျောင်ဂုက ထိုဂျပုလေး‌ကို ခင်တွယ်ရှာပါတယ်၊ ဂျပုလေးတို့လို ချမ်းသာတဲ့ သားသမီး‌ေတွအတွက် ကစားကွင်းက အိမ်ဦးကြမ်းပြင်ဖြစ်‌ေကာင်းဖြစ်နိုင်ပင်မယ့် ဂျောင်ဂုနဲ့ သူ့အတွက်ကတော့ ပထမဆုံးဆိုတာ ဂျပုလေး ဂျီမင်းသိအောင်ပြောပြလိုက်ချင်ပါတယ်၊

WE {OS}Where stories live. Discover now