5:5

667 80 5
                                    

[Unicode]

ကြည်လဲ့နေတဲ့

မင်းရဲ့ မျက်၀န်းတစ်စံုအောက်က

ထောင်ပေါင်းများစွာ တောက်ပနေတဲ့
ကြယ်အစုအဝေးတွေအား

ငေှးကြည့်လို့

ကိုယ်တိုင်တည်မယ်

မင်းဟာ ကိုယ့်အပိုင်ဖြစ်လာပါစေလို့......

__________________________

"အား တော်ပြီ ဆက်မစားနိုင်တော့ဘူး"

ဂျောင်ဂုက တစ်ချက်ညီးညူတယ်၊ ကစားကွင်းကအပြန် ဟယ်ရီက ဂျောင်ဂုနဲ့ပါ ရင်းနီးချင်လို့ဆိုကာ တစ်ဝိုင်း၀ယ်ကျွေးလေတယ်၊ ဟန်မြစ်အထိလာကာ လေတစ်ဖြူဖြူးတိုက်မယ့်ဆိုင်အားရွေးလို့ ဝိုင်းဖွဲ့ကာ စားသောက်ခဲ့ကြတယ်၊ အစားများလို့ ဗိုက်အစ်လာတာ‌ေကြာင့်ကော ၊ကစားကွင်းကပင်ပန်းတဲ့ ဒဏ်‌ေတွကြောင့်ပါ ဂျောင်ဂုနဲ့ဂျီမင်းက လေကတစ်ဖြူဖြူးအ‌ေ၀ှ့မှာ မျက်လုံးတွေကပါစင်းကျချင်လာတယ်၊

"ငါလိုက်ပို့ပေးမယ်"

"ဟင့်အင် လမ်းလျှောက်ဦးမှာ!"

ဂျောင်ဂုကငြင်းတယ်၊ ကလေးတစ်ယောက်က သူ့မုန့်ကို တစ်ခြားတစ်ယောက်လုစားမှာကိုမကြိုက်သလို ဂျောင်ဂုဟာလည်း ထယ်ယောင်းနား အရမ်းကပ်‌ေနတဲ့ ဟယ်ရီ့ကိုကြည့်မရေပေ ၊ ဒါကို ကြိပ်ပီတိဖြစ်ရသူက ထယ်ယောင်းသာ။

"ကိုယ်တို့လမ်းလျှောက်ပဲ ပြန်လိုက်‌ေတာ့မှာမို့ ဟယ်ရီက ဂျပုလေး အဲ ဂျီမင်းကိုသာ ကိုယ့်အစား လိုက်ပို့ပေးလိုက်နော်"

ကမ်းလှမ်းမှုကို ရိုးရိုးလေးပဲ ထယ်ယောင်းက ငြင်းတယ်၊ ဟယ်ရီက ထပ်အထွန့်မတပ်လိုခဲ့ဘူး၊ လက်ခံသဘောတူလို့ ဂျီမင်းဆိုတဲကောင်လေးအား လိုက်ပို့ပေးခဲ့တယ်၊ လမ်းတစ်လျှောက် အရမ်းစပ်စူတဲ့ ထိုပုလုံးလေးက သူ့ဘယ်ကလာလည်း သိသွားပြန်တော့ အံဩစွာပါးစပ်လေးဟလို့ ဓါတ်ပုံတူတူရိုက်ဖို့ ထပ်ပြီး မဲစွယ်ပြန်တယ်၊

~~~~~~~~~
"ဒါဆို အဲ့ဟယ်ရီက တကယ် ၀န်ကြီးချုပ်ရဲ့သားလား"

အပြန်လမ်းတစ်ခုမှာ ထယ်ယောင်း ကျောပေါ်ဖတ်သွယ်ထားတဲ့ဂျောင်ဂုကမေးလာတယ်၊ အပျင်းလေးက ဂုန်းပိုးဆိုလို့ ချီပိုးခေါ်လာရတဲ့ထယ်ယောင်းက ကိုက်ခဲနေတဲ့ ဒဏ်ရာရဲ့နာကျင်မှုကို တစ်ချက်တောင် မငြီးငြူခဲ့ပေ၊

WE {OS}Where stories live. Discover now