[Unicode]
အရာရှိ ကင်မ် နှင့် ဒေါက်တာ ဂျွန်တို့ စေ့စပ်ထိမ်းမြားခြင်း
အပြာနုရောင်ဟောခန်းကြီးထဲ ပျော်ရွှင်မှုအေပါင်း သိုက်ဝိုင်းနေတဲ့ စေ့စပ်ပွဲကြီးထက်မှာ လတ်မှတ်ထိုးသူနှစ်ဟာ အပြုံးတွေကိုစီ ၊ အသိသက်သေ အဖြစ်လက်မှတ်ထိုးသော ထယ်ယောင်းကို ဂျောင်ဂုက နှစ်ခြိုက်စွာပြုံးရင်းရှိပြန်တယ်၊ ထယ်ယောင်းဟာလည်း ဂျောင်ဂု ဆံပင်တွေအား ဖွကာ ထပ်တူ အပြုံးတွေ ဝေဆာပေးခဲ့တယ်၊
အဲ့နောက် အသိအမှတ်ပြုတဲ့အနေနဲ့ ညနေခင်းမှာ စားသောက်ပွဲကျင်းပကြလေတယ်၊ ကိုယ်စီ အပြုံးတွေနဲ့ပင်မယ့်
ခန်းမရဲ့အေပါ်ထပ် ၀န်ရံတာမှာ ဟန်မြစ်ဘက်မျက်နှာမူပြီး မတ်တပ်အနေထားနဲ့ နံရံကို မှီရင်း ဝိုင်သောက်နေတဲ့ လူတစ်ယောက်လည်း ရှိလေတယ်၊ထိူသူဟာ အမဲရောင် suitနဲ့ ခန့်ညားနေပင်မယ့် မျက်၀န်းတွေဟာ ဆွေးမြှေ့နေခဲ့ပြန်တယ် ၊ ငိုချင်တာကို ထိန်းထားလို့ မျက်အိမ်တွေနီရဲနေတဲ့ ထိုလူသားဟာ ဝိုင်ခွက်ကို ပါးစပ်နားတေ့ရင်း အဆုံးမရှိတဲ့ ဟန်မြစ်ကြီးကို ငှေးကြည့်နေပြန်တယ်၊ လေတဟူးဟူးမှာ ထယ်ယောင်းရဲ့ ဆံပင်တွေက တစ်လွှင့်လွှင့် ၊ အသိမဲ့သူလို ရပ်နေတဲ့ ထယ်ယောင်းက အပြုံးဖျော့ဖျော့လေးဆင်မြန်းရင်း နှလုံးသာဟာတော့ ဗလာကျင်းနေခဲ့လေတယ်......
ဒီလိုနဲ့စေ့စပ်ပွဲက ဖြစ်မြောက်စွာ ပြီးသွားလေတယ်၊ ထယ်ယောင်းက ချွတ်ထားတဲ့ ကုတ်အကျီကို ပခုံးပေါ်တင်ရင်း လက်တစ်ဖက်နဲ့ နောက်ပြန် ကိုင်ကာ တစ်ဖက်က ဝိုင်ပုလင်းနဲ့ အဆုံးမရှိတဲ့ အိမ်ပြန်လမ်းတွေကို တစ်ယောက်တည်း စတင်ခဲ့ရပြန်တယ်၊
ဂုဏ်ပြုပါတယ် ချစ်ရသူ........
ကိုယ်ဟာ ..........
မင်းပျော်နေရင် အဆေပြေတာမို့........
မင်းကတော့ သေချာပေါက် ပြုံးနေပါ............
______________________
October 1 (ဂျောင်ဂု ပညာတော်သင် မထွက်မှီ တစ်ရက်အလို)
မြို့ပြင်က တိုက်အိမ် အဟောင်းကြီးထဲ အမဲရောင်တိုက်ခိုက်ရေး အကျီတွေနဲ့ လူတစ်စုက သေနတ်တွေကိုယ်စီနဲ့ သတိအနေထားဖြင့် တစ်ခုခုကို လိုက်လှန်ရှာဖွေနေတယ်၊

YOU ARE READING
WE {OS}
Romansaဆွဲမထားရက်ဘူး မင်းရယ် ... မင်းဟာပျော်ရွှင်နေတာမို့ #sadromance #one side love #taekoo