[Unicode]
"တော်တော့ မင်းသောက်တာ အရမ်းများနေပြီ... သောက်နေကျလည်း မဟုတ်ဘဲ အကုန် ရှော့ဖြစ်ကုန်မယ်!"
ဟယ်ရီက ပြောလည်းပြော နောက်ပုလင်းထပ်ကိုင်ကာ မော့နေတဲ့ ထယ်ယောင်းလက်ထဲမှ ၃ဗူးမြောက် ဘီယာပုလင်းအား ဆွဲယူကာေပြာတော့ ထယ်ယောင်းက ဘာမှတော့မပြောဘဲ လက်ခံလေတယ်၊ အဲ့နောက် ဆိုဖာအားမှီးရင်း ခေါင်းငိုက်စိုက်ကြကာ ငိုပြန်တယ်၊ လက်ထဲမှာလည်း ခပ်သေးသေး ဗူးလေးတစ်ဗူးအား ကိုင်ဆောင်ထားေသးသည်
"ငါ နောက်ကျသွားပြီ ထင်တယ် ဟယ်ရီ.. "
ထယ်ယောင်းက ထိုဗူးလေးအား ကြည့်ကာဆိုတယ် ၊ မျက်ရည်တွေ ထူထပ်နေတဲ့ မျက်နှာမှာ သွေးထွက်နေတဲ့ နှုက်ခမ်းပါးကလည်း ယောင်နေသလို ဂျောင်ဂုထိုးလိုက်တဲ့ မျက်နှာတစ်ဖက်ဟာလည်း အနည်းငယ်ညိုနေခဲ့သည် ၊ ဒါ့အပြင် အရက်ရှိန်ကြောင့် မျက်နှာတစ်ဖက်ကလညါး ခပ်ရဲရဲဖြစ်နေကာ မျက်အိမ်တွေပင် ရဲတက်နေ
ေလသည်။"ငါလေ ... ငါ .... "
"............"
"အကြာကြီး အေ့.... ဟိုး အကြာကြီးထဲက စောင့်နေခဲ့ရတာ... အခုတော့များ ဟဟ...."
"........."
"ဟား ဟား အခုတော့များ သက်ဆိုင်သူ ရှိသွားပြီတဲ့လား.... ဟ ဟ ရယ်ရလိုက်တာကွာ...."
"ခင်ဗျားရယ်..."
ရယ်လိုက် ငိုလိုက် ဖြစ်နေသူအား ကြည့်ကာ ဟယ်ရီက မချင့်မရဲဆိုရင်းဘယ်လိုနှစ်သိမ့်ပေးရမလည်းမသိခဲ့ပေ။ အချစ်တွေဟာ နက်ရှိုင်းတဲ့အခါ ဒဏ်ရာတွေဟာလည်း ခက်နက်နက်ဖြစ်ခဲ့ပုံပင်
"အာ မင်း ဟိုကောင့်အကြောင်း စုံစမ်းပေးပါဦး အေ့.... သူက အခုတစ်လောနာမည်ကြီးနေတဲ့ ရဲအရာရှိမှတ်လား! တော်ကြာ ငါတို့ကြောင့် ကပ်တယ်ဖြစ်နေမှ ငါ့ကောင်လေး ငိုနေလိမ့်မယ်....."
"ကျစ် မင်း အခုထိ သူ့ကို စိတ်ပူနေတုန်းလားဟမ်! မင်းတစ်ကယ်ရူးနေပြီ!"
"ဟဟ ......မင်းမသိပါဘူးကွာ...."
တိုးဖြဖြလေး တိုး၀င်သွားတဲ့လေသံနောက် မျက်ရည်တွေကြားက ထယ်ယောင်းက ခပ်ဖွဖွလေးပြုံးတယ်....
^ ဂျွန်ဂျောင်ဂု ^ ထိုပိုင်ရှင်လေး သူသိပ်ချစ်ရတဲ့ ကောင်လေး ....အမြဲတမ်း သူပဲ ပိုင်ဆိုင်ရမယ်လို့ ထင်ခဲ့မိတဲ့ သက်ရှိလေးတစ်ခုပေါ့......

YOU ARE READING
WE {OS}
Romantizmဆွဲမထားရက်ဘူး မင်းရယ် ... မင်းဟာပျော်ရွှင်နေတာမို့ #sadromance #one side love #taekoo