6:6

636 76 20
                                    

[Unicode]

နှင်းတွေဟာ မြိုင်တယ်

အပြုံးတွေဟာ ချိုတယ်

ပထမဆုံး ရင်ခုန်သံလေးမို့ထင်

တိုးဝှေ့တိုက်ခိုက်တက်တဲ့ လေပြေတွေလိုမျိုး

နူးနူးညံ့ညံ့လေးရယ်သာ......

_______________

"ကိုယ်တကယ် စိတ်ချမယ်နော်~"

"ဟော စိတ်ချပါဆိုကွာ! "

"အင်းအင်း... အပြင်စာတွေလည်း အရမ်းစား‌မနေနဲ့ဦးနော်..."

"အင်းပါ သိပါပြီလို့ဆိုနေ!"

"အင်းအင်း... အာ ရေခဲသေတ္တာထဲက ..."

"ကဲ!"

ဂျောင်ဂုက လက်နှစ်ဖက်အား စိတ်မရှည်စွာ ပိုက်ချလိုက်တယ်၊ luggage အိတ်ကြီး တစ်ကားကားနဲ့ အိမ်ပေါက်၀ကနေ မသွားနိုင်သေးဘဲ အမှာတော်ခြွေနေတဲ့ ‌ထယ်ယောင်းဟာ ဂျောင်ဂု အမြင်မှာတော့ ခရီးသွားခါနီး စိတ်မချလို့ အမှာတော်ပါနေတဲ့ ဗျစ်‌ေတာက်ဗျစ်တောက်ပြောတက်တဲ့ အဖွားကြီးတွေလို။

ဒီလိုဆိုတော့၊ တကယ်ခရီးမသွားဘူးလားလည်းမဟုတ်၊ ခရီးဟာ တစ်လတိတိကြာမှာဖြစ်ပြီး ထယ်ယောင်းအတွက် ဂျောင်ဂုနဲ့ပထမဆုံး ခွဲခွာချိန် အကြာဆုံးပေါ့၊ mission က နိုင်ငံအဖျားစွန်းကြပြီး လေလံပွဲအမှီ စိန်တွေ ခိုးကြမှာမို့ တစ်လထက်ကို ပိုနိုင်သည်။ အန္တရာယ်လည်းများနိုင်သည်။ ဒါ့အပြင် လိုင်းတွေကလည်း မိမမိမသေချာ ၊ ထိုသည်ကြောင့် ထယ်ယောင်းဟာ အခန်းခွဲမအိပ်ချင်တဲ့ ကလေငယ်လေးလို ဂျောင်ဂုနားက မသွားနိုင်ဘဲ တအီတအီနဲ့ စိတ်မချဖြစ်နေလေသည်။

"ဒါဆိုကိုယ်သွားပြီနော်....."

"Long time no see ချာတိတ်..."

၈လွှာတိုက်‌ေတွ သုံးခုလေးခုလောက်ရှိမယ့် ခြံ၀န်းကြီးတစ်ခုထဲ ကားအနက်တစ်စီးဟာ ၀င်လာပြီး ထိုကားပေါ်ကနေ ပြုံးကာ နှုက်ဆက်လိုက်သူက အီတလီနိုင်ငံသား ဟယ်ရီပင်၊ ဒါကို ဘာ အလိုမကျသွားလဲ မသိတဲ့ ဂျောင်ဂုဟာ ‌ထိုအခါမှပဲ ထယ်ယောင်းအနားကပ်လို့ မှာကြား ပြောကြား နေတဲ့စကား‌ေတွက များပြားလာလေတော့သည်။

WE {OS}Where stories live. Discover now