အပိုင်း-4

3.2K 387 28
                                    

Blue markရထားတဲ့အန်တီမယ့်ရဲ့အကောင့်ဟာ မှူးရဲ့အကောင့်လ်ု့fri လေးငါးဆယ်သာရှိတဲ့ခြောက်ကပ်ကပ်အကောင့်နဲ့များတစ်ခြားစီ အန်တီမယ့်မှာFollower သန်းဂဏာန်းထိရှိပေမဲ့ following နေရာမှာ၂ယောက်သာရှိသည် မှူး ဝင်စပ်စုမိတော့ မှူးနဲ့ အရှေ့ခန်းကအဒေါ်ကြီးရဲ့accပင်

*အန်တီမယ်ကအဲ့အဒေါ်ကြီးနဲ့ရင်းနှီးတာလား အေးပေါ့ သူတို့အနုပညာလောကကလူအချင်းချင်းရင်းနှီးမှာပေါ့*

မှူး စပ်စုချင်စိတ်ဝင်လာတာမို့ တိမ်လွှာမို့မို့လွင်ဆိုတဲ့အဒေါ်ကြီးaccကိုဝင်စပ်စုမိသည်
မှူး postတစ်ခုတင်လျှင်reactဆယ်ခုမကျော် ထိုအမျိုးသမီးရဲ့postတိုင်းမှာတော့likeတွေcomments တွေဗြောင်းသတ်နေသည် အန်တီမယ့်accထဲက reactတွေထပ်တောင်သာသေးသည်

'Tong'

မှူးဖုန်းကြည့်နေတုန်းဝင်လာတဲ့စာတစ်စောင် အန်တီမယ့်ဆီကပင်

-ကလေး ဘာလုပ်နေလဲ
-ပျင်းလို့ဖုန်းကြည့်နေတာအန်တီမယ်
-တို့ ကလေးဖုန်းကြည့်နေတာကိုနှောက်ယှက်မိသလိုများဖြစ်သွားလား
-ဘယ်ကသာ အန်တီမယ့်ဆီကလာတော့မယ်ကပျော်သွားတာ နောက်မို့ဆို မှူးတစ်ယောက်ထဲပျင်းနေရမှာ
-တို့ရောက်လာတာမှန်သွားတယ်ပေါ့
-ဟုတ်
-တို့ ဖုန်းခေါ်လိုက်လို့ရလား တို့လက်ကလက်သည်းအရှည်တွေတပ်ထားတော့သိပ်ပြီးစာရိုက်ရအဆင်မပြေလို့
-ဟုတ် ခေါ်လိုက်လေ အန်တီမယ်

'ဟယ်လို'
'ဟုတ် အန်တီမယ်'

မှူး ဟုတ် အန်တီမယ်လို့ထူးလိုက်တော့ တစ်ဖက်ဖုန်းဆီကအန်တီမယ်ကတခစ်ခစ်နှင့် ဘာတွေကိုသဘောကျပြီးရယ်နေလဲမသိ

'ရီနေတာလားအန်တီမယ်'
'ရီတာရယ်တော့မဟုတ်ပါဘူး သဘောကျလို့ပြုံးမိသွားတာပါ'
'ဘာကိုလဲ'
'ကလေးအသံက တကယ့်ကလေးအသံလေးအတိုင်းပဲ'
'မဟုတ်ပါဘူးအန်တီမယ်ရာ မှူးအသံကညှက်စိညှက်စိနဲ့အမြင်ကပ်ဖို့ကောင်းတယ်'
'မဟုတ်တာကွယ် တကယ်ချစ်စရာလေးကို ဒါနဲ့ကလေး ညစာစားပြီးပြီလား'
'ဟုတ် အန်တီမယ် အန်တီမယ်ရော'
'တို့က ညစာမစားဘူးကွဲ့'
'ဟင် ဘာလို့လဲ'
'Diet လုပ်နေရလို့'
'အန်တီမယ်ကပိန်ပိန်လေးပဲဟာကို မချပါနဲ့လား အရမ်းပိန်လွန်းရင်မကောင်းဘူးလေ'
'Ceo ရဲ့ညွှန်ကြားချက်မို့လွန်ဆန်လို့မရဘူးလေကွယ်'
'သူအငတ်မနေရတိုင်းသူများအန်တီမယ်ကို ဟွန့်'
'သူများအန်တီမယ်?'
'မှူးစိတ်တိုသွားလို့သူများအန်တီမယ်ဆိုတဲ့အသုံးနှုန်းကိုသုံးမိတာ တောင်းပန်ပါတယ်'
'ဟင့်အင် မတောင်းပန်နဲ့ တို့သဘောကျတယ် တို့ကို ကလေးရဲ့အပိုင်လိုပုံစံမျိုးနဲ့သုံးနှုန်းတာကိုတို့သဘောကျတယ်'
'ဒါဆိုနောက်လဲ မှူးရဲ့အန်တီမယ်လို့သုံးမယ်နော်'
'ကောင်းပါပြီရှင့်'
'ဒါနဲ့ အန်တီမယ်မှူးဆီမလာတာ ၃ပတ်လောက်ရှိနေပြီနော်'
'ဟုတ်တယ် ဟိုတစ်လောကတို့အပြစ်လုပ်ထားတော့ ceo ကအပစ်ပေးထားတာ'
'ဘယ်လိုအပစ်လဲ'
'အသံသရုပ်ဆောင်အဖြစ် ၂ကားဆက်တိုက်အနုပညာကြေးမယူပဲရိုက်ရမယ်ဆိုပြီးတော့လေ အဲ့တာ အသံသွင်းမဲ့ camp မှာပဲနေပြီးလုပ်နေရတာ. အပြင်လဲမထွက်ရဘူးရယ် အဲ့တာကြောင့်ကလေးဆီမလာဖြစ်တာ'
'ဘယ်လို ceo လဲ အဲ့လူကိုတွေ့လို့ကတော့ပြေးဆွဲထိုးလိုက်မယ်'

Lovestop(Complete)Where stories live. Discover now