"gyuvin မင်းဟိုတလောက အင်တာဗျူးတဲ့ ကုမ္ပဏီက ဘယ်လိုလဲ''သုံးယောက်စပ်တူ ဖွင့်ထားတဲ့ ကော်ဖီဆိုင်မှာ သူငယ်ချင်းသုံးယောက်ထိုင်ပြီး စကားပြောနေတုန်း အင်တာဗျူးခဲ့တုန်းအကြောင်း ပြောလာတာကြောင့် သက်ပြင်းသာချမိသည်။
"ငါနောက်ထပ် ကုမ္ပဏီ တစ်ခုရှာနေတယ်''
"ဟမ် ဘာလို့လဲဟ...မင်းပြာတော့ အဲ့ကုမ္ပဏီမှာ အလုပ်ဝင်ချင်တာပါဆို"
gunwook ရဲ့အမေးကို taerae ကလည်း သိချင်တဲ့ အကြည့်နဲဲ့ ကြည့်နေတာကြောင့်
"ဟူး.... ဒီလိုကွ အဲ့နေ့က ငါကစောရောက်သွားတာကွာ အင်တာဗျူးမဲ့ နေရာကို မေးပြီး သွားတာပေါ့။ဖြစ်ချင်တော့ ငါကဘယ်နဲ့ညာမှားသွားမိတာ မှားနေလို့ ပြန်လှည့်ဖို့လုပ်တုန်း အခန်းထဲကအသံကြားတာကြောင့် စိတ်ထဲမလင်တာနဲ့ လှမ်းကြည့်မိတာ။ GMဖြစ်လောက်မယ်ထင်တဲ့တစ်ယောက်က ကောင်လေးတစ်ယောက်ကိုကွာ အားရပါးရအော်ငေါက်နေတာ သူကြည့်ရတာ တော်တော်ဒေါသထွက်နေပုံဘဲ ပြီးတော့ ကောင်လေးမျက်နှာလဲ ဒဏ်ရာတွေနဲ့ကွ''
အကြောင်းသိနေသော သကောင့်သားနှစ်ကောင်က ခေါင်းတညိမ့်ညိမ့်လုပ်ကာ စကားကိုဝင်ထောက်ပေးသည်။
"အဲ့တော့ မင်းကဝင်ကူညီလိုက်တယ်ပေါ့''
"ငါလည်း phထုတ်ပြီး videoရိုက်ထားလိုက်တာပေါ့ကွ ကောင်းလေးကို ထပ်ထိုးမယ်လုပ်တော့ ငါလည်းphပိတ်ပြီး အခန်းထဲဝင်သွားတာပေါ့ကွ ''
"ဘာဆက်ဖြစ်လဲ''
Flashback
"ဟေ့လူ ခင်ဗျရပ်လိုက် ''
"မင်းကဘယ်သူလဲ ဘာလို့ဝင်လာတာလဲ တာဝန်မှအပ အပြင်လူမဝင်ရလို့ရေးထားတာ မမြင်ဘူးလား"
လူမိလို့လန့်နေတဲ့ရုပ်ကို ထိန်းကာ gyuvin သူကိုပြန်ဖြဲနေသောလူကို ထိုနေရာမှာ ထိုးပစ်ချင်လာသည်။
"အဲ့တာက အရေးမကြီးပါဘူး ခင်ဗျသာ လူတစ်ယောက်ကိုဘာလို့ နှိပ်စက်နေတာလဲ ကြီးနိူင်ငယ်ညင်းလုပ်နေတာလ"
gyuvinအခန်းထဲဝင်သွားတော့ ကောင်လေးမျက်နှာမှာ ကူညီပေးတာကျေးဇူးတင်တဲ့ အကြည့်နဲ့ကြည့်လာသည်။
YOU ARE READING
Love Equation Pain
Fanfictionကိုယ်ကသူ့ကိုအချစ်တွေပေးရင် သူကအချစ်တွေနဲ့ညီမျှတဲ့ နာကျင်မှုတွေ ကိုယ်ကိုပေးလည်း မျက်ရည်တွေကျရလောက်တဲ့အထိ သူကိုချစ်တယ်