အိမ်ရှေ့မှာပဲချပေးထားခဲ့ပြောလည်းမရ။
ဒီအချိန်ဆို ဒယ်ဒီပြန်ရောက်နေလောက်ပြီ။လက်ကိုလာလာတွဲနေတဲ့ gyuvin ကြောင့် ricky ထိုင်ငိုချင်လာသည်။ဒယ်ဒီတို့တွေ့သွားရင် နည်းနည်း ကသိကအောက်တော့ဖြစ်တယ်လေ။"အဟမ်း...."
ဧည့်ခန်းထဲကိုချောင်းနေတုန်း အနောက်ကနေ ချောင်းဟန့်သံကြောင့် မဟုတ်တာလုပ်ထားတဲ့ ricky ကတော့ တုန်တက်သွားသည်။ဘေးနားက gyuvin ကတော့ ခပ်ပြုံးပြုံးပဲ။
"ဟီး.... ဒယ်ဒီ ပြန်ရောက်နေပြီလား"
"လာကြ ထိုင်ပြီးပြောကြတာပေါ့"
ဒယ်ဒီနဲ့ ပါးပါးမျက်နှာချင်းဆိုင်မှာ သူတို့နှစ်ယောက်ဝင်ထိုင်လိုက်သည်။ဆိုဖာခုံအကျယ်ကြီးကို သူ့ဘက်ဇွတ်တိုးနေတဲ့ gyuvin ကြောင့် ပေါင်ကိုဆွဲလိမ်ရသေးသည်။ဒယ်ဒီရှေ့တော့ အေးဆေးနေပါ Kim gyuvin ရယ်။
"နေ့ခင်းက ရုံးချိန်မှာ နှစ်ယောက်သား ဘယ်ပျောက်သွားတာလဲ"
"ဟိုလေ ဒယ်ဒီ အဲ့တာက.... "
" ကျွန်တော်အိမ်ကိုခေါ်သွားတာပါ"
"ဘာ!!!"
gyuvin စကားကိုဘယ်လိုပြောနေတာတုန်း ရှင်းရှင်းပြောမရဘူးလား ဒယ်ဒီအော်သံကြောင့် ricky မှာ အသက်တောင်ကောင်းကောင်းမရှုရဲ။
"ငါ့သားဘာလုပ်ဖို့အိမ်ကိုခေါ်သွားရတာလဲ"
"ဗျာ ကျွန်တော်က baby ....အဲ ricky အအေးပတ်မှာဆိုးလို့ အိမ်ကိုခေါ်သွားပါ"
"သားကို အိမ်ခေါ်လာလည်းရတာပဲကွ"
"Ricky ဟာကသေးတယ်လေ.... "
"ဟမ်?"
"gyuvin ဘာတွေပြောနေတာလဲ"
အရှေ့က ယောက္ခဖြစ်သူနှစ်ယောက်ရဲ့ မျက်နှာထားက တဖြည်းဖြည်းတင်းလာတာကြောင့် ricky ဘက်လှည့်ကာ အကူညီတောင်းသလိုကြည့်တော့ ခပ်ရဲရဲမျက်နှာလေး။
"ဟို ဦးလေး ကျွန်တော်ပြောတာကလေ baby ခါးဆိုဒ်က သေးတယ်လေ ကျွန်တော်နဲ့ကျ သေးနေမှာ အဲ့တာကိုပြောတာပါ"
"အစကတည်း ရှင်းရှင်းပြောလို့မရဘူးလားကွာ"
"ဟုတ်ရပါတယ် ပြီးတော့ ကျွန်တော်မှာပြောစရာရှိပါတယ် ricky နဲ့ ကျွန်တော် ဒီနေ့ကစပြီး တွဲနေကြပါပြီ"
YOU ARE READING
Love Equation Pain
Fanfictionကိုယ်ကသူ့ကိုအချစ်တွေပေးရင် သူကအချစ်တွေနဲ့ညီမျှတဲ့ နာကျင်မှုတွေ ကိုယ်ကိုပေးလည်း မျက်ရည်တွေကျရလောက်တဲ့အထိ သူကိုချစ်တယ်