ရုံးပြန်ဖွင့်တာသုံးရက်ရှိပင်မဲ့ ခွင့်တောင်မတင်တဲ့gyuvinကြောင့် rickyမှာနေမရထိုင်မရနဲ့။ဒီနေ့ တော့ ဌာနမှုးပြောတာသူအလုပ်ပြန်ဆင်းမယ်တဲ့။ အရင်က သူထပ်ကြိုရောက်နေတဲ့ kim gyuvin က ဒီနေ့၉နာရီကျော်သည်အထိရောက်မလာသေးပါ။လမ်းမှာများတစ်ခုခုဖြစ်နေတာများလား။အလုပ်ဆင်းမှာတော့ သေချာပါတယ်နော်။
"kim gyuvin ဒါကဘယ်လိုပုံစံဖြစ်နေတာတုန်း အလုပ်ချိန်ကိုဘာလို့မီအောင်မလာတာလဲ"
ဌာနမှုးအသံကြောင့် ricky လှမ်းကြည့်လိုက်တော့ အရင်ကဆို လုံးဝတက်ကြွနေတဲ့လူက အခုကျ အရက်နာကျထားသလို မျက်လုံးတစ်ခုအစ်မို့နေပြီး ခေါင်းစုပ်ဖွားနဲ့အလုပ်ရောက်လာတဲ့
gyuvinကို ကြည့်ရင်း ricky အရင်ရက်က ပါးပါးပြောတာပြန်ကြားယောင်ကာ gyuvin ကိုကြည့်လိုက်တော့ သူကို ဆုံးရှုံးရတော့မဲ့အရာလေးတစ်ခုလို နင့်နင့်သည်းသည်းကြည့်ကာ မျက်ရည်တွေဝိုင်းလာတဲ့ gyuvinကြောင့် ricky အမြန်အကြည့်လွှဲလိုက်သည်။"ကျွန်တော်တောင်းပန်ပါတယ် ဌာနမှုး နောက်တစ်ခါမဖြစ်စေရပါဘူး"
"အေးအေးသွားတော့နေရာကို ကိုယ့်ကိုကိုယ်လည်း ပြုပြင်အုံး"
ဒယ်ဒီပြောသလိုပဲ အချစ်တွေထပ်တူကြရင် သူနဲ့gyuvin ကတကယ်ပျော်ရမှာလား။ပိုင်ဆိုင်ပြီးမှတော့ ricky လုံးဝလက်လွှတ်မပေးချင်တော့ပါ။
"ricky နေ့ခင်းစားပြီးရင် ခေါင်မိုးထပ်မှာ စကားခနပြောလို့ရမလား"
အရူးတစ်ယောက်လိုမျက်နှာထားနဲ့ သူကိုကြည့်ပြီးပြောလာတဲ့ gyuvin ကြောင့် သူအမြန်ခေါင်းညိမ့်ပြလိုက်သည်။မပြလို့လဲမရဘူး အဖွဲ့မှုးpark က မျက်လုံးရွဲဲကြီးတွေနဲ့ လှမ်းလှမ်းကြည့်နေတာ ခနခန။ကြာတော့ လူကလန့်လာပြီလေ။
အပေါ်ထပ်ခေါင်မိုးထပ်ကို gyuvin တက်သွားပြီးခနလောက်ကြာမှ ricky တက်လာလိုက်သည်။ဒါတောင် အဖွဲ့မှုးpark ကိုသူ့မှာမနည်းရှောင်ရှားလာရတာ။
"ဘာပြောစရာရှိလို့လဲ gyuvin"
သူ့ကိုမမြင်ဖူးသလို စိုက်ကြည့်နေတဲ့ gyuvinကြောင့် ricky မှာ နှလုံးခုန်သံတွေ သူကြားမသွားပါစေနဲ့ ဆုတောင်းရတာအမော။
YOU ARE READING
Love Equation Pain
Fanfictionကိုယ်ကသူ့ကိုအချစ်တွေပေးရင် သူကအချစ်တွေနဲ့ညီမျှတဲ့ နာကျင်မှုတွေ ကိုယ်ကိုပေးလည်း မျက်ရည်တွေကျရလောက်တဲ့အထိ သူကိုချစ်တယ်