gyuvin တို့သုံးယောက် ကောင်တာမှာထိုင်ပြီး ရီစရာပြောကာ ရယ်မောနေတုန်း ဆိုင်ထဲဝင်လာတဲ့ သူကိုgyuvinတစ်ချက်လှမ်းကြည့်မိသည်။ပုံစံကပေါ့ပေါ့ပါးပါးသာဝတ်ထားပင်မဲ့ မျက်နှာပေါ်မှာထင်ဟပ်နေစေတာက ရင့်ကျက်တည်ကြည်ပြီး စူးရှရှမျက်ဝန်းတွေပိုင်ဆိုင်ထားသည့် အဲ့ဒီအမျိူးသားဟာ တကယ်ပင်ချောသည်။" မင်္ဂလာပါ လူကြီးမင်း ဘာသုံးဆောင်မလဲဗျ...''
"Green tea တစ်ခွက်ရယ်... ခနနော်''
မှာနေတုန်း ဖုန်းလာသံကြောင့် ဖုန်းကိုင်နေတာကြောင့် သုံးယောက်သားရပ်စောင့်နေလိုက်တယ်
"ဟဲလို သားငယ်ပြော''
"ပါးပါး အခုဘယ်မှာလဲဟင်''
"ပါးပါးလား အခု ကော်ဖီဆိုင်ရောက်နေတာ သားဘာစားချင်သေးလဲ''
ကောင်တာထဲက ကိတ်တွေကြည့်ရင်း သားဖြစ်သူမေးနေတဲ့ အရှေ့ကအမျိူးသားကိုကြည့်ပြီး gyuvinအားကျမိသည်။အဖေနဲ့အမေရှိနေသေးရင် သူလည်း အခုလိုမျိူး အချစ်ခံမယ်ထင်သည်။
Fanruiသားဆီက ဖုန်းလာတာကြောင့် ကောင်တာက ကလေးတွေကို ခနဟုဆိုကာ လက်ပြရင်း
"ဒါဆို သားကိုလာခေါ်ပေး''
"ဘယ်ကိုလာခေါ်ရမှာလဲ အိမ်ကိုလား သား....''
"ဟီး ဟုတ်ဘူး သားစက်ဘီးကဘာဖြစ်သွားမှန်းမသိဘူး.....ဆက်စီးလို့မရတော့ဘူး....''
ဟိုဘက်က ဘာပြောလိုက်လို့လဲ မသိ ချက်ချင်းမျက်နှာမှာ အလိုမကျမှုတွေ အထင်းသားပေါ်လွင်နေသည်။
"ဟာ အခုသားတစ်ယောက်တည်းလား ..''
"ဟုတ်တယ် မြန်မြန်လာခေါ်ပေးနော်ပါးပါး...."
"သားရာ အပြင်မှာ ဒီလောက်ပူနေတာကို စက်ဘီးစီးရလား ဦးလေးpark ကို ကားနဲ့ လိုက်ပို့ခိုင်းလေ ''
Fanyiတစ်ယောက်သားဖြစ်သူကို စ်ိတ်ပူနေတာကြောင့် ကော်ဖီဆိုင်ထဲက အမြန်ထွက်ကာ သားရှိရာစီသွားမိသည်။
ဟော..... တွေ့ပါပြီ ကားမှတ်တိုင်မှာ စက်ဘီးလေးထောက်ပြီး ထိုင်နေတဲ့သား ပူလိုထင်ပါရဲ့ လက်ကလေးနဲ့ ယက်ခတ်နေသေးတာ အပူဒဏ်ကြောင့် ဖြူဝင်းတဲ့ အသားအရေက ခပ်ရဲရဲလေးဖြစ်နေပြီ။
YOU ARE READING
Love Equation Pain
Fanfictionကိုယ်ကသူ့ကိုအချစ်တွေပေးရင် သူကအချစ်တွေနဲ့ညီမျှတဲ့ နာကျင်မှုတွေ ကိုယ်ကိုပေးလည်း မျက်ရည်တွေကျရလောက်တဲ့အထိ သူကိုချစ်တယ်