L=P 5

680 70 0
                                    

ကိုယ်အခု ricky ပါးပါးနဲ့ဒယ်ဒီနေရာပြောင်းလဲပေးထားပါတယ်နော် ဖတ်ရတာရအဆင်မပြေဖြစ်စေတဲ့အတွက် တကယ်စိတ်မကောင်းပါဘူးနော်။

*  *   *   *   *   *  *  *  *  *  *
"ဟာ ဘာလို့သွားမှာတုန်း...''

"gyuvin မင်းသူကိုမကြိုက်တာ ငါတို့သိတယ် ဒါပင်မဲ့ အခုသူပုံကအဆင်ပြေတဲ့ ပုံပေါက်နေလို့လားကွ ''

"တော်တော့ gunwook ဟိုမှာ ''

ကားတစ်စီးထိုးရပ်ကာ ဟိုတစ်လောက သူ့ပါးပါးဆိုသူ စောင်ပါးတစ်ထည်ရယ် ထီးစောင်းကာ ကားပေါ်ဆင်းကာ ခပ်သွတ်သွတ်ပြေးသွားသည်...

ထိုနောက်သူ့သားကို စောင်ပါးလေး လွှမ်းခြုံပေးပြီး ဆွဲထူကာ ကားထဲထည့်ပေးနေသည် ။သူကြည့်ရတာ စိုးရိမ်မှု အထင်းသားပေါ်ဟပ်နေသည်။

"ကဲပါ ငါတို့လည်း သွားရအောင် ''

.
.
.
.
ဟိုတစ်နေ့ ပြဿနာတက်ပြီးကတည်းက ကျွန်တော်နောက်က တကောက်ကောက်လိုက်နေတဲ့ အရိပ်ကလေးမတွေ့မိတော့ပါ....ကုမ္ပဏီထဲက မေနေဂျာ hyungကတောင်ပြောနေအဖြစ်....

"gyuvin မင်းသူငယ်ချင်းကြောင်လေးနဲ့ အဆင်မပြေဘူးလား''

"ဗျာ  ဂျာကြီးကတော့ ပြောတော့မယ် ကျွန်တော်မှာ ဘာ‌ကြာင်လေးမှမရှိပါဘူး ''

"ဟမ် ဟုတ်လား ဒါဆိုဟိုကောင်လေးက ဘယ်သူလဲ''

"စာရင်းတွေစစ်နေတုန်း စာပွဲခုံနား လာရပ်လာကာ ပြောနေတဲ့ ဂျာကြီးကြောင့် စာရိုက်နေတဲ့လက်တွေရပ်တန့်ကုန်တယ်....

"ဘယ်ကောင်လေးလဲဟင် ''

"အိုး သူနာမည်တောင်မေ့သွားပြီ ''

"သူကမင်းထက် နှစ်ပတ်လောက်စောပြီး ဒီမှာအလုပ်ဆင်းတာကွ ဒါပင်မဲ့ မင်းလည်းဒီမှာအလုပ်ဝင်မဲ့ဆဲဆဲ သူအလုပ်ထွက်သွားတာ ''

"ဟုတ်တယ်မောင်လေးရဲ့ rickyကတကယ်ချစ်ဖို့ကောင်းတာ တစ်ခါတစ်လေ ကြောင်ပေါက်လေးလိုပဲချွဲရင်"

"အေးဟုတ်တယ် သူနာမည်က shen rickyတဲ့''

"သူကအကုန်လုံးနဲ့ အဆင်ပြေပြေပေါင်းနိူင်တယ် ဒါပင်မဲ့ တစ်ခုဘဲ တလွှဲနိူင်တာလေးတစ်ခုဘဲ''

Love Equation PainWhere stories live. Discover now