"အဲ့တော့ ricky ကမင်းကိုထားခဲ့ပြီး ဟိုကောင်လေးနဲ့အိမ်ပြန်လိုက်သွားတယ်ပေါ့"
လဒမှိုင်သလိုမှိုင်တွေကာ ကောင်တာမှာလာထိုင်နေတဲ့ Kim gyuvin ကို တကယ်စိတ်ကုန်တယ်။ဟိုဘက်က ကြိုက်နေတုန်းကကျ မကြိုက်ဘူးလေးဘာလေးနဲ့။အခု ricky ကအဖက်မလုပ်တော့ဘူးဆိုမှ သေတော့မလိုရုပ်နဲ့ သူတို့ပြောတာနားမှမထောင်တာ ဖြစ်တာတောင်နည်းသေးတယ်။ဆိုင်လာပြီးဘူပိတ်နေတဲ့အကောင်။
"အဲ့တော့ မင်းလက်လျှော့လိုက်လေကွာ သူကမင်းidea type မှမဟုတ်တာ ငါပြောတာဟုတ်တယ်မလား gunwook"
" ဟာကွာ မင်းတို့ကတစ်မျိူး စိတ်ညစ်နေပါတယ်ဆိုမှ အကြံတော့မပေးပဲ ဘာတွေလာပြောနေကြမှန်းလဲ မသိဘူး"
"ဟိုးထား Kim gyuvin ရယ် အစကတည်းက မင်းအခုလိုဖြစ်မှာဆိုးလို့ ငါတို့မပြောခဲ့ဘူးလား"
"ဟုတ်တယ် park gunwook ပြောတာမှန်တယ် သူဘယ်လောက်ပဲ မင်းကိုချစ်ပါတယ်ပြောနေပါစေ အကြိမ်ကြိမ်နာကျင်လာရင်တော့ ဘယ်သူမဆို လွတ်ချကြမှာပဲလေ"
တဖြည်းဖြည်းပိုပိုပြီးမှောင်လာတဲ့မျက်ဝန်းတွေကြောင့် taerae ကိုယ်ပေါင်ကိုဆွဲလိမ်ထားရတယ်။
"ကလေးတွေလိုပေါ့ ပျော်အောင်ထားတဲ့သူဆီမှာပဲနေချင်ကြတာ ငိုအောင်လုပ်စိတ်ညစ်အောင်ထားတဲ့ဆီမှာ မင်းဆိုရင်ရော နေချင်မလား"
အပြင်ဘက်ကို ကြည့်ကာ အတွေးလွန်နေတဲ့ ဂယူဗင်းကို ဆေးထိုးပြီး ထိုနေရာက အသာလေးနှစ်ယောက်သားလစ်ထွက်လာခဲ့ကြသည်။ခံစမ်း အဲ့မှာ မူချင်အုံး အစကတည်းသူသာ သူစိတ်သူသိရင် အခုလို တွေးပူမနေရဘူး ။
"အဲ့ကောင်ကို ဒီထပ်ပိုကြပ်ပေးသင့်တာ သနားလို့"
"ထားထားလိုက် ခံစားပေ့စီအုံး"
"မေ့နေတာ ငါတို့ Matthew ကိုဒါတွေမပြောရသေးဘူးမလား "
"အေး မင်းလှမ်းပြောထားလိုက် ငါ့ကလေးလေးဆီသွားလိုက်အုံးမယ်"
"ကြွ ကြွ"
Matthew နဲ့ jiwoong hyung ရဲ့မနက်ပိုင်းမင်္ဂလာဧည့်ခံပွဲပြီးတော့ ညပိုင်းပါပီပွဲမှာတော့ ricky တစ်ယောက်ပျော်ပါးနေတဲ့ လူတစ်စုကိုကြည့်ပြီး သူပါလိုက်ပြုံးမိနေသည်။ပွဲထဲဝင်လာတဲ့ အနောက်တိုင်းဝတ်စုံအဖြူရောင်ဆင်တူဝတ်ထားတဲ့ သတို့သားနှစ်ယောက်က အဝေးကလှမ်းမြင်ရုံနဲ့တင် ဘယ်လောက်လိုက်နေလဲဆိုတာ သိနိူင်သည်။
YOU ARE READING
Love Equation Pain
Fiksi Penggemarကိုယ်ကသူ့ကိုအချစ်တွေပေးရင် သူကအချစ်တွေနဲ့ညီမျှတဲ့ နာကျင်မှုတွေ ကိုယ်ကိုပေးလည်း မျက်ရည်တွေကျရလောက်တဲ့အထိ သူကိုချစ်တယ်