"gyuvin မင်းကော်ဖီဆိုင် ဖွင့်ထားတယ်ဆို ဟုတ်လား ''
ဟာ ဒါကဘယ်ကသိလာပြန်တာလဲ အော်ကြီးဟစ်ကျယ်ပြောတဲ့ wanကြောင့် တစ်ဖွဲ့လုံးရဲ့အကြည့်က ဟုတ်လား gyuvin ဆိုတဲ့ အကြည့်တွေနဲ့ ထိုင်တောင် ကန်တော့ချင်တယ် wan ရယ်...
"ဟို ဟုတ်တော့ဟုတ်တယ် ဒါပင်မဲ့ကျွန်တော်တစ်ယောက်တည်းအပိုင်မဟုတ်ဘူး''
"ဘယ်လိုကြီးလဲ ''
"ကျွန်တော်သူငယ်ချင်းနှစ်ယောက်နဲ့စပ်တူဖွင့်ထားတာ''
"gyuvin က လျှိုလိုက်တာ တို့ကိုတောင်မပြောဘူး ဘာလဲ အလကားတိုက်ရမှာစိုးလို့လား...ပိုက်ဆံပေးဝယ်သောက်မှာပါနော် ''
"ဟာ မဟုတ်ရပါဘူးဗျာ ကျွန်တော်က စကားမစပ်မိလို့ပါ ဒီတစ်ပတ်ပိတ်ရပ်ကျ ဆိုင်ကိုလာလည်ပေါ့ chaeကိုကျွန်တော်ကိုယ်တိုင်ဖျော်တိုက်မယ် ''
"ဟေး....ငါတော့ တော်တော်ချိူနေပြီ ''
"မမိုက်ပါဘူးကွာ တစ်ယောက်တည်း ကွက်ဖိတ်သွားတယ် ''
"မပြောပါနဲ့ကွာ ကောင်လေးရှက်နေပြီ''
တဖွဲ့လုံးဝိုင်းစနေတာကြောင့် လူကပူထူလာသည် ။အမှန်ဆိုကြည်နူးနေမဲ့ဟာက ကျွန်တော် စိတ်ရှုပ်သလို ခံစားနေရပြန်သည်။
"ဒီလိုလုပ် ပိတ်ရပ်ကြ အကုန်လာခဲ့ကြလေ ကျွန်တော်ဆိုင်ကနေ စောင့်နေပါ့မယ် ''
"လာမှာ လာမှာ စိတ်ချထားလိုက် ''
.
.
.
"မောင်မင်းကြီးသား ဒီနေ့လာတာစောလှချည်းလား ခါတိုင်း နေ့လည်ပိုင်းမှ လာတာပါ ''"ဒီနေ့ ငါရုံးကလူတွေ လာမယ်ဆိုလို့ ''
"ဒါဆို မင်းရဲ့မမလည်းပါလာမယ်ပေါ့ ''
"ဒါပေါ့ကွ ''
"ရုပ်ကိုက ပါးစပ်က နားရွတ်တပ်ချိတ်တော့မယ် ''
"မင်းတို့လေပေါမနေနဲ့ ငါကိုလာဝိုင်းကူ''
"ကိတ်လုပ်မလို့လေ ''
"လာတာနဲ့ ခိုင်းဖို့ဘဲ ''
မနက်၇နာရီခွဲလောက်ကတည်းက ဆိုင်ကိုရောက်ချလာကာ အေပရွန်ဝတ်ကာ ကိတ်ကိုသေချာလုပ်နေတဲ့ gyuvin ကိုကြည့်ကာ gunwook နဲ့ taeraeမှာ ပါးစပ်အဟောင်းသား...
YOU ARE READING
Love Equation Pain
Fanfictionကိုယ်ကသူ့ကိုအချစ်တွေပေးရင် သူကအချစ်တွေနဲ့ညီမျှတဲ့ နာကျင်မှုတွေ ကိုယ်ကိုပေးလည်း မျက်ရည်တွေကျရလောက်တဲ့အထိ သူကိုချစ်တယ်