"ဟာ gyuvin မင်းလာတာ စောလှကြည့်လား...ရုံးမသွားဘူးလား''
"အေး ငါမင်းကို ပြောဖို့မေ့နေတာကွ''
"ဘာကိုတုန်းဟ...''
"ဒီလို ငါအဖေအသေခင်က KS groupမှာ ရှယ်ယာတွေထည့်ထားခဲ့တာကွ....အင်း အဲ့ကုမ္ပမှာက အခုချိန်ထိ ငါအပိုင်တဲ့ ရှယ်ယာတွေက 35%ရှိတယ်ကွာ အခုငါကလည်း ဘွဲ့ရပြီဆိုတော့ ကုမ္ပဏီမှာ လူလုံးထွက်ပြပြီး အလုပ်ဝင်စေချင်ပြီတဲ့ အဲ့ဒါကြောင့် မနက်ဖြန်ကစပြီး အဲ့မှာအလုပ်ဝင်တော့မှာ''
"ကောင်းတာပေါ့ကွာ မင်းအဲ့သူဌေးကိုကျေးဇူးတင်သင့်တယ်ကွ မင်းအဖေတို့ သေတုန်းက မင်းငယ်သေးတယ်လေ သူ့သာမင်းကိုမပေးချင်လည်း ဖြစ်တာဘဲ''
"အေးဟုတ်တယ်ကွ''
"ထားပါ ဒါတွေ မင်းတို့..... ''
စကားပြောနေရင်း ရပ်သွားတာကြောင့် နားထောင်နေတဲ့သူပင် ကြောင်သွားရသည်။ဒီကောင်ဘယ်ကိုကြည့်နေတာလည်း လှမ်းကြည့်လိုက်တော့.... ကောင်မလေးတစ်ယောက်...... သွတ်သွတ်လတ်လတ်နဲ့ ထက်မြက်တဲ့ မိန်းခလေး တစ်ယောက်ပုံ.... မိတ်ကပ်ပါးပါးလေးလေးနဲ့ တင့်တယ်နေတယ် ကြည့်ရုံနဲ့သိသာပါတယ် ထက်မြတ်တဲ့မိန်းခလေး ပုံစံပင်.....
"gyuvin...''
"ဟာ gyuvin''
"ဟင် ဘာလဲ ''
"ဘာလဲ မင်းကြွေသွားတာလား...''
"ဒါပေါ့ကွ ဒီလောက်လှတဲ့မိန်းခလေးကို ဘယ်သူကကြွေဘဲ နေမှာလဲ''
"အေးပါကွာ မင်းကြွေနေပြီဆိုတော့လည်း ကံကောင်းပါစေကွာ....''
.
.
.
ကားပါကင်ထိုးပြီး ကုမ္ပဏီဝင်ရန် မှန်တံခါးတွေနဲ့ ပတ်ပတ်လည်ကာရံထားတဲ့ တံခါးကိုဖြတ်ကျော်ပြီး ဝင်ဝင်ချင်းမှာ ကြီးမားလှသည့် ကောင်တာကြီးဆီ အရင်သွားမိသည်။"ဘာကိစ္စရှိလို့လဲမသိဘူး ''
ကိုယ်ရောက်သွားတော့ အပြုံးချိုချိုလေးနဲ့ မေးလာသည့် ဝန်ထမ်းကောင်မလေး နှစ်ယောက်တည်းကတစ်ယောက်.....
"ဟုတ် CEOနဲ့ တွေ့ဖို့ချိန်းထားတာပါ Kim gyuvin ပါ....''
"ဟုတ်ကဲ့ ဟေ့မောင်လေး ဒီအကို့ကို သူဌေး ရုံးခန်းခေါ်သွားပေးလိုက်နော်... ''
YOU ARE READING
Love Equation Pain
Fanfictionကိုယ်ကသူ့ကိုအချစ်တွေပေးရင် သူကအချစ်တွေနဲ့ညီမျှတဲ့ နာကျင်မှုတွေ ကိုယ်ကိုပေးလည်း မျက်ရည်တွေကျရလောက်တဲ့အထိ သူကိုချစ်တယ်