{Taekook💜💚}
"ကစားကွင်းကလူအရမ်းရှုပ်တာပဲနော်မမ..
ယောင်းလေးတို့ မားတို့ကိုဘယ်လိုရှာကြမလဲ..ဟင်..""မသိတော့ဘူးယောင်းလေးရယ်..မမလဲပင်ပန်းနေပီ..ဟိုသစ်ပင်အောက်မာခဏလေးနားရ
အောင်..""ဟုတ်မမ.."
ကင်ထယ်ယွန်းတို့မောင်နှမနှစ်ယောက်ကစားကွင်းကိုလာချင်သည်ဟုပူဆာ၍ မင်ယောင်းတို့ကစားကွင်းလာပို့ကြခြင်းပေ..!
ကစားကွင်းကိုရောက်သည်နဲ့ပြဿနာကထိုမှစလေသည်..ထယ်ယောင်းတို့နှစ်ယောက်ပြေးလွှားဆော့ကစားရင်းအဆော့ လွန်ကာမိသားစုချင်းကွဲသွားကြခြင်း..!
လူအရမ်းရှုပ်တဲ့နေရာဖစ်သလို ရှာနေသည်ကလဲခြောက်နှစ်သားကလေးများသာရှိသေးသည်မို့ခရီးကမတွင်..လမ်းတွေ့သမျှပတ်ပတ်လည်အောင်ရှာပေမယ့်လဲ သူတို့မိဘတွေနဲ့ဆင်တဲ့အရိပ်အရောင်တောင်မတွေ့ရ..!
ရှာမရတော့တဲ့အဆုံး အလှစိုက်ထားတဲ့ချယ်ရီပင်အောက်ကခုံတန်းလေးမာသာ နှစ်ယောက်သားထိုင်နေမိကြ၏..!
တစ်ဖက်တွင်လည်း...
"ကိုရေ..လုပ်ပါအုံး..ယောင်းလေးတို့နှစ်ယောက်ကိုရှာမတွေ့တော့ဘူး..အဟင့်..ဟင့်.."
"အချစ်ရရ်..ကိုလဲလုံခြုံရေးတွေရော ရဲတွေပါခေါ်ပီးနေရာအနှံ့လိုက်ရှာခိုင်းထားပါတယ်အရမ်းကြီးလဲမစိုးရိမ်ပါနဲ့ကွာ.."
"ပြန်မတွေ့တော့ရင် ဘယ်လိုလုပ်မလဲကို..ကျွန်မရဲ့ခလေးတွေ..အဟီးးးး..ဟီးးး.ဟင့်.."
"အရမ်းကြီးမတွေးပါနဲ့..ရှာတွေ့မာပါ.."
မင်ယောင်း သူ့မိန်းမလက်မောင်းလေးကိုပွတ်ကာအားပေးနေမိ၏..အမှန်ဆိုသူလဲအလွန်ပင်စိုးရိမ်မိသည်မာအမှန်..တိုးတက်လာတဲ့ခေတ်နဲ့အမျှလူဆိုးဆိုသည့်အရာကလဲ ကလေးသောသူငယ်သောချန်သည်မဟု..ကလေးလဲကလေးအလျောက်သူတို့အတွက်အသုံးဝင်သည်မလား..!
အချိန်တစ်ခုကြာသည်အထိ လွှတ်ထားတဲ့လုံခြုံးရေးတွေဆီကလဲ ဘာသတင်းမှမရသေးသည်မို့မင်ယောင်းစိတ်မရှည်တော့..သူလဲထွက်ရှာရန်သာစိတ်ကူးလိုက်ပီး..
YOU ARE READING
CHANGES
Action"မုန်းလားတဲ့..သိပ်မုန်းတာပေါ့..သေလောက်အောင်ချစ်ပေးခဲ့ပါရက်နဲ့...လိမ်လည်လှည့်ဖျားရက်တဲ့မင်း ကို မုန်းတာထက် ပိုတဲ့စကားလုံးများရှိသေးရင် ပြောပလိုက်ချင်တယ်"