Unicode
Sofaပေါ်မှာအပစ်သားတစ်ယောက်လို ငုတ်တုတ်
လေးထိုင်နေမိတဲ့ ထယ်ယောင်း..ဂျွန်ကလဲမိမိနဲ့မျက်နှာချင်းဆိုင် Sofaပေါ်မာမျက်နှာသေနဲ့ ကို့အားကြည့်နေသည်မို့ ခေါင်းမော့ဖို့နေနေသာသာအသက်တောင်ဝဝမရှူရဲ..။မနေ့ကအဖြစ်ပစ်တွေကိုဘာတစ်ခုဆိုတစ်ခုမှမမှတ်မိ..သူဂျွန်နဲ့ရန်ဖစ်ပီး လမ်းဘေးဆိုင်မာအရက်ဝင်သောက်ခဲ့မိ၏..ကိုယ်ကမိန်းခလေးအဝတ်စားနဲ့မို့ အရက်ဆိုင်ထဲဝင်သည်နဲ့အကြည့်အားလုံးက သူ့ဆီမှာ..ဒါလဲသူဂရုမစိုက်အား..။
ကို့ဝေဒနာနဲ့ကိုယ်မို့ အရက်ကိုသာအာရုံစိုက်ပီးသောက်နေမိ၏..တစ်လုံးပီးတစ်လုံးသောက်နေမိတာ ငါးလုံးလောက်လဲရောက်ရော ဘာမှန်းမသိတော့..ပီးတော့ အိမ်ပြန်ရမယ်ဆိုတဲ့အသိနဲ့မရှိတဲ့အသိကိုသတိနဲ့ကပ်ပီးပြန်လာခဲ့တာ..။
အိမ်ရောက်လာတာပဲသိတော့တယ်..ကျန်တာဘာကိုမှမမှတ်မိတော့..ကို့ဝေဒနာနဲ့ကိုဖစ်နေတာလဲပါမည်ထင်သည်..။
"မင်း ငါ့ကိုဘာမှပြောစရာမရှိဘူးလား!!.."
ထယ်ယောင်းတစ်ယောက်ထဲအတွေးများနေတုန်းဂျွန့်ထံမှခတ်ဆတ်ဆတ်အသံထွက်လာသည်..
ပြောစရာမရှိဘူးလားတဲ့..ခက်တာကသူမှဘာမှမမှတ်မိတာပဲ..။"မေးနေတယ်လေ..ပါးစပ်မပါသလိုလုပ်နေတယ်ငါ့ကိုအရူးဖစ်အောင်လုပ်နေတာလား!!"
သူငိုသာငိုချင်လာမိ၏..ဂျွန်ကသူ့ကိုဆိုအကောင်းတစ်စက်မှကိုမမြင်တာ..ပြောစရာစကားမရှိလို့မပြောတာကို ဟောက်ဖို့ကြီးပဲတွေးနေတော့တာ..။
"ထယ်..ထယ်မှ ပြောစရာမရှိတာ.."
"အော..ပြောစရာမရှိဘူးတဲ့လား..မင်းမနေ့ကငါ့ကိုဘာပြောထားလဲ မင်းမမှတ်မိဘူးလား"
"ဟအင်..ထယ်မမှတ်မိဘူး"
"ကောင်းပါတယ်..စိတ်ပျက်ဖို့..မင်းမနေ့ကငါ့ကိုဆဲတယ်!!..ဒါ့အပြင်ငါ့အမေပါ ပါတဲ့အထိ အဆင့်အတန်းမရှိတဲ့စကားလုံးတွေပြောတယ်..မင်းအဲ့လောက် အောက်တန်းစားဆန်လိမ့်မယ်လို့ ငါတကယ်ကိုမထင်ထားဘူး ကင်မ်ထယ်ယောင်း.."
"ဂျွန်!!"
ထယ်ယောင်းခေါင်းငုံ့နေရာမှ တအံ့တသြဂျွန့်အားမေ့ကြည့်လိုက်မိ၏..ပြောရက်လေခြင်းဆိုတဲ့အသိက မျက်ရည်ကျဖို့လုံလောက်ပီထင်..ထိန်းထားတဲ့ကြားကတာကျိုးသလိုကျလာတဲ့မျက်ရည်တွေ..သူငိုချင်မနေပါဘူး..ဝမ်းပဲနည်းရုံကို..။
YOU ARE READING
CHANGES
Action"မုန်းလားတဲ့..သိပ်မုန်းတာပေါ့..သေလောက်အောင်ချစ်ပေးခဲ့ပါရက်နဲ့...လိမ်လည်လှည့်ဖျားရက်တဲ့မင်း ကို မုန်းတာထက် ပိုတဲ့စကားလုံးများရှိသေးရင် ပြောပလိုက်ချင်တယ်"