Unicode
{Taekook💜💚}
"ဟေ့..မောင်ရင်.."
အောက်ထပ်က ဂျွန့်ကိုခေါ်လာတဲ့လူတစ်ယောက်ကြောင့် သူပြောလက်စ စကားကပြတ်သွားရ၏..သူထပ်ပြောဖို့ကျန်ရွယ်လိုက်ပေမယ့်..
"ထယ် ဘာပြောချင်တာလဲဆိုတာ မောင်မသိပေမယ့်..အခုတော့ဦးလေးကြီးထမင်းလာပို့ပီထင်တယ်..ထယ်လဲဗိုက်ဆာနေပီမလား.."
"ဟင်..အင်..အင်း.."
"ဒါဆိုနောက်မဆက်ပြောကြတာပေါ့..အခုတော့အောက်ထပ်ကိုအရင်သွားရအောင်.."
"အွန်း.."
ဂျောင်ကုတို့နှစ်ယောက်သား အောက်ထပ်ကိုဆင်းလာတော့ချိုင့်ကြီးချိုင့်ငယ်နဲ့ စောင့်နေတဲ့ဦးလေးချွဲ..ညစာလာပို့တာထင်တယ်..!
"ရောက်လာပီလား ဦးလေး.."
"အေး..လာကြကွယ် ထမင်းစားကြရအောင်.."
"ဟုတ်ကဲ့..ထယ် လာ"
"အင်း"
သုံးယောက်သား ထမင်းစားပွဲမာထိုင်ကာ ညစာစားသောက်ရင်းစကားလက်စုံကြမိနေကြ၏..!
"ဒါဆိုမနက်ဖြန်ပြန်ကြမယ်ပေါ့.."
"ဟုတယ် ဦးလေး..ကျွန်တော်တို့မာအလုပ်လေးတွေကလဲရှိနေသေးတယ်..ပီးတော့..ထယ်ကလဲကျောင်းတစ်ဖက်နဲ့မို့..အဲ့တာကြောင့်ပြန်ဖို့ဆုံးဖြတ်လိုက်တာပါ.."
"Omm..ကောင်းပါတယ်..အလုပ်ပစ်ပီး တောထဲမာနေလို့ဘာအကြိုးရှိတာမှတ်လို့..ဒါဆိုနှုတ်
ဆက်တဲ့အနေနဲ့ဦးလေးတို့ဆန်အရက်သောက်ကြမလား..""အာ..အဲ့တာက.."
ရှက်သလိုမျက်နှာဘေးနဲ့လည်ဂုတ်ကိုပွတ်ရင်းခွင့်တောင်းသလိုကြည့်လာတဲ့ဂျွန်ကြောင့်ဟိုဦးလေးကြီးကလဲသူ့အားကြည့်လာလေ၏..။
ခွင့်ပြုစေချင်သည့်ပုံနဲ့ကြည့်လာသည်မို့စားလက်စထမင်းတောင်နင်တင်တင်ရယ်..မသိရင်ကိုကပဲ အရာရာသူ့ကို ချုပ်ကိုင်ထားတဲ့လူလို။
"အဟင်း..ထယ့်ကိုဘာလို့အဲ့လိုလာကြည့်နေတာလဲ..မောင်သောက်ချင်တယ်မလား..ထယ်မတားပါဘူး..သောက်ပါ..အရမ်းတော့မများစေနဲ့ပေါ့.."
YOU ARE READING
CHANGES
Action"မုန်းလားတဲ့..သိပ်မုန်းတာပေါ့..သေလောက်အောင်ချစ်ပေးခဲ့ပါရက်နဲ့...လိမ်လည်လှည့်ဖျားရက်တဲ့မင်း ကို မုန်းတာထက် ပိုတဲ့စကားလုံးများရှိသေးရင် ပြောပလိုက်ချင်တယ်"