Unicode
{Taekook💜💚}
At ဆီဆိုင်🏪
ညနေ6:00ရီလောက်ရှိတော့ အင်၀ူးပြောသည့်ဆီဆိုင်သို့ရောက်လာလေ၏..။
ကားပေါ်မှဆင်းကာ ထိုဆီဆိုင်ထဲ၀င်သွားမိတော့..အသက်ခတ်ကြီးကြီး ဦးလေးကြီးတစ်ယောက်ထွက်လာသည်..။
"ဘာများကူညီပေးရမလဲ..မောင်ရင်.."
"ဟုတ်ကဲ့..ဦးလေးကချွဲဟိုရှင်းလားမသိဘူး.."
"အော်..သခင်လေးအင်၀ူးဖုန်းဆက်ပြောထားတဲ့ဧည့်သည်တွေနဲ့တူတယ်.."
"ဟုတ်ကဲ့..ကျွန်တော့်နာမည်ဂျွန်ဂျောင်ကုပါ.."
"အေးပါကွယ်..ခဏနော်မောင်ရင်..ဦးလေးကြီးလဲဆိုင်သိမ်းတော့မာဆိုတော့ပီးမအတူတူသွားကြတာပေါ့.."
"ရပါတယ်ဗျ..ဖြေးဖြေးပဲသိမ်းပါဗျာ..အကူအ
ညီလိုရင်လဲပြောပါ..ကျွန်တော်သိမ်းကူပ့မယ်..""မလိုပါဘူးကွယ်..ဦးကြီးဆိုင်ကထွေထွေ
ထူးထူးသိမ်းစရာမလိုပါဘူး..ဆိုင်ခန်းတံခါးတွေအကုန်ပိတ်ရုံပါပဲ..""အာ..ဟုတ်ကဲ့.."
"ဒါဆိုခဏနော်.."
သူ့ကိုပြောပီးသည်နဲ့ဆိုင်ခန်းရှိတံခါးတွေကိုသွားပိတ်နေတဲ့ဦးလေးကြီး..!
ဂျောင်ကုလဲ ကားပေါ်မာထယ်တစ်ယောက်ထဲမို့ကားနားကိုသာပြန်လာခဲ့သည်..။
ကားနားကိုရောက်သည်နဲ့မှန်အပြင်ကနေထယ့်ကိုလှမ်းကြည့်မိတော့..နှစ်နှစ်ခြိုက်ခြိုက်ပင်အိပ်ပျော်နေသေးသည့်ကြွေရုပ်ငယ်..သူလဲအိပ်နေသည့်ထယ့်ကိုကြည့်ကာအလိုလိုပြုံးလိုက်မိ၏..!
အခုတော့စိတ်ချလက်ချအိပ်နေလိုက်တာ ဒီလူကတစ်ခုခုထလုပ်လိုက်ရင်တောင်သိမည့်ပုံမပေါ်..!
ခဏကြာတော့..
"ဟေ့..မောင်ရင်..သွားကြရအောင်ကွာ..
ပြန်ရမာကတောလမ်းမို့..မိုးချုပ်ရင်အန္တာရယ်
များတယ်ကွ.."ဆိုင်တံခါးရှေ့ကနေလှမ်းအော်တဲ့ဦးလေးကြီးကြောင့်..ဂျောင်ကုထိုနားသို့အမြန်ပင်သွားကာ..
"တဆိတ်လောက်ပါဗျ..ကျွန်တော်တို့သွားရမဲ့နေရာက ကားလမ်းမရှိဘူးထင်တယ်.."
YOU ARE READING
CHANGES
Action"မုန်းလားတဲ့..သိပ်မုန်းတာပေါ့..သေလောက်အောင်ချစ်ပေးခဲ့ပါရက်နဲ့...လိမ်လည်လှည့်ဖျားရက်တဲ့မင်း ကို မုန်းတာထက် ပိုတဲ့စကားလုံးများရှိသေးရင် ပြောပလိုက်ချင်တယ်"