Changes🌺🍒(Part~8)

57 8 0
                                    

Unicode

အပြင်လောကတွင်ကားညအမှောင်ယံကြီးစိုးလို့နေလေ၏..။

ထို့အတူ ကြီးမားကျယ်ပြန့်သော အိမ်ကြီးထဲတွင် လဲdinnerစားနေကြသော ထယ်ယောင်းတို့မိသားစုလေး..။

"ကို ကျွန်မ..ကို ကြိုက်တဲဲ့ ပဲပင်ပေါက်ဟင်းချိုလေးလုပ်ထားပေးတယ်..များများစားနော်.."

"ကျေးဇူးပါ အချစ်ရယ်.."

"မလိုပါဘူး..ကျွန်မက စားစေချင်လို့ဂို.."

ထူးထူးခြားခြား အရင်နေ့တွေထက်ပိုလော
ကွက်ချော်နေတဲ့ သူ့မိန်းမ..။

မင်ယောင်းလဲ သားဖစ်သူဘက်ကိုကြည့်ကာ"မင်းအမေဘာတွေလုပ်နေတာလဲ"ဟူသည့် သဘောနဲ့မေးငေ့ါပြလိုက်တော့ ခေါင်းခါပြလာသည့်ယောင်းလေး..။

"ယွန်းလေးအကြိုက် ကြက်ဥလိပ်လေးနဲ့မုန်ညင်းကင်မချီလဲလုပ်ထားပေးတယ်..များများစားနော် အမားသမီးလေး.."

"ဟုတ်ကဲ့..အမား.."

"အချစ်..ကိုတို့ကို တစ်ခုခုပြောစရာရှိလို့လား."

မင်ယောင်း မေးလိုက်သည်နဲ့ ထမင်းစားနေတဲ့တူနှစ်ချောင်းကိုချလိုက်တဲ့သူမ..ပီးသည်နဲ့..

"ရှင် မစ္စတာဂျွန်ကိုဘယ်လိုမြင်လဲ.."

"ငယ်ရွယ်ပီးထက်မြက်တယ်..ကြိုးစားချင်စိတ်ရှိပီးအရည်းအချင်းလဲရှိတယ်..ယောကျာ်းလဲပီသတယ်..လူငယ်တစ်ယောက်မာရှိသည့်တဲ့အရည်အချင်းတွေအားလုံးရှိပါတယ်.."

"ဒါပဲလား.."

"Omm..ဒါပဲပေါ့..ဘာရှိသေးလို့လဲ.."

"သမီးရှင်တိုင်း သမက်တော်ချင်ကြတယ်လေ"

အဟွတ်..အဟွတ်..!

အကြောင်းအရင်းမရှိပဲ ဂျွန့်အကြောင်းကိုပြောလာတဲ့ အမားကြောင့် ထယ်ယောင်း ထမင်းပင်
ထသီးရသည်အထိ..!

"သမီး..ရရဲ့လား..ဘာတွေလောနေလို့ ထမင်းတွေတောင် ထသီးရတာလဲကွယ်.."

"အဟွတ်..ဒီအတိုင်း..အဟွတ်..ရိုးရိုးသီးသွားရုံပါ..အဟွတ်.."

"ရော့..ရေသောက်လိုက်ဦး.."

"ဟုတ်ကဲ့.."

ကျောကိုခပ်ဖွဖွပွတ်ပေးကာ ရေခွက်ကြိုပေးလာတဲ့အမား..ထယ်ယောင်းယူသောက်လိုက်မိတုန်း..

CHANGESWhere stories live. Discover now