Changes🌺🍒(Part~15)

77 6 0
                                    

Unicode

ဒေါက်...ဒေါက်...ဒေါက်...!!!

"သမီးရေ..အားလုံးအဆင်သင့်ဖစ်ပီလား..ပွဲချိန်ကနီးနေပီနော်"

အပြင်ဘက်က အပါးရဲ့သတိပေးသံကြောင့်...

"ဟုတ်ကဲ့ အပါး..အဆင်သင့်ဖစ်နေပါပီ"

"ဒါဆို မောင် ခန်းမထဲအရင်ဝင်ရတော့မယ်..ပွဲထဲမာမှ ထပ်တွေ့ကြမယ်..ပြွတ်စ်..ချစ်တယ်နော်"

နှာဖူးကိုခပ်ဖွဖွနမ်းကာ ထွက်သွားသည့်ဂျွန်..ဂျွန်ထွက်သွားတော့မှ သူ့မာအသက်ဝဝရှူနိုင်တော့တယ်။

ဂျွန်ထွက်သွားပီး မကြာလိုက်..အခန်းထဲဝင်လာတဲ့အပါး..။

"ကဲ အဆင်သင့်ဖစ်ရင် ခန်းမထဲဝင်ကြရအောင်ယောင်းလေး"

"ဟုတ်ကဲ့ အပါး"

အပါး လက်ကိုတွဲကာ makeup roomထဲမှထွက်လာခဲ့သည်..ခန်းမထဲဝင်မဲ့တံခါးရှေ့ရောက်တော့အလိုလိုအေးဆက်လာတဲ့သူလက်တွေ..။

"အရမ်းကြီးစိတ်မလှုပ်ရှားပါနဲ့..အဆင်ပြေသွားမာပါ.."

လက်ကိုခပ်ဖွဖွပုတ်ကာ အားပေးစကားပြောလာတဲ့ အပါးကြောင့် ထယ်ယောင်း ပြုံးရုံသာပြုံးပြလိုက်မိ၏..ကျန်တာတွေသူထပ်မပြောနိုင်တော့..
ကြောက်လွန်းလို့ အသံပါမထွက်လာတော့တာ။

"ယောင်းလေး စိတ်လျှော့ထား!!..ကိုယ့်အမှားအတွက်အရမ်းကြီးဝန်ထုတ်ဝန်ပိုးမဖစ်နဲ့..အမှားကိုသိပီးအမှန်ပြင်နိုင်ဖို့ပဲလိုတာ..သမက်ဂျွန်ကလဲယောင်းလေးကိုချစ်တာပဲ ခွင့်လွှတ်မှာပါ"

"ဟုတ်..ဟုတ်ကဲ့ အပါး"

*ဟုတ်တယ်..မောင်က ငါ့ကိုသိပ်ချစ်တာ..
သေချာပေါက်တောင်းပန်ရင် ခွင့်လွှတ်ပေးမှာ..ဟုတယ်..ဖိုက်တင်း*

လေပူတစ်ချက်မှုတ်ထုတ်ကာ ကဆုန်ပေါက်နေတဲ့စိတ်နှလုံးရဲ့ပူပန်မှုကိုဖွင့်ထုတ်နေတုန်း..

ကျွီ!!!

ပွင့်သွားတဲ့ခန်းမတံခါးကြီးနဲ့အတူ ပေါ်ထွက်လာတဲ့သူရဲ့အဖြူရောင်သတို့သမီးလေး..ကော်ဇောနီပေါ်ကိုတစ်လှမ်းချင်းလျှောက်လှမ်းလာတဲ့သူမကပုရိသတိုင်းစွဲမက်ချင်စရာ..။

CHANGESWhere stories live. Discover now