Changes 🌺🍒(Part~17)

168 12 2
                                    

Unicode

ဂျိမ်း!!!

ရုတ်တရက်ခြံတံခါးဆွဲဖွင့်တဲ့အသံကြားလိုက်သည်မို့ထယ်ယောင်းsofaပေါ်ထိုင်နေရာမှငေါက်ခနဲထလိုက်မိ၏..အရင်စလိုထလိုက်မိသည်မို့မိုက်ခနဲဖစ်သွားတဲ့ခေါင်း..ညကအိပ်ရေးပျက်သွားတာလဲပါတယ်ထင်ပ့..။

မနေ့ကတည်းက ဂျွန်ပြန်အလာကိုသူစောင့်နေခဲ့တာ..သို့သော်ဂျွန်ကပြန်ရောက်မလာခဲ့..ညရောက်ရင်တော့ ပြန်လာလိမ့်မည်အထင်နဲ့သူတစ်ညလုံးထိုင်စောင့်နေခဲ့မိတာအခုအချိန်ထိ..တရေးတောင်မအိပ်ရသေး..။

မူးနောက်နေတဲ့ခေါင်းလေးကိုလက်မလေးသုံးကာခပ်ဖွဖွဖိချေလိုက်ပီးနာရီကြည့်လိုက်တော့မနက်6:00နာရီ..။

ကိုက်နေတဲ့ခေါင်းကိုလဲ ထယ်ဂရုမစိုက်အား..ဂျွန်
ရှိရာဆီကိုသာအမြန်ပြေးထွက်လာခဲ့မိသည်..။

သူအိမ်ပြင်ကိုရောက်တော့ ဂျွန့်ကားကခြံထဲတောင်ရောက်နှင့်နေပီ..ခြံတံခါးကိုသူ့ဘာသူဖွင့်ဝင်လာတဲ့ပုံ..အနားကိုပြေးသွားလိုက်ချင်ပေမဲ့ဂျွန်ကသူ့ကိုစိတ်ဆိုးနေတာမလား..။

အနားကပ်တာကြိုက်မည်မဟု..ဒါ့ကြောင့်သူဂျွန့်ကားနဲ့ခပ်လှမ်းလှမ်းအကွာအ၀ေးမာသာရပ်စောင့်နေမိ၏..ခဏကြာတော့ကားပေါ်ကပြန်ဆင်းလာတဲ့သူရဲ့ဂျွန်..မနေ့ကတည်းက၀တ်သွားတဲ့ဆွယ်တာအမဲ၀မ်းဆက်လေးနဲ့ပင်..။

အနည်းငယ်ရှုပ်ပွနေတဲ့ဆံပင်နဲ့တောင်ဂျွန်ကကြည့်လို့ကောင်းနေတုန်း..ချောမောမှုကနည်းနည်းမှလျှော့မသွား..သူဘယ်လောက်တောင်ငေးကြည့်နေမိသည်မသိ..သူသတိပြန်၀င်လာတော့ဂျွန်ကသူ့မျက်နှာတည့်"မာရုပ်တည်ကြီးနဲ့ရပ်နေချေပီ..။

"ငါမင်းကိုပြောစရာရှိတယ်!!..အိမ်ထဲလိုက်ခဲ့!!.."

ပျော့ပြောင်းနေသည်လဲမဟု..တင်းမာနေတာမျိုးဟု၍လဲမဆိုသာတဲ့အသံနဲ့ပြောလာတဲ့ဂျွန်..
ပကတိတည်ငြိမ်နေတဲ့မျက်နှာကခံစားဟု၍
တစိုးတစမှမရှိတော့တဲ့လူလို..။

"ဟုတ်..ဟုတ်ကဲ့.."

ပီးသည်နဲ့ဧည့်ခန်းထဲကို၀င်သွားတဲ့ဂျွန်ကြောင့်သူအမြန်ပင်လိုက်ရပြန်သည်..။

CHANGESWhere stories live. Discover now