ဒီနေ့က 9/12/2020 (စနေနေ့) ကျွန်တော့် အဖွားဆုံးတာ ၃လခန့်ပြည့်ပြီ။ ထို့ကြောင့် ဘုရားကျောင်းသွားပြီး ၀တ်ပြုဆုတောင်းပေးဖို့ အိမ်မှထွက်လာခဲ့တယ်။
ကျွန်တော့်အနေနဲ့တော့ အဖွားနဲ့ငယ်ငယ်ထဲကနေလာသည့်အတွက် နေ့ရက်တိုင်းက အဖွားကိုသာ တမ်းတလွမ်းမိသည်။ အဖွားနှင့်အတူ ကျွန်တော့်ကိုပါခေါ်သွားစေချင်သော်လည်း ခေါ်မသွားကြချေ။ အနည်းဆုံးတော့ အဖွားထွက်သက်မှာ နာနာကျင်ကျင် ခံစားသွားရတာမျိုးမရှိတော့ တော်သေးသည်။
၀မ်းနည်းရသည်၊ ပူဆွေးရသည်၊ အဖြစ်ပျက်အချို့က လျက်တစ်ဖြတ်ပင် ဖြစ်ခဲ့သည်။
ဘုရားကျောင်းကလည်း ဒီနေ့မှပင် ထူးထူးခြားခြားလူပြတ်သယောင်၊ အရင်က မရှိဘူးဆို မိသားစု ၁စုတော့ ရှိလေ့ပင်မဲ့ ဒီနေ့မှ ဘယ်သူမှမရှိ ခြောက်ကပ်ကပ်.....
ခေါင်းငိုက်ဆိုက်ချကာ ထိုင်နေသည့်လူတစ်ယောက်ကို အနားရောက်မှ တွေ့မိသည်။ သူ့လက်ထဲ နေကြာပန်းကိုကိုင်လျက် ဆုတောင်းနေသည်ထင်..... ကျွန်တော်ဟာ ခပ်သွက်သွက်လေး ထိုလူ၏ဆန့်ကျင်ဘက် ခုံတန်းမှာ နေရာယူလျက် .....
အချိန်တော်တော်တန်တန်ကြာ ဆုတောင်းကောင်းမှုပြုပြီး ခဏတာ ငြိမ်သက်နေမိသည်။ ပူလောင်လွန်းသည့် လူ့ဘဝကို ဖြတ်သန်းရန် အားပင်ကုန်ခမ်းလုနီးပါး။
" အဖွားကောင်းကောင်း နေနေရဲ့လားဗျာ "
အသံတစ်ချက်ထွက်ကာ တမိသည်။
ဆုတောင်းလို့လဲပြီးပြီ၊ အိမ်ပြန်ရန် အထ ..... စောနက နေကြာပန်းနှင့်လူက ရှိနေဆဲ...
"ဟင်....."
စူးစူးရဲရဲကြည့်နေပုံက လန့်စရာအတိ၊ ကျွန်တော့်မှာဖြင့် လိပ်ပြာလွင့်အတတ်ပင်။
ထိုလူ့မျက်နှာ မြင်မနေရ၊ Mask အနက်ရောင် ဆွယ်တာ အနီ ၊ လက်ကောက်၀တ်တွင် အစွယ်ပုံ တက်တူးလဲထိုးထားသည်။ကျွန်တော် ဆက်ကြည့်မနေချင်တော့၍ ခပ်သုတ်သုတ်ပင် ထွက်လာခဲ့သည်။ ထိုလူက ဘာလို့အဲ့လိုကြည့်နေရတာမျိုးလဲ၊ ဒီနားမှာ တစ်ခါမှတောင်မတွေ့ဖူး။ အပတ်တိုင်း ဘုရားကျောင်းလာတတ်တဲ့ ကျွန်တော်အတွက်တော့ သူက သူစိမ်းဆိုတာ သေချာသည်။ မလုံခြုံသလိုခံစားရ.....
YOU ARE READING
Married To The Death Man
Fanfictionမင်းမပြေးပါနဲ့ ငါကမင်းကို အစွန်းစုံထိဆွဲထားမှာ၊ ဒီဘ၀မပေါင်းရလဲ ဘာအကြောင်းလဲ။ နောက်ဘ၀ပေါ့..... #Gemini မင်းကိုလက်မခံနိုင်ဘူး.....မင်းဖြစ်နေလို့ကို လက်မခံတာ၊ ဒီဘ၀လဲမရဘူး။နောက်ဘ၀ဆိုတာမျိုးကဝေးသေး.. #Fourth တစ်ယောက်ကပြေး....တစ်ယောက်ကလိုက်။ ဘယ်သူကပိုပ...