မြို့စားမင်း 🧛🏻¹⁴

500 51 0
                                    

ကျတော်ဒီအိမ်တော်ကိုရောက်တာ တစ်ပတ်တောင်ပြည့်တော့မယ်၊ Geminiနဲ့ကတော့ ပုံမှန်ပါပဲ...သူကလည်းကျတော့်ကို ဂရုစိုက်ရှာတယ်။

ကျတော်ကမျက်နှာလေးတစ်ချက်မပျက်ရဲဘူး ကျတော့်ကို အစစ်အဆေးအမေးအမြန်းကိုထူတော့တယ်။

ကျတော်ဒီမှာနေရတာအ‌ဆင်ပြေပေမဲ့ ဟိုဘက်မှာကျန်ခဲ့တဲ့သူတွေရော ကျွန်တော့်ကိုမှတ်မိရဲ့လားမသိဘူး၊ ပြီးတော့ကျတော်ကရော ဘာလို့ဒီကိုရောက်နေတာလဲ? မစဉ်းစားမိရင်အတော်ကောင်းမည် သို့သော်လည်း ကျတော့်ကိုယ်ပိုင်ဘ၀မဟုတ်တဲ့ ဒီလူသေလိုခန္ဓာကိုယ်ထဲမှာတော့မနေချင်ဘူး။

ဒါပေမဲ့ Gemini ကိုလဲထားခဲ့ရက်ပြန်ဘူး....

အဖွားကကျတော့်ကို သတိထားဖို့အကြိမ်ကြိမ်ပြောခဲ့တာ ဒီလိုမဖြစ်ဖို့ထင်တယ်၊ အဖွားသာရှိရင် ဒါတွေကိုကျော်ဖြတ်နိုင်မှာ။ ဒါပေမဲ့ ဒီလိုအခြေအနေကိုလည်း တစ်ဖက်လက်နဲ့ကြိုက်မိသည်။ ကျတော်မိုက်ရူးရဲမဆန်းဘူး...မဟုတ်လားဟင်။

"Wat....~"

နာမ်စားတစ်ခုကိုအခေါ်ခံလိုက်ရတဲ့အဆုံး အတွေးတို့ဟာ ပျောက်ရှလျက်။ ဒီနေ့ အိမ်တော်မှာ ပွဲတော် အခန်းအနားရှိသည်ဟု မောင်ကပြောတယ်။

'မောင်ဆိုတာ ကျတော်တိတ်တခိုးပေးထားတဲ့ နာမ်စား'

"အင်းပြောလေ"

"Wat ဘာလို့ငေးမှိုင်နေတာလဲ ဘာစိတ်မကောင်းစရာရှိလို့လဲ ကိုယ့်ကိုပြောလေ"

"ဘာမှမဖြစ်ပါဘူး၊ ကြာကန်ကလှ‌လို့ ငါအဲ့ကြာပန်းလေးလိုချင်လို့ ဘယ်လိုယူရမလဲကြည့်နေတာ"

"ကိုယ်ယူပေးမှာပေါ့ Wat,ရယ်၊ Watလိုချင်တာကိုနောက်ဆို ကိုယ့်ကိုပြောလေ အဲ့လိုလေးမှိုင်တွေတွေဖြစ်နေတာမျိုး မမြင်ချင်ဘူး၊ Watမျက်လုံးလေးတွေ တောက်ပနေရင် ကိုယ့်အနာဂတ်လည်းတောက်ပနေမှာ"

"ငါမရှိတော့ရင် ဘယ်လိုလုပ်မလဲ"

"အဲ့လိုမေးခွန်းမျိုး ကိုယ်မကြိုက်ဘူးနော် Wat"

"ငါကဒီတိုင်းမေးကြည့်တာပါ"

"မင်းမရှိရင်ကိုယ်လည်းမရှိဘူးလို့သာ မှတ်ထားပေးပါ Wat... ဒီလိုမှတ်တာမိမှန်လိမ့်မယ်"

Married To The Death ManWhere stories live. Discover now