The End of Death 🌸

652 41 9
                                    

"မဟုတ်ပါဘူး Watရယ် မောင်ကမင်းကိုချစ်လွန်းလို့ လုပ်မိတာပါ"

Watကသူ့ကိုသတ်လို့ ကျတော့်ကိုအပြစ်တင်နေတယ်။ ကျတော်သေချာရှင်းပြနေပါတယ် သူကကျတော့်ကိုကြာကြာစိတ်မဆိုးပါဘူး။

ကျတော်အ၀တ်လဲဖို့ ပြင်လိုက်တယ်...
ကုတင်ပေါ်ကWatကတော့ ကျတော့်ကိုပြုံးပြီးကြည့်နေတယ်။ ကျတော်သိပါတယ် Watကကြာကြာစိတ်မဆိုးပါဘူးလို့

Watမှ သူ့ဗိုက်ထဲက ကလေးက ယောင်္ကျားလေးဖြစ်ကြောင်းပြောတယ်။

"မောင့်"

"ဟင်"

"ငါ့ဗိုက်ထဲမှာ ဘာလေးရှိနေတယ်လို့ မောင်ထင်လဲ"

"ဘာလေးဖြစ်ဖြစ်မောင်ကချစ်ပါတယ်ကွာ"

ကျတော်သူ့ကိုတစ်ချက်လှည့်ကြည့်ပြီး ပြောလိုက်တယ်။ ပြီးတော့ အကျီကိုဆက်၀တ်နေလိုက်တယ်။

"ခန့်မှန်းကြည့်လေ မောင်ကလဲ"

"သားလေးလား"

"ဟင်...မောင်ဘယ်လိုသိသွားတာလဲ၊ ငါကမောင့်ကို အံ့ဩအောင်လုပ်မလို့ကို"

"ဟော...အချစ်ပဲရွေးခိုင်းပြီးတော့ အချစ်ရယ်"

ကျတော်ပြောရင်းလှည့်ကြည့်လိုက်တော့...Watက အသက်မဲ့စွာ အိပ်ယာထဲလဲနေတယ်။ ဟုတ်သား...သူ့အကျီတွေရေစိုနေတာပဲ...သူ့ကိုလဲပေးရမှာကို ကျတော်ကလဲနေမိတယ်။

Watက ကုတင်ပေါ်လှဲနေပုံများ...အသက်မရှိတဲ့အတိုင်းပဲ။ အော်...အသက်မှမရှိတော့ပဲ၊ ကျတော် ကယောင်ခြောက်ခြားတွေ စ ဖြစ်လာတာကို သတိထားမိပါတယ်။

ဒီလို ကယောင်ခြောက်ခြားဖြစ်တာက လူကိုပင်ပန်းစေတယ်။ တစ်ယောက်ကကြည့်နေသလို...‌တစ်ယောက်ယောက်ကရှိနေသလိုခံစားရတာ‌။ Watက လူကိုရူးစေတယ်...

Watကို အကျီလဲပေးဖို့ လုပ်လိုက်တယ်။ လက်ထဲက ကြာပန်းကိုဆွဲယူပြီး ကြည့်လိုက်တော့။

ဟင်... ကြာပန်းက အစီအရင်မှမလုပ်ထားတာ၊ပြီးမှ ကျတော်သိလိုက်တာက  Wat က အစီအရင် နဲ့ ပြန်ရောက်လာတာမဟုတ်ဘူး...

သူ့နှလုံးသားက ကျတော့ဆီမှာတစ်ချိန်လုံးရှိနေတာပဲဆိုတာ သတိရမိတယ်။ ကျတော်က ရူးလိုက်တာ... Wat နှလုံးသားကသွေးတွေထည့်ထားတဲ့ လော့ကပ်နဲ့ ဆွဲကြိုးလေးထဲကိုထုတ်ကြည့်လိုက်တယ် ၊  အဲ့တာကို ကျတော့်ခေါင်းအုံးအောက်မှာ ထားထားတာ။ 

Married To The Death ManWhere stories live. Discover now