ကျန်ခဲ့သူ🏚️³⁰

370 28 3
                                    

"သခင်လေး ခဏနားရအောင်လား၊ အ‌ရှေ့မှာဘာမှမရှိတော့ဘူး လမ်းကဆုံးနေပြီ"

"ငါသိပါတယ်...Watများတစ်နေရာရာကထွက်လာမလားလို့တွေးနေတာ"

"ဒီလိုလုပ်ပါလား၊ အခုပြန်လိုက်ကြမယ်လေ မနက်ကျ ရှင်းရှင်းလင်းလင်းရှာလို့ရတာပေါ့"

"ဒီလိုနဲ့ အချိန်ဆွဲတာလာတော်တော်ကြာနေပြီ။ Watကအခုဆို တစ်ယောက်ထဲမဟုတ်တော့ဘူးကွ...သူ့ဗိုက်ထဲမှာ ငါ့ရင်သွေးလေးလဲရှိနေတယ်။ သူကြာကြာဒုက္ခရောက်ရင် သူဗိုက်ထဲကကလေးလဲ ဒုက္ခရောက်နေရှာတော့မယ်"

"သခင်လေး ပျော်လား"

"ပျော်တာပေါ့ ငါအမြဲလိုချင်နေတဲ့ ကလေးလေးလေ"

"သခင်လေးလိုချင်တဲ့ သားလေးမဟုတ်ပဲ သမီးလေးဖြစ်နေရင်ဘယ်လိုလုပ်မလဲ"

"အော် ဘယ်လိုပဲမွေးမွေး၊ Wat မွေးပေးတဲ့ကလေးမို့ ချစ်စရာလေးတွေဖြစ်နေမှာပါ"

စိတ်လိုလက်ရ‌ပြုံးရင်းပြောလာတယ့် သခင်လေး။

"သခင်လေးက သိပ်ချစ်တတ်တာပဲနော်"

"သူ့ကိုမို့လို့ပါ..."

စကားအစပြတ်သွားတယ်။ဒီကောင်ကဒီလိုကျတော့လဲ စကားပြောလို့ကောင်းသားပဲ။ ကျတော်နဲ့Watကြားက အကြောင်းတွေ ၊ Watကိုကျတော်ဘယ်လိုခံစားရတာတွေကို ဘယ်သူ့ဆို ဘယ်သူ့ကိုမှ မပြောပြခဲ့ဖူးဘူး။

ဒီလိုပြောပြလိုက်တော့ ရင်ထဲပေါ့သွားသလိုပဲ၊ ဒီလိုစကားတွေကို Watကိုမပြောရတာကြာရောပေါ့။ သူ့ကိုခဏခဏမကြာမကြာပြောခဲ့ပေမဲ့ ပြောလို့မ၀သေးတာတော့အမှန်ပါ။

"ဘယ်ကိုသွားရှာချင်သေးလဲ သခင်လေး"

"ငါတို့ ဘယ်ဘက်ခြမ်းကိုမသွားရသေးဘူးမလား အဲ့ကိုသွားပြီးရင်ပြန်ကြတာပေါ့"

"ဖြစ်ပါ့မလား၊ အဲ့မှာ ကျီးကန်း‌တွေရှိတယ်နော်"

"ဖြစ်ပါတယ် ကျီးကန်းနဲ့ငါတို့ကမတည့်ပေမဲ့ အမြဲသတ်နေကြ‌တာတော့မဟုတ်ပါဘူး"

‌ဝံပုလွေမျိုးရိုးနဲ့ ကျီးကန်ဆိုတာ ရာဇ၀င်ရှိ‌ခဲ့တာပါ။ အခုကတော့ သိပ်ပြဿနာမရှိလောက်ပါဘူး။ ‌

Married To The Death ManWhere stories live. Discover now