ဒီနေ့ မောင့်ဆီကစာရတယ်၊ သူဟိုမှာအဆင်ပြေတယ်တဲ့...ဒါပေမဲ့ တချို့အတားအဆီးတွေေကြာင့် ကောက်ခါငင်ကာ ကယ်လို့မရဘူးဆိုတယ်။ မောင်ထွက်သွားတာ ၄ရက်ရှိပြီ...ကျတော် မောင်ပြန်လာတဲ့အထိ ရေတွက်နေမှာ
"ငါတို့ ဒီနေ့ ဘယ်ကိုသွားကြမလဲ"
စကားပြောဖော်မရှိတဲ့ကျတော်။အခု ကျတော့်နားက ငှက်လေးတွေကိုမေးနေတာ သူတို့ကလွတ်လပ်စွာပျံသန်းနေကြတယ် နော်အားကျတယ်။
ကျတော်လည်းမောင်ပြန်လာရင် တစ်ခေါက်လောက် ကြည်နူးဖွယ် အခိုက်အတန့်လေးတွေဖန်တီးချင်ပါသေးတယ်။
ပျင်းပျင်းရှိတာနဲ့...စာဖတ်ခန်းကိုထွက်လာဖို့ပြင်လိုက်တယ်။ ပြီးမှသတိရတယ် ကျတော့် ဒိုင်ယာရီကိုဆက်ဖတ်ရဦးမယ်။
"ဘယ်နားမှာလိမ့်..."
"အော် ဒီမှာ"စားပွဲအောက်ရောက်နေပါသော ထိုစာအုပ်လေး။ ကျတော်ဆက်ဖတ်ဖို့ နေရာအကျထိုင်းအပြီး။ ဖတ်လက်စ နေရာလေးကိုလှန်လိုက်တယ်။
၁၀.၁၂.၁၈၇၈
ငါ့ကိုလာခေါ်ဖို့ မြင်းလှည်းတွေရောက်တော့မယ်လို့ အထိန်းတော်ကြီးကပြောတယ်။
ငါ ဒီစံအိမ်တော်ထဲကထွက်သွားရလို့ ၀မ်းနည်းမိပါတယ်။ သူ့ကိုလည်း သွားမကြည့် နိုင်တော့လို့ ပို၍တိုး ၀မ်းနည်းရပါသေးတယ်။အောက်မှာ မြင်းအသံကြားရတယ်၊ သွားရ...။စောနက ဆက်မရေးမိဘူး။ မယ်တော်ကအတင်းခေါ်နေတာမို့လေ။
မြင်းလှည်းမောင်းသမား ဦးလေးကြီးက တစ်ခြားလမ်းက သွားမယ်လုပ်နေသဖြင့် မြို့မကြီးလမ်းကသွားဖို့ ပြောလိုက်သည်။
YOU ARE READING
Married To The Death Man
Fanfictionမင်းမပြေးပါနဲ့ ငါကမင်းကို အစွန်းစုံထိဆွဲထားမှာ၊ ဒီဘ၀မပေါင်းရလဲ ဘာအကြောင်းလဲ။ နောက်ဘ၀ပေါ့..... #Gemini မင်းကိုလက်မခံနိုင်ဘူး.....မင်းဖြစ်နေလို့ကို လက်မခံတာ၊ ဒီဘ၀လဲမရဘူး။နောက်ဘ၀ဆိုတာမျိုးကဝေးသေး.. #Fourth တစ်ယောက်ကပြေး....တစ်ယောက်ကလိုက်။ ဘယ်သူကပိုပ...