မောင်...🍷¹⁸

459 48 6
                                    

"‌Watရော အဒေါ်ကြီး"

"သခင်လေး အခန်းထဲမှာပဲရှိပါတယ် သခင်လေးWit"

"အင်း ကျတော့်ကို ဒီအထုတ်လေးတွေသယ်လာခိုင်းလိုက်ပါ အခန်းထဲကို"

"ဟုတ်ကဲ့"

ထို့နောက် Watရှိတဲ့ အခန်းထဲသို့ ရောက်တော့ ကျတော်စိတ်ကိုပြင်ဆင်နေပြီ။

အရင်တခေါက်ကလို Phuwin ဆိုတဲ့
ကောင်လေးနဲ့ဖက်မနေဖို့မျှော်လင့်နေတယ်၊ အဲ့လိုထပ်မြင်ရရင် ကျတော်အဲ့‌‌နေ့ကထက်ပိုကြမ်းတမ်းမိလိမ့်မည် ဆိုတာ သိနေတယ်။

*ကျွှီးးး*

"Gem"

လှည့်ကြည့်လာတဲ့ မျက်၀န်းတွေက စိုးရိမ်မှုအပြည့်နှင့်၊
ပြေးလာကာ လူကိုဖက်သည်။
ဒီက မညှို့ခင်က ညွှန့် နေပြီ ဆိုသည်ကို သူလေးမသိလေပြီ။

ပြေးဖက်လာတဲ့ ခန္ဓာကိုယ်လေးကို နွေးနွေးထွေးထွေးပြန်ဖက်မိတော့ တသိပ့်သိပ့်တုန်နေတဲ့ ခန္ဓာကိုယ်လေး။

ဒီရင်ခွင်အကျယ်ကြီးက မင်းအတွက်ပါပဲ Wat...၊ မင်းလုငိုနေစရာမလိုပါဘူး။

"Wat ငိုနေတာလား"

ထိုသို့မေးတော့ ပိုသို့တိုး၍ ငိုလာသည်။ တအီအီ အသံလေးက မာနလေးနဲ့မှမလိုက် ရှိုက်ကြီးတငင်ထွက်လာသည်။

"ကိုယ်တောင်းပန်ပါတယ် Watရယ် မင်းမငိုပါနဲ့နော်"

ကျတော်‌ကပြောရင်း သူ့ရှေ့ဒူးထောက်ကာ မော့ဖူးရသည်။ သူလေးက အဲ့မျက်ရည်‌နဲ့မလိုက်ဘူးဆိုတာ ခင်ဗျားတို့သိလိမ့်မလား။

"ထ"

ဆူဆူအောင့်အောင့်လေးပြောပုံက ကလေးပုစိလေးလိုပဲ၊ အရမ်းမြူဆွယ်နေလွန်းတယ် Watရယ်။

"ကိုယ့်ကိုဆွဲထူလေ"

"မင်းဘာသာထ"

"မောင်လို့ခေါ်"

"မခေါ်ချင်ပါဘူး..."

"Watရယ် မင်းအဲ့လိုခေါ်ရင် ကိုယ့်မှာရင်ခုန်လို့ တစ်ခေါက်လောက်ခေါ်နော်"

သူကကျတော့်လက်တွေကို ကိုင်ရင်းပြောတယ်။
ကျတော်သူ့ကိုဆွဲထူလိုက်သည်။

Married To The Death ManWhere stories live. Discover now