မူဆယ်မြို့လယ်ဟိုတယ်ရှိ စည်ကားစွာကျင်းပနေသောမင်္ဂလာပွဲ။နှစ်ဖက်လုံးက အသိုင်းအ၀ိုင်းကြီးတွေဖြစ်တဲ့အပြင် ဇနှီးမောင်နှံ နှစ်ဦးလုံးကလဲ အပေါင်းအသင်း၀င်ဆန့်တဲ့ပုဂ္ဂိုလ်တွေဆိုတော့ မင်္ဂလာပွဲက စည်ကားနေတာတော့အမှန်။ ပုံမှန်ဆို ၀င့်၀ါ ဒီလိုပွဲတွေ သိပ်မတက်ချင်။ခုက ဆေးရုံတစ်ခုတည်းလုပ်နေတဲ့အပြင် ကိုယ့်စီနီယာလဲဖြစ်နေတော့ မသွားလို့ မဖြစ်တဲ့အနေအထားကြီးမို့။ ရင်နှီးတဲ့သူသိပ်မပါတော့ ထောင့်စွန်းက ခုံလေးမာ ထိုင်ပီးတယောက်တည်းမုန့်ပဲထိုင်စားနေလိုက်တော့တယ်။ ပွဲခင်းထဲကို ၀င်လာတဲ့ ဇနီးမောင်နှံကိုကြည့်ပီး ၀င့်၀ါလဲ ပြုံးမိသွားတယ်။ တကယ်ကို လိုက်ဖက်ပါတယ်လေ။ နေပါအုံး ...သတို့သားကို ငါဘယ်မာမြင်ဖူးပါလိမ့်...။
၀င့်၀ါ..ထပ်မတွေးတော့ပဲ မုန့်ဆီကိုသာ အာရုံပ်ို့ထားလိုက်တော့သည်။ ခနနေတော့ သတို့သမီးအမက ၀င့်၀ါကို လာနုတ်ဆက်သည်။
"ညမလေးကိုရှာနေတာအမက.. ဒီဖက်မာတယောက်က်တည်းလာထိုင်နေတာကိုး...ဘာလဲပျင်းနေပီလား"
"မပျင်းပါဘူး အမ ဒီမာဒါတွေရှိတယ်လေ"၀င့်၀ါ မုန့်ပန်းကန်လေးမြောက်ပြတော့ အမက သဘောတကျရီကာ...
"အမ အမျိုးသားနဲ့ မိတ်ဆက်ပေးမလို့ဟာ ဟိုမာ သူ့သူငယ်ချင်းတွေ ရောက်နေလို့တဲ့ သွားနှတ်ဆက်နေလို့"
အမ ပြတဲ့နေရာကို ဘာရယ်မဟုပ်လှည့်ကြည့်မိတော့
"ဟင်..,!"
ငယ်လေးပါလား...။TVထဲမာ ခနခနမြင်နေရပေမဲ့ ၇ နှစ်ကြာပီးမှအပြင်မာ ပထမဆုံး ပြန်တွေ့ရတာပဲ။အရပ်ကအရင်ထက်နဲနဲပိုရှည်လာပေမဲ့ အရင်င်လို ပိန်ပိန်ချပ်ချပ်လေးမဟုပ်တော့ပဲ ခန္တာကိုယ်ကတော်တော်ထွားလာသည်။အသားကတော့ ဟိုမာအနေများခဲ့လို့လားမသိ အရင်င်ထက်ပိုဖြူလာတယ်။သူ့သူငယ်ချင်းက နေထွန်းပဲ။ဒါကြောင့် နေထွန်းဆ်ိုတဲ့နာ မည်ကိုငါရင်းနှီးနေတာ။သူ့လက်ကိုချိတ်ထားတဲ့ကောင်မလေးက ဟ်ိုတခါ ဘားမာ တွေ့ခဲ့တဲ့ကောင်မလေးမဟုပ်လား။ငယ်လေးက မိန်းခလေးပဲကြိုက်တာဆိုတော့ ဒီကောင်မလေးနဲ့များတွဲနေတာလားမသိ..။ဘာပဲဖြစ်ဖြစ် ငယ်လေးငါ့က်ိုတွေ့သွားလို့မဖြစ်ဘူး။
"၀င့်၀ါ..ညမလေး အမခေါ်နေတာတော်တော်ကြာနေပီ ဘာလို့လဲ အသိတွေကြောင့်လား"
"ရှင်..အော်.မဟုပ်ပါဘူးအမ"၀င့်၀ါ ဘယ်လောက်တောင် ငေးမိသွားတယ်မသိ အမပြောမှ အသိ၀င်ကာ အကြည့်လွဲလိုက်ရသည်။
"အမ အမျိုးသားမာ အခင်ဆုံးသူငယ်ချင်းနှစ်ယောက်ရှိတယ်ဆိုတော့ အစက အမထင်တာယောကျ်ားလေးတွေပဲဖြစ်မယ်လို့...ခုလာမှ မိန်းခလေးတွေမှန်းသိတာ ..ဟိုအရပ်ရှည်ရှည်လေးနဲ့ ခပ်တည်တည်နေတဲ့တယောက်က်က မြန်မာကိုပြန်ရောက်တာ သိပ်မကြာသေးပေမဲ့..သူ့companyကတရှိန်ထိုး တိုးတက်နေတာလေ..TVမာတောင်သူတို့companyအကြောင်းခနခနပါတယ်ရော်..ဘေးကကောင်မလေးကလဲ စိီးပွားရေးသမားပဲတဲ့ "
"ဟုတ်.."
အမ ပြောတာတွေကို နားထောင်နေရပေမဲ့ ၀င့်၀ါကတော့ ဒီက ဘယ်လိုထွက်သွားရင်ကောင်းမလဲလို့သာ စဥ်းစားနေမိသည်။
"အမ သွားပီးဧည့်ခံလိုက်အုံးလေ ညမ တယောက်က်တည်းလဲအဆင်ပြေပါတယ် မုန့်တွေရှိနေရင်ပေါ့"၀င့်၀ါပြောင်စပ်စပ်လေးလုပ်ပြတော့ အမက သဘောတကျ ထပ်ရီကာ
"ကြိုက်သလောက်စားနော်...ဒါဆိုအမ ခနသွားလိုက်အုံးမယ်"
"ဟုတ်☺️"
အမ ထွက်သွားတာနဲ့ ၀င့်၀ါလဲ ယောင်လည်လည်လေးလုပ်ကာ အ်ိမ်သို့သာ သုတ်ချေတင်တော့တယ်။ ထွက်မလာလို့လဲမရ ငယ်လေးကို သူမ မျက်နှာချင်းမဆိုင်ရဲသေးပါ။ သူမ ကအရင်အားလုံးကို ထားခဲ့ပီးပြေးထွက်လာသူပဲ ။ငယ်လေး ဘယ်လိုခံစားပီးကျန်ခဲ့မာလဲဆိုတာကိုမတွေးမိတာမဟုပ်ပေမဲ့ အသဲမာမာနဲ့ပဲထားခဲ့မိတာမဟုပ်လား။ ခုဆို သူ့ဘ၀လေးက အဆင်ပြေကာတောက်ပလို့နေပီ။ ၀င့်၀ါမရှိလဲ ငယ်လေးက နေတတ်နေပီ။ သူမ မာသာ ကိုယ့်အပြစ်နဲ့ကိုယ်မို့ အလွမ်းတွေကို သိမ်းဆည်းရင်း တယောက်က်တည်းရှင်သန်နိုင်အောင်ကြိုးစားရပေအုံးမည်။
...
"မ..ဘယ်တွေသွားနေတာလဲ ဒါရန်ကုန်က ကိုယ့်သူငယ်ချင်း ဘောစိမ နှစ်ကောင် ..ကိုယ်သာကျွတ်သွားတယ် သူတို့နှစ်ယောက်ကခုထိ မစွန်နိုင်သေးလေ"
နေထွန်းက သူ့အမျိုးသမီးကို မိတ်ဆက်ပေးပ်ီး ခပ်နောက်နောက်ဆိုတော့
"ဒီကောင်..ငါတို့က မယူချင်သေးလို့ပါနော်.လိုချင်သူတွေမှပေါလို့..မဟုပ်လား သွင်."
မိဇူးမ ကအားကျမခံပြန်ပြောကာ သွင့် ကိုလဲစစ်ကူတောင်းတော့ သွင့်မာ အင်းလို့သာ ပြန်ပြောလိုက်ရည်။
"အမ တို့ဆေးရုံမာ ဆရာ၀န်ချောချောလေးတွေ ရှိတယ်နော် အမ မိတ်ဆက်ပေးရမလား"
သတို့သမီး အမက စနောကာက်သလိုလေးပြောတော့
"ဟာ ..မ ကလဲ သွားမလုပ်နဲ့နော် တော်ကြာ အဲ့ကောင်လေးတွေပဲ ရှ ကုန်မာ သူတို့နှစ်ယောက်လုံး အကွေး.."
"အမ််...ဟုပ်လား"
သူမလဲ ခနတော့ အံ့သြသွားသည်။
ဒါပေမဲ့ သူမက လိင်တူ ချစ်တာကို ရှုံ့ချတတ်တဲ့သူမျိုးမဟုပ်။ ခုဆို မြန်မာပြည်ထဲမာတောင် လက်ခံတဲ့သူ တော်တော်အများ ရှိလာသေးတာပဲ။ လက်မခံတဲ့သူတွေရှိနေသေးရော ဘာဖြစ်တာမှတ်လို့ အဓိက ကချစ်တဲ့သူနှစ်ယောက် ပျော်ရွှင်ရပီး ချစ်ချစ်ခင်ခင်နေရဖို့ပဲလေ..။
"အဲ့ဒါဆို အမက ဆရာ၀န်မ ချောချောလေးတွေနဲ့ မိတ်ဆက်ပေးရမယ်ပေါ့"
"အမကလဲ နောက်ပြန်ပီ"
"ဟယ်..အမ တကယ်ပြောတာနော် လုံး၀ အချောလေးတွေရှိတယ်..ခန ...ဟ်ိုနားမာတောင်တယောက်ရှိတယ်"....သူမအပြောကြောင့် အားလုံးရဲ့ခေါင်းက သူမ ပြတဲ့စားပွဲ၀ိုင်းဆီသို့...
"ခုနလေးကပဲ အမနဲ့စကားပြောနေသေးတာ သူတောင်ဒီဖက်ကို လှမ်းကြည့်နေသေးလို အမကအသိတွေလားလို့ မေးလိုက်သေးတယ်.. ၀င့်၀ါ တယောက်က်ကလေ မပြောမဆို ပြန်သွားပြန်ပီ"
"ဟင်..!"
သုံးယောက်လုံးဆီမှ အသံ .။
သတို့သမီးအမ ရဲ့ စကားအဆုံးသူတို့သုံးယောက်လုံး တယောက်မျက်နှာတယောက်ကြည့်ကာ ဟင် မိကြသည်။
ပထမဆုံးသတိ ၀င်လာသူကသွင်...
"ရန်ကုန်ပြည်သူ့ဆေးရုံကပြောင်းလာတဲ့ ဒေါက်တာ ၀င့်၀ါဖြူလား အမ"
"အင်း ဟုပ်တယ်လေ သူဒီကိုပြောင်းလာတာ ၆နှစ် ၇ နှစ်လောက်ရှိပီ .."
"သူ့လိပ်စာလေး ပေးလို့ရမလား အမ"
အမဆီက လိပ်စာရတော့ မင်္ဂလာပွဲပီးတာနဲ့ သွင် ထွက်လာခဲ့လိုက်သည်။
မ ကဒီလောက်တောင် သူ့ကိုမတွေ့ချင်မမြင်ချင်ဖြစ်နေတာလား။ ပွဲထဲမာဆုံရင်းသားနဲ့တောင် တခွန်းမှနုတ်မဆက်တဲ့အပြင် မသိတဲ့သူလို့တောင်ပြောသွားရက်ခဲ့သည်။ မ ကဘလောက်ပဲ ရှောင်ရှောင် သွင်ကမရ ရအောင်ပြန်ခေါ်သွားမာ။ အစတည်းက မ ဟာသွင့်အပိုင်ဖြစ်ပီးသား.။
သွင့် ကားလေးကို မခြံရှေ့က လမ်းသွယ်လေးမာ ရပ်ပိီး အထဲကိုကြည့်မိတော့ ချစ်ရသူက အိမ်ရှေ့ကဒန်းပေါ်မာ ထိုင်ပီး ကြောင်လေးကိုတောင်ဆော့နေသေးရဲ့။
"ဟွန့်..သူအရမ်းတွေအေးချမ်းနေတယ်ပေါ့လေ"
သွင် အသာပြုံးမိသည်။ မျက်စိရှေ့မာပဲချစ်ရသူလေးက ကြောင်လေးကိုပွေ့လို့အိမ်ထဲပြန်၀င်သွားသည်။
ခုလိုမျိုး လာကြည့်နေမိတာ ဘယ်နှစ်ရက်မြောက်ပီမှန်းမသိ။
........................
သွင် စီစဥ်စရာတွေ အကုန်လုပ်ပီးတာနဲ့ မ အိမ်ရှေ့မာ ကားလေးရပ်လို့ စောင့်နေခဲ့သည်။ ဒီနေ့ ကတော့ဒေါ်၀င့်၀ါဖြူနဲ့ လုံး၀ စာရင်းရှင်းရမဲ့နေ့။ မက ဆေးရုံသွားမလို့ထင်တယ် ပါတိတ် အ၀ါ၀မ်းဆက်လေးနဲ့ ခြံတံခါးနားလျောက်လာတာမြင်တော့ သွင် ကားပေါ်မှဆင်းကာ ကားbodyကိုမှီပီးရပ်နေလိုက်သည်။
ခြံပြင်ရောက်လာသူက သူ့မမြင်သေးတဲ့အပြင် ခြံတံခါးကိုတောင်အေးအေးသက်သာ ပ်ိတ်နေသေးတယ်။ သွင် မလုပ်နေသမျှကို မျက်တောင်မခတ်ပဲ ကြည့်နေလိုက်သည်။
၀င့်၀ါ ခြံပိတ်ပီးတော့ ဒီဖက်အလှည့်
"အို..ငယ်လေး"
သူမအတော်လေးကို ထိတ်လန့်သွားပုံပေါ်သည်။ငယ်လေးလို့ခေါ်ကာ ပြူးကြောင်ကြောင်လေး ကြည့်နေသည်။
"နေကောင်းလား"
မ နဲ့ပြန်တွေ့မဲ့နေ့ကို ပုံစံအမျိုးမျိုးနဲ့ ပုံဖော်ကြည့်ခဲ့ပေမဲ့ တွေ့ပြန်တော့ ကိုယ့်နုတ်က ပထမဆုံးထွက်တဲ့စကားက ဘယ်လို ရူးကြောင်ကြောင်နိုင်တာကြီးလဲ။
-အင်း..ငယ်လေးရော"
"နေကောင်းလို့ ခဗျားရှေ့မာ ရပ်နေနိုင်တာလေ"
"ဒါနဲ့ ဘယ်က ဘလိုလုပ်ပီး...?"
"ဒီနေရာထိ ဘသူ့ဆီကို လာတယ်လို့ထင်နေတာလဲ ဒေါက်တာ"
"မ ဆေးရုံသွားရအုံးမယ် အထဲ၀င်ပီးထိုင်နေလေ ဒီမာ အိမ်သော့..အာ့.."
အိမ်သော့ လှမ်းပေးနေတဲ့ မ လက်လေးကို ဆောင့်ဆွဲလိုက်ပီး သူမ ခန္တာကိုယ်ကို ကားနဲ့ သွင့် ကြားမာ ညှပ်ထားလိုက်ကာ အတင်းအကြပ် နမ်းနေမိသည်။
"ပြွတ်"
သွင်ဘလောက်တောင် လွမ်းနေခဲ့ရလဲ ။ဒီအရသာလေးကို..မကအသက်ရှူကျပ်လာလို့ထင်ရဲ့ သွင့်ရင်ဖတ်ကို တဘုန်းဘုန်းထု မှ သွင်အသာလွတ်ပေးလိုက်သည်။ သွင့်မျက်နှာကို တော့ မ လည်ပင်းကြားထဲ တိုးလို့ လည်ပင်းသားလေးကို တတိတိ ကိုက်နေမိတုန်း။
"ငယ်လေး လွတ်အုံး လမ်းမကြီးပေါ်မာလေ"
"အရမ်း လွမ်းနေခဲ့တာ"
သူကတော့ ၀င့်၀ါ ပြောတာကို မကြားသည့်အလား နဲနဲလေးမှ မလွတ်ပေးတဲ့အပြင် ပိုတိုးလို့သာ ဖက်လာခဲ့သည်။
"ငယ်.. မမနာနေပီလို့ ခန လွတ်အုံး"
ထိုခါမှ အသာလေးဖြေလျော့ကာ လက်ကတော့ သွင့်ခါးပေါ်မာ ရှိနေတုန်း.
"မ ဆေးရုံသွားရအုံးမယ်"
"ခွင့်ယူလာပီ"
"ဟင်..!"
"မ တွက် ခွင့်ယူလာတယ် သွားစရာမလိုတော့ဘူး"
၀င့်၀ါလဲ သက်ပြင်းချကာ အိမ်ထဲသာ ပြန်၀င်ဖို့လုပ်ရတော့သည်။ခြံထဲ၀င်တာနဲ့
"အို.."
သူက ဆတ်ကနဲ ကောက်ချီလိုက်တော့
၀င့်၀ါအလန့်တကြား သူ့လည်ပင်းကို သိုင်းဖက်မိသည်။ သူကသဘောတကျရီကာ အိမ်ရှေ့က ဒန်းပေါ်မာ အသာလေးချပေးကာ သူလဲ၀င်ထိုင်ပီး..
"မတွေ့ရတဲ့ နှစ်တွေမာ ဘာလို့ဒီလောက်တောင်ပိန်သွားရတာလဲ ..လူကသစ်ရွက်လိုပေါ့ပါးနေတာပဲ"
၀င့်၀ါ ငယ်လေးမျက်နှာလေးကို လက်နှစ်ဖက်ဖြင့်အသာဆွဲယူပီး မေးဖြားလေးကို မော့နမ်းကာ
"ငယ်လေးကတော့ ပိုချောလာတယ်"
"သွင့်ကိုပစ်သွားတဲ့ နှစ်တွေအတွက် ဒီအနမ်းတချက်နဲ့တော့ မကြေပေးနိုင်ဘူးနော်"
"ပြွတ်"
၀င်၀ါ့ သူ့နုတ်ခမ်းကို အသံမြည်အောင်တချက် ထပ်နမ်းလိုက်တော့ သူက၀င့်၀ါ့ ခေါင်းကိုထိန်းကိုင်ကာ မြွတ်မြွတ်သိပ်သိပ် ထပ်နမ်းပြန်သည်။ စနမ်းလိုက်တာ ၀င့်၀ါပေမဲ့ သူကချည်းဦးဆောင်ပီးနမ်းသွားသည်။ ၀င့်၀ါ နုတ်ခမ်းတစ်စုံက သူ့ပါးထဲမာ တစ်ကိုယ်လုံးမြိုချမတတ်နမ်းနေသူကို ထုလွတ်မှ နမ်းနေရာမှအသာလွတ်ပေးကာ နှဖူးလေးကိုအသာ လာနမ်းပီး အဆုံးသတ်လိုက်သည်။
"မေမေတို့ရော နေကောင်းရဲ့လား"
"မေမေက မ ကို အမြဲသတိရနေတာ တငိုငိုနဲ့"
"ဟို..ဖေဖေကရော လက်ခံပါ့မလားဟင်"
"ပြွတ်.."
"စိုးရိမ်စရာမလိုဘူး သူသဘောမတူရော ဘာဖြစ်လဲ ကိုယ့်မိန်းမ ကို ကိုယ့်ဘာသာ ရှာကျွေးနိုင်တယ်"
သွင့်ဆီက မိန်းမ ဆိုတဲ့အကြားတာနဲ့ ၀င့်၀ါတယောက်က်မျက်နှာရဲလာကာ
"ဘသူက မိန်းမ.."
"အော.. မ က သွင်နဲ့ အိပ်တုန်းက အိပ်ပီး တာ၀န်ကျမယူချင်ဘူးပေါ့လေ ..မ မမှတ်မိမိရင်သွင်ပြန်ပြောပြရမလား သွင့်မွေးနေ့ ညကလေ"
သွင် ခပ်တည်တည်လေးဆိုတော့
"မဟုတ်ပါဘူး"
၀င့်၀ါ တိုးတိုးလေးသာဆိုမိသည်။ သူ့မွေးနေ့တုန်းက လူကို မရရအောင်ပြောပီး ယူသွားတာ သူမဟုပ်တဲ့အတိုင်း..အဲ့ညကလဲ ၀င့်၀ါပဲ အလူးအလဲ ခံလိုက်ရတာမဟုပ်လား.. ဒါကို သူက နစ်နာသူကြီးလို လာလုပ်ပြနေသေးတယ်။ ၀င့်၀ါ မျက်စောင်းထိုးမိတော့
"မွ..ပြွတ်😚"
မျက်လုံးလေးရော နုတ်ခမ်းရော လာနမ်းကာ
"မ ကသွင့်ကိုယုံကြည်ပီး ချစ်နေပေးရင်ရပီ ..အရင်လို မနူးမနပ်လေး မဟုပ်တော့ပါဘူး မ ကို ကာကွယ်စောင့်ရှောက်နိုင်တဲ့သူ ဖြစ်နေပီ...
"ကဲ ဘလိုလဲ ဒေါက်တာ ကျမကို လက်ထပ်နိုင်မလား"
သွင် လက်စွပ်ဘူးေလးဖွင့်ကာ မ ရှေ့ဒူးထောက်မိတော့...မ က မျက်ရည်တွေကြားမှ ခေါင်းညိတ်လေသည်။သွင် မကို လက်စွပ်လေး ၀တ်ပေးလိုက်ပီး လက်လေးကိုအသာနမ်းတော့ မ ကသူ့ရင်ခွင်ထဲအတင်းတိုး၀င်လာတော့သည်။
ဒီတခါတော့ မတို့ သေချာပေါက် ပျော်ရွှင်ရပီထင်တယ် ခလေးငယ်။
ခလေး ကို ယုံကြည်သလို အရမ်းလဲ ချစ်ရပါတယ်.။
.............................................
# End..ပြီးပါပြီ
Extraလေးတွေကိုတော့ ကြုံသလို ထပ်ရေးပေးပါမယ်.☺️
🥀hanako.🥀
YOU ARE READING
My stepsister is my girlfriend(Completed)
Romanceမွေးစားအစ်မ နဲ့ ညမလေး ကြားကအချစ်ဇတ်လမ်းလေး ညမလေးရဲ့သ၀န်တိုမှုတွေ အစ်မကြီးးရဲ့ဂရုစိုက်မှုတွေကို ကိုရိုရိုချိုချိုလေး တွေ့ရမာပါ