အင်္ဂလန်ရှိသွင်တယောက် မ ဆီက်ိုဖုန်းဆက်မရတာ ကြောင့်ဂဏာမငြိမ်ဖြစ်နေရသည်။ဖုန်းဆက်မရတာတစ်ရက်ပြည့်တော့မည်။ကျောင်းကိုသာသွားနေရတယ် စာကိုလုံး၀အာရုံစိုက်လို့မရ။မေမေ့ဆီကိုဖုန်းဆက်တော့လဲ မမက အရင်ကတိုက်ခန်းကိုပြောင်းသွားတယ်ဆိုပဲ။ ပုံမှန်ဆိုဆေးရုံမာ ဘယ်လောက်ပင် အလုပ်များများ ထမင်းစားနားတဲ့ချိန်သော်လည်း မ ကဖုန်းဆက်နေကြ။ခုက လုံး၀ကိုဆက်သွယ်လို့မရတာ။ သွင်မနေနိုင်ပဲ မေမေဆီထပ်ဆက်မိပြန်သည်။
"ဟယ်လို....မေမေ မမကိုခုထက်ထိဖုန်းဆက်လို့မရသေးဘူး အဲ့ဒါ သူ့တိုက်ခန်းကို ခနလောက်သွားကြည့်ပေးပါလား ...တယောက်က်တည်းနေမကောင်းဖြစ်နေမာစိုးလို့"
"မေမေ လဲတနေ့လုံးခေါ်နေတာ ခေါ်မရလို့ ခုပဲသွားကြည့်မလို့လုပ်နေတာ"
"ဟုတ်မေမေ ဟိုရောက်ရင် သွင့်ကိုဖုန်းပြန်ဆက်အုံးနော်"
"အင်းအင်း ငယ်လေး"
ဒေါ်နန်းမူတယောက် တိုက်ခန်းသို့လိုက်သွားမလို့ပြင်နေတုန်း ခင်ပွန်းသည်အလုပ်ကပြန်လာတာနဲ့တိုးလေသည်။
"နန်း ညနေစောင်းမှ ဘယ်သွားမလို့လဲ"
"အကို ပြန်လာပီလား မီးမီးလေ တိုက်ခန်းမာသွားနေမယ်လို့ပြောသွားပီးနောက် ခုထိ ဖုန်းဆက်လို့မရသေးလို့...အဲ့ဒါ သူ့တိုက်ခန်းကို ခနသွားကြည့်မလို့ "
"ဟုပ်လား လာလေ ကိုယ်လိုက်ပို့လေ"
.......
နှစ်ယောက်သားတိုက်ခန်းကိုရောက်တော့ အခန်းကသော့ပိတ်ထားလေသည်။
"သော့ပိတ်ထားတယ် အကို မီးမီးပြန်မရောက်သေးတာများလား"
"ခနစောင့်ကြည့်မလား ဒါမှမဟုပ် ဆေးရုံးလိုက်သွားချင်လို့လား "
"ဆေးရုံကိုပဲ လိုက်သွားလိုက်မယ် နီးနီးလေးပဲကို..ငယ်လေးကလဲ သူ့အမကို ဖုန်းဆက်မရလို့တဲ့ တကျီကျီလုပ်နေတယ်"ဇနီးဖြစ်သူရဲ့စကားအဆုံး ဦးလင်းသွင်တယောက်က် မျက်နှာပျက်သွားတာကိုတော့ ဒေါ်နန်းမူ သတိမထားမိလိုက်ပေ။
ဆေးရုံရောက်တော့ ကောင်တာကဆရာမလေးက်ို
"သမီးရေ ဒေါက်တာ၀င့်၀ါဖြူ အလုပ်မဆင်းရသေးလားကွယ် ည ဂျူတီတွေများရှိနေလားလို့ပါ"
"အန်တီက......?
"အဒေါ်က သူ့အမေပါကွယ်"
"ဒေါက်တာက မနေ့ကပဲ အလုပ်ထွက်စာတင်သွားတာအန်တီ....."
နာစ့် မလေးရဲ့စကားအဆုံး ဒေါ်နန်းမူတယောက် ယိုင်လဲတော့သည်။ဘေးနားက ခင်ပွန်းသည်ကအမြန်ထိန်းလိုက်နိုင်လို့သာကြမ်းပြင်သို့ပြုတ်ကျမသွားခြင်းေပ။ဦးလင်းသွင်မာလဲ တရှုံ့ရှုံ့လုပ်နေတဲ့ဇနီးသည်ကို အိမ်သာပြန်ခေါ်လာလိုက်ရသည်။
"အကို မိီးမီးကလေ မပြောမဆိုထွက်သွားမဲ့ခလေးမဟုပ်ဘူး..မပြောကောင်းမဆိုကောင်း ပြန်ပေးဆွဲခံရတာများလားဟင်...အကို့ပြိုင်ဖက်တယောက်ယောက်ကများ....."
"မဟုပ် နိုင်ပါဘူးကွာ...နန်း ကိုတခုပြောမယ်နော် စိတ်အေးအေးထားပိီးနားထောင်ဟုပ်ပီလား
တကယ်တော့ ငယ်လေးနဲ့ သမီးကြီးကတွဲနေကြတာ "
"ဟင်..!
"ဟုပ်တယ် အိမ်ကထွက်မသွားခင်တနေ့ကလဲ သမီးကြီးက ၀န်ခံသွားတယ်...ကိုယ်က မဖြစ်သင့်တာမဖြစ်ရအောင်ဆိုပီး သမီးကြီးကို ငယ်လေးနဲ့အဆက်အသွယ်ဖြတ်ဖို့ပြောလိုက်တာ သူ့အတွက် ရည်ရွယ်ထားတဲ့သူပါ ရှိကြောင်းလဲ ပြောမိသွားတယ်...ကိုယ့်စကားတွေကြောင့်များ အိမ်ကထွက်သွားတာလားမသိဘူး"
"အီး...ရှင်တော်တော် အသဲနှလုံးမရှိပါလား ကျမကိုလဲတခွန်မှမပြောပဲ မီးမီးကိုအဲ့လို့သွားပြောရလား ငယ်လေးသိရင် ဘယ်လောက်တောင်၀မ်းနဲလိုက်မလဲ သူ့တို့ဟာသူတို့ဘာပဲဖြစ်ဖြစ် ကျမခလေးတွေကိုကျမချစ်တယ် ကျမခလေးတွေကို ခုချက်ချင်းပြန်ခေါ်ပေး..အဟင့်...😭"
"အေးပါကွာ ကိုယ်ပြန်တွေ့အောင်ရှာပ့မယ် မငိုနဲ့တော့ ဟုပ်ပလား"
...............................
မေမေ့ဆီက အကြောင်းစုံ အကုန်သိရတာနဲ့ သွင် ချက်ချင်း မြန်မာပြည်ကို ပြန်လာခဲ့သည်။ခုချိန်မာ သွင့်အတွက် အရေးကြီးဆုံးက မမကို ပြန်ရှာတွေ့ဖို့ပဲ ။အမြဲတမ်း မိသားစုနဲ့နေလာတဲ့သူက တယောက်တည်းဘယ်လောက်တောင်ဒုက္ခရောက်နေလိုက်မလဲ ။
"ငယ်ငယ် မင်းကဟိုကိုပြန်ပီးစာပဲဆက်သင်..ဒီကကိစ္စကို ငါပဲလုပ်မယ်"
"သွင် မပြန်ဘူးဖေဖေ..မမ ကိုတွေ့အောင်ရှာရမယ်"
"မိသွင် ဒီအဖေကပြန်ဆိုပြန်လိုက် မင်းမာ သူ့ကို ရှာဖို့ ဘာအဆက်အသွယ်တွေများရှိလို့လဲဟင် ...ကိုယ့်ကိုယ်ကို အရင် ရပ်တည်နိုင်အောင် ကြိုးစားအုံး"
"ဖေဖေ့ကြောင့် မမ က ထွက်သွားရတာ ဖေဖေ့က်ို ဒီလောက် အသဲနှလုံးမဲ့လိုက်မယ်လို့ လုံး၀မထင်ခဲ့မိဘူး"
"မင်း တိူ့နှစ်ယောက်ကရော မှန်နေလို့လား ဘယ့့်နယ် မိန်းခလေး ချင်းချင်းကို ချစ်ကြိုးသွယ်ရတယ်လို့
သမီး၀င့်၀ါက မင်းအမလေ ..ကိုယ့်အမကို ဘလိုတောင် ..ငါကွာ ...တောက်....."
"သွေးသားမတော်စပ်တာ ဖေဖေအသိဆုံးမဟုပ်လား"
"ဟေ့ ငါ့ကိုဘာမှ ပြန်ခံပြောမနေနဲ့ မနက်ဖြန် ဟိုကိုပြန်ဖို့လုပ်"
....
မမ သွင်က တွေ့အောင်ပြန်ရှာမာမို့ ဒီအတောအတွင်း ကျန်းမာအောင်နေပါ။ဒီတခါ ပြန်တွေ့ရင်တော့ မမကို ဘယ်မှထွက်မပြေးနိုင်အောင် အိမ်ခန်းထဲမာ သော့ခပ်ထားေတာ့မယ်။
သွင်နောက်နေ့ မနက်မာပဲ ဟိုကို ပြန်သွားရတယ် ။မမ ကို လွမ်းပေမဲ့ ဒီကျောင်းပီးလို့ ငါအလုပ်ရမှ မမကို ကိုယ်တိုင်ရှာနိုင်မာ ။ဖေဖေက ဘယ်လောက်ပင်ရှာပေးမယ်ပြောပြော သွင်ဖေဖေ့ကိုမယုံတော့ပါ။ သူက မမကို ထွက်ပြေးစေတဲ့အပြင် သွင်တို့ကိုလဲ သဘောတူမာမဟုပ်။
သွင်ကျောင်းတက်ရင်း စီးပွားရေးပိုင်းကိုလဲပိုလို့ လေ့လာဖြစ်သည်။ ဖေဖေပြောသလို ပိုက်ဆံရှိမှ လူရာ၀င်မာ မမကိုလဲ အပူအပင်ကင်းကင်းနဲ့စောင့်ရှောက်နိုင်မာေလ။
ကျောင်းဒုတိယနှစ်မာပဲ သွင် ရှဲယာ အနည်းအကျဥ်း၀ယ်ပီး ရှဲယာ ကစားကြည့်သည်။ ရှဲယာ ကစားတာနဲ့သွင် အကျိုးပေးတယ်ဆိုရမလားပဲ။ကျောင်းပီးတော့ သွင်ဟာ ရှဲယာ စျေးကွက်မာ ဘုရင်တဆူဖြစ်နေပါပီ။
ကိုယ်ပိုင် ကုမ္ပဏီ တခုထောင်တော့ ကျောင်းပီးတာနဲ့ အိမ်ပြန်မယ်ဆိုတဲ့အစီအစဥ်ကို ဖျက်လိုက်ရသည်။
သွင့်မာ ပိုက်ဆံနဲ့အဆက်အသွယ်ရှိလာတာနဲ့ လူငှားပီး မမ ကို ရှာခိုင်းခဲ့သည်။ အပုန်းကောင်းတဲ့တယောက်က်သော သူကတော့ သွင် ကိုယ်တိုင်လာ ရှာတာကိုများစောင့်နေတာလား မှတ်ရတယ် လုံး၀ကို အစအနပင် ရှာလို့မတွေ့။
.....................
"KELVIN ငါ တို့နောက်တပတ် မြန်မာကို ပြောင်းမယ် အားလုံးအဆင်သင့့်လုပ်ထားတော့"
"ဘာလဲ..boss ...bossရဲ့မဟေသီလေးကို သွားရှာတော့မလို့လား..ကျနော့အထင် သူ့အိမ်ထောင်တွေ ဘာတွေ ကျသွားရင် bossတော့သွားပီ"
"ဒေါက်!..
"မင်းရဲ့ ပုပ်ဟောင်နေတဲ့ပါးစပ်ကို ပိတ်ထားလိုက်"
သွင် သူ့ကို ဘောပင်ထည့့်တဲ့ဘူးနဲ့ကောက်ပေါက်လွတ်လိုက်သည်။KELVIN က သူ့လက်ထောက်ဆိုလဲဟုပ်၊သူ့သူငယ်ချင်းဆိုလဲမမှားတာ မို့ သွင့်အကြောင်းအားလုံးကိုသ်ိနေခြင်းသာ။
ဒီအတောအတွင်း ဖေဖေ့ဆီကိုလဲဖုန်းမဆက်ဖြစ် မမ ကိစ္စနဲ့ နှစ်ယောက်သား မခေါ်နိုင်ကြတာ။
မေမေနဲ့တော့ ပုံမှန်ပြောဖြစ်ပါတယ်။
ရှောင်ပြေးသွားသူကတော့ တကယ်ကို မေ့လိုက်ပီလားမသိ... သွင့်ဆီဖုန်းလေး တစ်ခွန်းတောင် ဆက်မလာခဲ့ပါ။ မ မဆက်သွယ်လဲ ဒီကကောင်က တွေ့အောင်ရှာမာမို့ လုံအောင်ပုန်းနေပါ ဒေါ်၀င့်၀ါဖြူ။
ခဗျားကို အရမ်းချစ်ရလို့ ဒီလူမာ ရူးမတတ်ပါပဲ.......
.........................................................
🥀hanako🥀...
YOU ARE READING
My stepsister is my girlfriend(Completed)
Romansaမွေးစားအစ်မ နဲ့ ညမလေး ကြားကအချစ်ဇတ်လမ်းလေး ညမလေးရဲ့သ၀န်တိုမှုတွေ အစ်မကြီးးရဲ့ဂရုစိုက်မှုတွေကို ကိုရိုရိုချိုချိုလေး တွေ့ရမာပါ