"အူ၀ဲ...အူ၀ဲ"....
မြို့စွန်....ဆောက်လုပ်ရေးဆိုက်ဘေးနားမှ ထွက်လာသောခလေးငိုသံ.....
ဆောက်လုပ်ရေးထဲမှလူများလဲခလေးငိုသံကိုနားစွင့်ကြည့်ကြပီး..
"အသံကဒီဖက်ခြမ်းကလာတာ ဦးလေးဘမောင်ရေ ကျနော်သွားသွားကြည့်လိုက်မယ်"လို့ပြောပီး...
အလုပ်သမားခေါင်းဆောင်ကျော်မြင့်လဲ အသံလာရာဆီသို့သွားလေသည်။
သူရောက်သွားချိန်တွေ့လိုက်ရတာက ဖြူဖြူလုံးလုံးလေး ...အနှီးပိုင်းလေးနဲ့ထုပ်ထားတဲ့ခလေး လေးတယောက်က်ကိုတွေ့လိုက်ရတယ်။သူလဲ ခလေးကိုကောက်ပွေ့လိုက်ကာ အလုပ်သမားတွေရှိရာသို့ယူလာလိုက်တယ်။
"ဒီမာဗျို့....ဦးလေးဘမောင်ရေ ဒီမာကြည့်ကြပါအုံးဖြူဖြူလုံးလုံးလေးဗျ....ချစ်စရာကြီး"
ကျော်မြင့့်စကားကြောင့် အားလုံးသူ့အနားသို့၀ိုင်းလာကြသည်။ ဦးဘမောင်က အနှီထုပ်လေးကိုတချက်ဖွင့်ကြည့်ပီး
"မောင်ကျော်မြင့်ရေ ခလေးက မိန်းခလေးဟ...ဒီမာအိတ်ထုပ်လေး လဲတခုပါသဟ.." ဟုပြောကာဖွင့်ကြည့်လေသည်။ အထဲမာနာမည်ကဒ်ပြားလေးတစ်ခုသာပါပြီး "၀င့်၀ါဖြူ" လို့ရေးထားလေသည်။
"နာမည်ကဒ်လေးပဲ"ဦးဘမောင်ကတီးတိုးရည်ရွတ်ရင်း
" မောင်ကျော်မြင့်ဒီခလေးကို ဘလိုလုပ်ကြမလဲ ငါလဲမမွေးစားနိုင်ဘူး....ငါတယောက်က်တည်း၀င်ငွေနဲ့အိမ်ကသူတွေကိုကျွေးနေရတာဆိုတော့ ခလေးကင့ဆီမာဆ်ိုလဲ ချိုချို့တဲ့တဲ့နဲ့နေရမယ်ကွာ"
"မင်းကလဲ တစ်ကိုယ်တည်းသမားဆိုတော့ဒီအရွယ်လေးကို စောင့်ရှောက်နိုင်မာမဟုပ်ဘူး"
"ကျနော်တို့ဘလိုလုပ်ကြမလဲဦးလေး မိဘမဲ့ဂေဟာပို့လိုက်ကြမလားဟင်"
ကျော်မြင့်မာပြောသာပြောရတယ်ခလေးကိုမိဘမဲ့ဂေဟာကိုမပို့ချင်ပေ။မိမိကိုယ်တိုင်လဲဒီအရွယ်လေးကိုမစောင့်ရှောက်နိုင်လို့အခက်တွေ့နေလေသည်။
ဦးဘမောင်လဲတခုခုကိုတွေးမိဟန်ဖြင့်...
"မောင်ကျော်မြင့်ရေ ငါတခုသတိရလို့ မင်းနှယ်အရင်တခါက ငါတို့သူဌေးမာ ခလေးမရတတ်ဘူးလို့ ပြောသံကြားမိသလားလို့ ဟုပ်သလား?"...
"ဟုတ်တယ် ဦးလေး ...ခလေးကိုသူ့ဆိပို့ချင်လို့လား ဦးလေးက "
"အေးကွာ....ဒီခလေးဘ၀လေးကိုငါတို့ကမပြုစုနိုင်တော့ ပြုစုနိုင်တဲ့သူကိုပေးရမာပေါ့လေ"
"သူဌေးကရော မွေးချင်ပါ့မလား ဦးလေး"
"ဒါတော့ သူ့တွေ့ကြည့်ပီးပြောရမာပေါ့ကွ လာလာ မင်းနဲ့ငါသွားကြမယ် သူဌေးအိမ်ကို"
"ဦးလေးက သူဠေးအိမ်ကိုသိလို့လား"
"မသိလို့ မင်း ခေါ်တာပေါ့ ဟကောင်ရ...သွားကြမယ်"
ကျော်မြင့်လက်ထဲကခလေးကို ဦးဘမောင်လက်လွဲယူလိုက်ပီးချီလိုက်လေသည်။ ကလေးကတော့ ငိုရလွန်းလို့လား အဆာလွန်လို့လားတော့မသိ ဘမောင်လက်ထဲမာပဲအိပ်ပျော်သွားလေသည်။
............................................................................
"တင်း...တောင်"
ခြံရှေ့ကလူခေါ်ဘဲလ်က မြည်နေတော့ ဒေါ် နန်းမူ တစ်ယောက်ဖတ်တ်လက်စ စာအုပ်လေးကိုချကာ အိမ်ပြင်သို့ထွက်လာလေတယ်။ထိုအခါ မောင်ကျော်မြင့်မှ
"သူဌေးကတော် ကျနော် ကျော်မြင့်ပါ သူဌေးကိုလာတွေ့တာပါ"
"အော် ကိုကျော်မြင့်ပါလား လာလေ အိမ်ထဲ၀င်ကြ အကိုကမရှိဘူးရယ်..မြို့ထဲခနသွားတယ် အိမ်ထဲ၀င်ပီးစောင့်ကြလေ ပြန်လာချိန်တော့နီးပါပီ"
အိမ်ထဲရောက်တော့ သူတို့လက်ထဲမှ ခလေးကို နန်းမူတယောက်က်သတိထားမိကာ ခလေးနေမကောင်းလို့ ဆေးဖိုးကြိုပီးလာထုတ်ကြတယ်ထင်ကာ
"အကိုမရှိလဲ ကျမကိုပြောလို့ရပါတယ် တခုခုလိုအပ်တာများရှိလို့လား"ခလေး ချီထားတဲ့ဦးလေးကိုကြည့်ပီးပြောလိုက်တော့ ထိုလူကြီးမှ...
"ဒီလိုပါ သူဌေးကတော်..............ဆိုပီး အကြောင်းစုံကိုပြောပြလိုက်ကာ " ကျနော်တို့ကလဲမမွေးနိုင်လို့ သူဌေးကတော်တို့များ မွေးစားချင်မလားဆိုပီးလာပြကြည့်တာပါ မဟုပ်ရင်လဲကျနော်တို့ မိဘမဲ့ဂေဟာပို့မလို့စီစဥ်နေကြတာပါ"
"မိဘမဲ့ဂေဟာတော့မပို့ပါနဲ့ရှင် ခုလောလောဆယ်တော့ ကျမ ယူထားလိုက်မယ်လေ အကိုပြန်ရောက်မှ စာချုပ်စာတန်းနဲ့မွေးစားဖို့လုပ်လိုက်မယ်"ဟုပြောကာ ခလေးကို လက်ပြောင်းယူချီးသွားလေသည်။ ဆရာကတော်က ခလေးကို ကြည့်တပြုံးပြုံးလုပ်နေလေသည်။ကျော်မြင့်တို့လဲလခလေးကို အပ်ခဲ့ကာ ဆိုက်ထဲသို့သာပြန်လာကြလေသည်။
"ဦးလေး သူဌေးကတော်ကခလေးလိုချင်တဲ့ပုံပဲနော် ကျနော်တို့သွားပို့လိုက်တာမှန်သွားတယ် "
"အင်း..သူဌေးက လိုချင်ပါ့မလားကွာ ကိုယ့်သွေးသားလဲမဟုပ်ပဲ"
"ခလေးက ချစ်စရာလေးကို သူဌေးလဲ ချစ်သွားပါလိမ့်မယ်"
.......................
နန်းမူတယောက်က် ခလေးပါးလေးကို တို့ထိကာ ပြုံးနေလေသည်။အကိုကရောဒီခလေးကိုယူထားလိုက်တာကြည်ဖြူပ့မလား။သူ့အနေနဲ့ ခလေးယူချင်သော်လည်း ကျန်းမာရေးမကောင်းတဲ့သူ့ကိုယ်ကြောင့် အကိုကခလေးယူခွင့်မပေးပေ။ဟုပ်ပါတယ် နန်းမူမာက မွေးရာပါ နှလုံးအားနဲ့ရောဂါရှိတယ်လေ။နန်းမူတယောက်က်အတွေးလွန်နေတုန်း အိမ်ရှေ့ကားရပ်သံကြောင့် အကိုပြန်လာပီမှန်းသိလိုက်လေတယ်။အိပ်နေတဲ့ ပိီစိလေးကို အပ်ယာပေါ်အသာလေးချကာ အိမ်ရှေ့သို့ထွက်ကာ အကို့ို့အားကြိုလိုက်လေတယ်။အကိုကနန်းမူအားဖက်တာ တချက်နမ်းလေသည်။ဒါကအကိုအိမ်ပြန်လာတိုင်းပြုမူနေကြအလုပ်တခု။
"အကို...အကို့ို့အတွက်နန်းမူလက်ဆောင်က်ဆောင်ပြင်ထားတယ်"ပြုံးပီးပြောလာတဲ့ဇနီးသည်ကြောင့်ဦးလင်းသွင်တယောက်က် မျက်ခုံးနဲနဲလှုပ်လာတယ် ။ ဟုပ်တယ်လေ သူ့ဇနီးသည်လေးက ဒါမျိုးတွေတခါမှမလုပ်ဖူးပဲ။
"ကဲ ..ပြောပါအုံးကိုယ့်ဇနီးလေးက ဘာတွေလုပ်ထားလဲဆိုတာကို"
"လာ ဟုဆိုကာ အိပ်ခန်းထဲသို့ခေါ်သွားလေသည်။
သူတွေ့လိုက်ရတာက ဖြူဖြူလုံးလုံးခလေး လေးတယောက်က် (လသားလောက်ရှိမလား ရက်သားလောက်ရှိမလား သူလဲမခန့်မှန်းတတ်) အိပ်နေလေသည်။
"ကို နန်းမူတို့ခလေးတယောက်က်လောက်မွေးစားရအောင်နော်"ဇနီးသည်၏အသံကြားမှသူလဲ သတိရကာ
-"ခလေးကိုဘယ်ကခေါ်လာတာလဲနန်းမူ"
"ကိုကျော်မြင့်တို့ ဆိုက်ဘေးနားကတွေ့လို့တဲ့လာပို့သွားတာ သူတို့လဲမမွေးနိုင်လို့တဲ့ ဒီခလေးကိုမွေးစားရအောင်အကိုရယ်နော်"
ကိုယ့်ေသွးသားမဟုပ်လို့ မမွေးချင်သော်လည်း ဇနီးသည်စိတ်ချမ်းသာအောင် မွေးပေါ့ကွာလို့ဆိုလိုက်ရလေတယ်.......
ထိုသို့ဖြင့် ဦးလင်းသွင်တို့မိသားစုတွင် မိသားစု၀င်တစ်ဦးတိုးလာလေတယ်။
ကလေးရဲ့နာမည်ကိုလဲ စာအိတ်လေးထဲမာပါတဲ့အတိုင်း ၀င့်၀ါဖြူ လို့သာ မှည့်ထားလိုက်လေသည်။ စာအိတ်လေးထဲမာ နှာမည်ရယ် မွေးနေ့ရယ် ဆွဲသီးပါတဲ့ကြိုးလေးတခုရောပါလေတယ်.
"အကို ကလေးကိုလေ အိမ်ထောင်စုစာရင်းထဲတခါတည်းထည့်လိုက်ရမလား"
"နေပါအုံးကွာ ဒီတိုင်းအုပ်ထိမ်းသူသဘောမျိုးပဲထားအုံးလေ နောက်ကျမှထည့်ရင်လဲမှီပါသေးတယ်ကွာ-

YOU ARE READING
My stepsister is my girlfriend(Completed)
Romansaမွေးစားအစ်မ နဲ့ ညမလေး ကြားကအချစ်ဇတ်လမ်းလေး ညမလေးရဲ့သ၀န်တိုမှုတွေ အစ်မကြီးးရဲ့ဂရုစိုက်မှုတွေကို ကိုရိုရိုချိုချိုလေး တွေ့ရမာပါ