part.6

2.6K 90 0
                                    

ညကဘယ်ချိန်မှ အိပ်ပျော်ကြမှန်းမသိအောင် သွင်တို့စကားတွေအများကြီးပြောဖြစ်ခဲ့ကြသည်။ သွင်နိုးလာတော့ မ ကသွင့်ရင်ခွင်ထဲမာ အိပ်ပျော်တုန်း။မျက်နာပါ်ကျနေတဲ့ဆံပင်တွေကိုအသာလေး သပ်တင်ပေးကာ နဖူးလေးကို တချက်နမ်းလိုက်မိသည်။ သွင့်ကြောင့်ပေါက်သွားတဲ့ နခမ်းထောင့်လေးကိုလဲ ခပ်ဖွဖွလေးတချက်နမ်းကာ ထမလို့ပြင်တော့ မ ရဲ့မျက်ခွန်လေးတွေ  ပွင့်လာကာ သွင့်ကို ခပ်တည်ထည်လေး မော့ကြည့်နေတော့ သွင်မနေနိုင်စွာ
"မမ နိုးပီလား သွင်မနက်စာ လုပ်ပေးမယ်နော် ပြန်အိပ်ချင်အိပ်အုံးလေ "
မမကတခုမှပြန်မပြောတော့ သွင်စိုးရိမ်လာကာ
"မမ သွင့်ကို စိတ်ဆိုးနေတုန်းလားဟင်" သွင်မျက်နှာငယ်လေးနဲ့ဆိုတော့
"မမ တို့ရှေ့ ဆက်ရမဲ့အရေးကိုတွေးနေတာပါ ဖေဖေတို့က ဘလိုမှသဘောတူမာ မဟုပ်ဘူး"
"ဖေဖေတို့သဘောတူလာအောင်နဲ့ ကျန်တဲ့ကိစ္စတွေကို သွင်က ကြည့်လုပ်ပါ့မယ် မမက သွင့်ကိုချစ်နေပေးရင်ရပီ"
"သွင်...ချစ်တယ်နော်"
"မောင် ကပိုချစ်ရတာပါကွာ"
.................................................
၀င့်၀ါ ဆေးရုံကပြန်ရောက်တော့ မေမေ့ဆီက ဖုန်းခေါ်ထားတာတွေ အများကြီးပဲ။ ၀င့်၀ါ ပြန်ခေါ်လိုက်ကာ
"ဟလို...မေမေ ‌"
"အင်း မီးမီးရေ  ဒီတပတ် ‌ငယ်‌လေးမွေးနေ့မာ အိမ်ကို ပြန်လာကြအုံးနော် သမီးဖေဖေကလဲ ခေါ်ခိုင်းနေလို့"
"ဟုတ် မေမေ လာခဲ့ပါမယ်"
......
"မမ ထမင်းလာစားတော့ ရေအရင်ချိုးအုံးမာလား"
"အင်း မမရေချိုးလိုက်အုံးမယ်"
ရေချိုးခန်းကထွက်လာတဲ့မမက ခေါင်းအစိုကြီးနဲ့ ထမင်းစားပွဲမာလာထိုင်တော့
"မမ ခေါင်းအရင်ခြောက်အောင်သုတ်ရအောင်နော် ဒီလိုနဲ့အ‌ေအးမိတော့မာပဲ"
"ဗိုက်ဆာနေပီလေ နောက်မှသုတ်လို့မရဘူးလား"
"လာပါ ခနလေးပဲကြာမာပါနော်"
သွင် ခေါင်းသုတ်ပေးနေတုန်း
"မေမေက ဒီတပတ်ပိတ်ရက်မာ အိမ်လာခဲ့တဲ့ ငယ်လေးမွေးနေ့နဲ့လဲ တထပ်တည်းကျတယ်"
"ဟုတ်။ သွားကြမယ်လေ"
ဘာလို့မှန်းမသိ ဝင်ဝါ့ ရင်လေးနေမိတယ်
...........
ပိတ်ရက်ရောက်တော့ မမ နဲ့အတူ အိမ်ကို ပြန်လာလိုက်တယ်  ။မေမေက ထွက်ကြိုနေပီး
"ဖေဖေရော "သွင်မေးလိုက်တော့
"အထဲမာရှိပ့ရှင် သမီးတို့ကိုစောင့်နေတာ လာကြ"
အထဲရောက်တော့
"ဖေကြီး" သွင်ကပြောပီး ဝင်ဖက်တော့
"ခုမှလာချွဲမနေနဲ့ အထက်တန်းအောင်ပီးတည်းက အိမ်ကိုတခေါက်လဲပြန်မလာကြပဲ ..နှစ်ယောက်လုံးကိုပြောတာ"ဝင့်ဝါကတော့ ခေါင်းလေးငုံ့ပီးသာ ဟုတ် တလုံးပဲပြန်ပြောလေတယ်။
မိသားစု လေးယောက် ထမင်းဝိုင်းရောက်တော့ ဖေဖေက "သမီး အစိုးရဆေးရုံမာပဲ လုပ်မာဆို လစာနည်းတယ်နော် သေချာစဉ်းစားပီးပလား"
"ဟုတ်ဖေဖေ ဝင့်ဝါ အစိုးရအလုပ်ပဲလုပ်ချင်လို့ပါ"
ဖေဖေက ခေါင်းတညိမ့်ညိမ့် လုပ်ပီး
"ဒါဆို ငယ်လေးကရော ဘာတက်မာလဲ ဖေဖေကတော့ နည်းပညာပဲတက်စေချင်တယ် "
သွင် မမကို လှည့်ကြည့်မိတော့ မမက မသိမသာလေး ခေါင်းငြိမ့်ပြတာမို့ "ဟုတ် နည်းပညာလဲမဆိုးပါဘူး တက်မယ်လေ"
"ဖေဖေ ကျောင်းတက်မဲ့ကိစ္စတွေ အဆင်သင့်ပြင်ပေးထားတယ် နိုင်ငံကူးလက်မှတ်ကော အဆင်သင့်ပဲ ဒီတပတ်ထဲမာ ကျောင်းသွားဖို့ပြင်တော့"
ဖေဖေ့စကားကြောင့် သွင်နဲ့မမသာမက မေမေလဲ အံ့ဩသွားတာ "အကို။ ခလေးကို နိုင်ငံခြားပို့မလို့လား"
"အင်းလေ တနေ့ သူက ကိုယ်တို့လုပ်ငန်းတွေကို ဦးဆောင်ရမာပဲ...အတွေ့အကြုံရော အရည်အချင်းရောရှိနေဖို့လိုတယ်...."
"ငယ်လေးကိုလဲ ‌ေမးကြည့်ပါအုံး သွားချင်လားဆိုတာ"မေမေကဆိုတော့
"ငယ်လေး ...မင်းမာ လူတွေမော်မကြည့်နိုင်လောက်တဲ့ အောင်မြင်မှုတွေ အရည်အချင်းတွေ ၊နောက်ဆုံးချမ်းသာမှုပါရှိမှ မင်းလုပ်ချင်တာ ဘာမဆို လုပ်နိုင်မာ၊ဒါတွေရှိနေရင် မင်းကိုအမြင်မကြည်သူတွေတောင် မင်းခြေထောက်အောက်အလိုလိုရောက်လာမာ"ဖေဖေ့ရဲ့ စကားအရှည်ကြီးနောက် ‌သွင်အများကြီးတွေးမိသွားတယ်။မမကိုကြည့်လိုက်တော့လဲ ထောက်ခံတဲ့ပုံနဲ့ထမင်းစားမပျက်နားထောင်နေတယ်။
"သွင်...နိုင်ငံခြားသွားပါမယ် ဖေဖေ"
"အေးကွာ.... ဖေဖေ မာအားကိုစရာဒီသမီးတယောက်ပဲကျန်တော့တာ သမီးက အရည်အချင်းတွေထုတ်ပြရမယ်နော"
"ဟုတ်"
"ကဲကဲ ထမင်းစားပီးရင်သွားနားကြတော့...မေမေသမီးတို့နှစ်ယောက်လုံးရဲ့အခန်းတွေကိုရှင်းထားတယ်"
သွင်တို့နှစ်ယောက်လဲအပေါ်ထပ်သို့တက်လာခဲ့လိုက်သည်။သွင့်အနေနဲ့ ‌ အမှန်အတိုင်းပြောရရင်နိုင်ငံခြားမသွားချင်ပေ။ မမ ကိုထားခဲ့ရမာကိုလဲစိတ်မချ။အနေအေးပီး ဆရာဝန်ဆိုတဲ့ဂုဏ်ပုဒ်နဲ့ မမကို လိုချင်သူတွေကလဲဝိုင်းဝိုင်းလည် ။မေမေ့အသိမိတ်ဆွေက လာစပ်လိုက် ဖေ့ဖေ့ လုပ်ငန်းပါတနာတွေက စကားစလိုက်နဲ့ သွင်နဲနဲလေးမှ စိတ်မချနိုင်ပါ။ခုအနေနဲ့သွင့်မာ မမကို ဂရုစိုက်ပေးနိုင်တာကလွဲ ကျန်တာဘာမှမရှိ။ဟုပ်တယ် ဖေဖေ ပြောသလို သွင့်မာ အရည်အချင်းရော ငွေကျေးရော ရှိဖို့လိုအပ်သည်။ဒါမှ မမကို တင့်တောင်းတင့်တယ်နဲ့ ထားနိုင်မာ။
"ငယ်လေး..ဘာတွေ တွေးနေတာလဲ..အခန်းရှေ့ရောက်ပီဝင်တော့"
"မမနဲ့ လိုက်အိပ်လို့ မရဘူးလားဟင် ပြောစရာလေးတွေလဲရှိလို့ပါ"
"ပြောစရာရှိတာ မနက်ရောက်မှပြောတော့ ခုတော့ ကိုယ့်အခန်းမာ ကိုယ်အိပ်ပါ..."မမကတကယ်အတည်ကြီးပြောပီးသူ့အခန်းထဲဝင်သွားတော့ သွင်မာသာ ကြောင်းတောင်တောင်ရပ်ကျန်ခဲ့ရသည်။အင်းလေ ဘာတတ်နိုင်မလဲ သူမကြည်ဖြူပဲဘာမှမလုပ်ဘူးလို့ ကိုယ်ပြောထားတဲ့ကတိကလဲရှိသေးတာကို။သွင် အသာသက်မောချလိုက်ရင်း ကိုယ့်အခန်းထဲသို့သာ ဝင်လာခဲ့လိုက်တော့သည်။ထုံးစံအတိုင်း တံခါးကိုတော့ ပိတ်မထားခဲ့ပါ၊မ များဝင်လာရင်ဆိုတဲ့ မျှော်လင့်ချက်သေးသေးလေးကြောင့်။
.......…..................................
🥀hanako🥀
ရေးသာရေးနေရတယ် ကိုယ့်ကိုကိုယ် တကယ်အားမရဘူး။အကောင်းဆုံးတွေကိုပဲချပြချင်ပေမဲ့ 😔
ဒီတပိုင်းလဲ တိုပီးပေါ့သွားပြန်ပီလားမသိ..😔
#လိုအပ်ချက်လေးတွေကို ပြောပြခဲ့ပါနော် တစ်ယောက်တည်းဆိုတော့ ကိုယ့်ဟာကို ဘယ်နားလေးတွေ လိုနေမှန်းလဲမသိတော့ဘူး #အားမနာပဲပြောပြခဲ့လို့ရပါတယ် ဒါမှလဲ ပိုကောင်းကောင်းထပ်ရေးနိုင်မာမို့ပါ#🌝



My stepsister is my girlfriend(Completed)Where stories live. Discover now