ကိုးနာရီထိုးတော့ ညမိုးချုပ်နေပြီ။
ထန်နင်းသည် သူမ၏ bachelor party
တွင် အရက်အလွန်အကျွံ သောက်နေသဖြင့် သူမ၏ စေ့စပ်ထားသူက သူမ တိုက်ခန်းသို့ ပြန်ခေါ်သွားသော်လည်း သူမ မူးနေသည့်ကြားမှ မျက်လုံးဖွင့်လိုက်သောအခါ ယောကျာ်းနှင့် မိန်းမ နှစ်ယောက်သား အနမ်းပေးနေသည်ကို တွေ့လိုက်ရသည်။ထန်နင်း သည် အလန့်တကြား သူမ
အိပ်ယာဘေးမှာ နမ်းနေသော လူနှစ်ယောက်ကို ဖြည်းညှင်းစွာ ကြည့်လိုက်သောအခါ သူမ၏ နှလုံးသားတွင် ဒေါသများဖြင့်
ပြည့်နှက်နေသည်။"ယုဟွာ၊အရမ်းမလုပ်နဲ့ ထန်နင်း အခုမှ အိပ်ပျော်သွားတယ်"အမျိုးသမီးခါးကို
ဖက်ထားတဲ့ ယောကျာ်းက ပြောလိုက်သည်။"ဘာလို့လဲ"
"မင်းရဲ့စေ့စပ်ထားသူ နိုးလာမှာကို မင်းကြောက်နေတာလား"မိုယုဟွာ က "မနက်ဖြန် မင်းလက်ထပ်တော့မှာမို့ ဒီည မင်း ငါနဲ့အတူ နေပေးရမယ်"
"ယုဟွာ၊ဒုက္ခမပေးနဲ့!တစ်ခြားအခန်း သွားကြရအောင် "ဟု ချော့ပြောလိုက်သည်။
"မသွားဘူး"
"ငါ ဒီအခန်းထဲပဲ နေမယ်။ငါ သူရှေ့မှာပဲ
နေမယ်"မိုယုဟွာ သည် ထိုလူ၏ ရှပ်အင်္ကျီ ကို အမြန်ချွတ်လိုက်ပြီး နှစ်ယောက်သားအတန်အကြာ နမ်းပြန်သည်။ထန်နင်းသည် မျက်ရည်တွေကျလာပြီး မနက်ဖြန်မှာ သူနဲ့လက်ထပ်မယ့် ချစ်သူက သူမရဲ့ အိပ်ယာဘေးမှာ ဖောက်ပြန်နေမယ် လို့ ဘယ်လိုမျှော်လင့်နိုင်မလဲ။
"ကောင်းပြီ၊ရေချိုးခန်းထဲ သွားရအောင်၊ရေချိုးခန်းထဲ အတူနေတဲ့အခါ မင်းကြိုက်တယ်မလား"
"မင်း အရင်သွား၊မိုယုဟွာ သည် ထိုလူ၏ ရင်ဘတ်ကို ညှင်သာစွာ တွန်းထုတ်လိုက်ပြီး ထန်နင်း၏ ရှေသို့မသွားမီ သူမသည် လှောင်ပြောင်ရင်း"တန်နင်း၊မနက်ဖြန် ငါ ကိုယ်၀န်ရှိနေလို့ မင်းကို လက်ထပ်ခွင့် ပေးမှာမဟုတ်ဘူး။ငါကိုယ်၀န်ရှိနေပြီ၊ပြီးတော့ သူ့က ငါပိုင်တယ်!"
ထန်နင်း သည် လက်များကို တင်းတင်းဆုပ်ကိုင်ထားသော်လည်း ရေချိုးခန်းထဲ
က ငြီးငြူသံများ ကို ကြားလိုက်ရသောအခါ သူမရဲ့ နှလုံးသားတစ်ခုလုံး ကွဲကြွေသွားသလို ခံစားလိုက်ရသည်။
YOU ARE READING
အစမ်းခန့် အိမ်ထောင်ရေး (Myanmar Translation)
Romanceမင်္ဂလာဆောင်မယ့်နေမှာ စေ့စပ်ထားသူ က ရောက်မလာဘဲ သူမ အချစ်ဆုံး သူငယ်ချင်းနဲ့ အတူရှိနေခဲ့တယ်။သူမ စိတ်ထိခိုက်သွားပြီး မြို့ပြရေးရာ ဗျူရိုရှေ့မှာ ယောကျာ်းကို လှမ်းဆွဲလိုက်သည်။"နိဂုံးချုပ်ရရင် မင်းသသတို့သမီးက ဒီမှာမရှိဘူး ငါ့သတိုးသားကလည်းမလာဘူး။ငါတို့ အ...