အပိုင်း-5

3.6K 441 89
                                    

အခန်းထဲကအမှိုက်ထုပ်ကအမှိုက်ပြည့်နေပြီမို့ မှူး အမှိုက်ပစ်ဖို့အောက်ထပ်ကိုဆင်းခဲ့သည် မှူး၂လွှာကိုအရောက် လှေကားမှာအရှေ့ခန်းကအမျိုးသမီးနဲ့တွေ့သည် လက်ထဲမှာလဲ စက္ကူအိတ်သေးသေးလေးတစ်ထုပ်နဲ့

'အမှိုက်သွားပစ်မလို့လား'
'အင်း'

အရင်လိုတွေ့တိုင်းရန်ဖြစ်နေကြတာမျိုးတော့မဟုတ်ကြတော့ပါ ဒါပေမဲ့လဲရင်းနှီးတဲ့အဆင့်ထိလဲမရောက်သေး

မှူးကသူ့လက်ထဲကအထုပ်ကိုကြည့်တော့သူကအလိုက်သိစွာနဲ့

'ဆေးထုပ်ပါ'
'နေမကောင်းဘူးလား'
'နေမကောင်းတယ်ကြီးတော့မဟုတ်ပါဘူး အရမ်းနုံးနေပြီးခေါင်းလဲနဲနဲကိုက်နေလို့ ပြီးတော့ခုတလောလဲသိပ်အိပ်မပျော်တဲ့နဲ့ ဝေဝေနဲ့ဆေးခန်းသွားပြလာတာ'
'ဪ ဂရုစိုက်ဦး'
'အွန်း မင်းလဲဂရုစိုက်သွား'
'ဟုတ်'

မီးလောင်တယ်ဆိုလို့ အရေးကြီးတဲ့ပစ္စည်းတွေကိုသာအမြန်ယူပြီးတိုက်ထဲကပြေးထွက်လာခဲ့သည် ပြေးလွှားထားရသည်မို့မောတာကြောင့် အသက်ကိုခပ်ပြင်းပြင်းရှူနေမိသည် တိုက်ခန်းပိုင်ရှင်အဒေါ်ကြီးကလဲ အခန်းငှားတွေကိုလိုက်ရေတွက်ကြည့်နေသည်

'တစ်ခြားအခန်းကလူတွေအကုန်စုံပေမဲ့ အခန်းနံပါတ်၆ကအိမ်ငှားထွက်မလာသေးဘူး'

အဒေါ်ကြီး? သူဆေးသောက်ပြီးအိပ်တာမလား ဒီလောပ်ဆူညံနေသေးတာကို အိပ်ပျော်နေတာလား
မှူး ခပ်ကြာကြာမစဥ်းစားတော့ပဲ မီးလောင်နေတဲ့တိုက်ခန်းတွေထဲပြေးဝင်ခဲ့သည် မီးလောင်နေတဲ့အပူရှိန်ကြောင့်လက်ရန်းသံတိုင်တွေတောင်ပူနေလေပြီ

'အဒေါ်ကြီး အဒေါ်ကြီး
အဟွတ် အဒေါ်ကြီး ဒေါ်တိမ်လွှာမို့မို့လွင် အဒေါ်ကြီး
အဟွတ်'
'အုံး'

ပေါက်ကွဲသံကျယ်ကျယ်နဲ့အတူ မှူး နောက်ဘက်ကိုအရှိန်နဲ့ယိုင်ကျသွားကာ နံရံနဲ့ဆောင့်မိပြီး မေ့မြောမြောဖြစ်သွားရသည်

'ဘွဲ့မှူး ညှိုးဘွဲ့မှူး ဘွဲ့မှူး မင်းဘယ်မှာလဲ'

မျက်လုံးမပွင့်နိုင်ပေမဲ့ နားထဲ မှူးနာမည်ကိုတစ်ယောက်ယောက်အော်ခေါ်နေတာကိုကြားရသည်

Lovestop(Complete)Where stories live. Discover now