တီချယ့်အရိုင်းပန်း
အပိုင်း (၂)"သမီး ကျောင်းမှာတည်းမှာလား"
"မဟုတ်ဘူး တီချယ်ကြီး။မှော်..အိမ်ကနေပဲလာမှာပါ။"
"တည်းရင်ဝန်ထမ်းအိမ်ရာတွေရှိတယ်လို့ပြောမလို့ပါ"
"ဟုတ်ကဲ့တီချယ်ကြီး။မှော် သွားလို့ရပြီလားရှင့်"
"ရပြီ...သွားတော့နော်"
အပြင်ဘက်တွင်စောင့်နေသည့် မမကေသီနှင့်အတူ အခန်းဘက်လိုက်လာမိတော့သည်။
"မှော် ဒီကိုအပြောင်းကျတယ်ဆိုတော့ ပျော်နေတာ။အဖော်ရပြီလေ"
"မှော်လည်း ဒီကိုကျပါစေပဲ ဆုတောင်းနေခဲ့တာ။အိမ်မှာ ဖေဖေကတစ်ယောက်တည်းလေ။မှော် ဒီကျတော့ သားအဖတွေအတူနေလို့ရတာပေါ့"
"မှော်တို့သားအဖအတွက်အဆင်ပြေသွားတာပေါ့။ဒီမှာတော့ ထွေထွေထူးထူးရယ်မရှိဘူး။ဒါပေမဲ့ မှော့်ကိုသတိပေးရအုံးမယ်"
"ဟုတ်..ပြောလေအစ်မ"
"ဒီကျောင်းမှာလေ သတိထားရမဲ့သူတစ်ယောက်ရှိတယ်။သူက မုဏ်း..."
"ဒေါ်ကေသီနွယ် ဧည့်သည်ရောက်နေတယ်"
အပြင်ဘက်မှခေါ်သံကြောင့် စကားမှာမဆုံးလိုက်ချေ။
"မှော် နားအုံးနော်၊အစ်မခဏသွားလိုက်အုံးမယ်"
"ဟုတ်ကဲ့အစ်မ"
"သတိထားရမဲ့သူ..ဘာလို့သတိထားရမှာလဲ။နာမည်လည်းဆုံးအောင်ပြောမသွားဘူး။မုဏ်း ဘာဆိုလား"
ဆက်မစဥ်းစားတော့ဘဲ လုပ်စရာရှိသည်တို့ကိုသာ ဆက်လုပ်နေလိုက်မိတော့သည်။
"101 မှာ မှော့်အချိန် ရှိတယ်နော်"
"ဟုတ်ကဲ့အစ်မ မှော်အခုပဲ သွားမလို့ရယ်"
အချိန်ကလိုသေးတယ်ဆိုပေမဲ့ အခုမှရောက်တာမလို့ နေရာတွေစိမ်းနေတာကြောင့် စောထွက်လာခဲ့ခြင်းပင်။တော်ကြာအခန်းပျောက်နေရင် စာသင်ချိန်နောက်ကျနေမည်စိုးတာကြောင့်သာ။
"101"
အခန်းအားတွေ့ပြီမလို့ အထဲတွင်ဆရာ ရှိမရှိတစ်ချက်ကြည့်လိုက်မိသည်။ဆရာမရှိတာသေချာမှ အခန်းထဲသို့ဝင်လိုက်သည်။
YOU ARE READING
တီချယ့်အရိုင်းပန်း
Fantasyအချိန်တွေပြန်ဆုတ်ပြီး ကောင်းမွန်တဲ့တွေ့ဆုံမှုတွေဖြစ်စေချင်တယ်ဆိုပေမဲ့ အတိတ်ကိုပြောင်းလိုက်တဲ့အခါ အခုလို တီချယ့်ကိုချစ်မိပါ့မလားလို့တွေးမိတော့ အရင်တိုင်းလေးပဲထားလိုက်ချင်တော့တယ်။ .....မုဏ်းဧဝရတ်သော်....... ဘယ်ဘဝကဝဋ်ကြွေးတွေကြောင့်လဲ၊မိန်းကလေးတစ်ယောက်...