တီချယ့်အရိုင်းပန်း
အပိုင်း (၅)"ဟဲလို အေးပုံရေ သံသာလေးရှိလား"
မှော်မေးပေမဲ့တစ်ဖက်မှအဖြေမှာထွက်မလာပေ။
"ဟဲလို...အေးပုံကြားလားမသိဘူး"
"အေးပုံ မဟုတ်ဘူး"
တုံးတိတိအဖြေစကားကြောင့် မှော်အံ့သြရသည်။အေးပုံမဟုတ်လည်း အိမ်ကလူတစ်ယောက်ယောက်ပဲမဟုတ်ဘူးလား။
"ဟုတ်ကဲ့။မှော်က သံသာရဲ့ဆရာမပါ။သံသာ စာဖြေနိုင်လားသိချင်တာမလို့ သံသာရှိရင်တွေ့ချင်ပါတယ်"
အတော်ကြာသည်အထိအဖြေစကားမှာထွက်မလာ။မှော်တော်တော်လေးစိတ်ကိုထိန်းချုပ်ထားရသည်။ဘယ်လိုမိန်းကလေးလဲမသိ။ဧကန္တ ဦးနိုင်တေဇာရဲ့သမီးများလား။ဒါပဲ ဖြစ်နိုင်သည်။တစ်ခြားသူတွေက မှော့်ကိုသိကြသည်။သူပဲမသိတာကို။သူဌေးသမီးကိုမှ အလုပ်သမားနဲ့မှားပြောရတယ်လို့။
"ဟိဟိ"
သဘောတကျ မှော်ရယ်မိပြီးမှ ဖုန်းမချရသေးမှန်းသတိရတော့သည်။
"ခဏစောင့် ခေါ်ပေးမယ်"
ဖုန်းချရန်ပြင်မှ အသံကြားရလေသည်။ဖုန်းထဲတွင် သံသာအားအော်ခေါ်နေသံကိုကြားမိသည်။မှော့်စိတ်ထဲ ဘာလို့ ဒီအသံကိုရင်းနှီးနေသလဲ မတွေးတတ်။တစ်ယောက်ယောက်အသံနှင့်ဆင်နေသလိုခံစားရသည်။
"ဟဲလို...သမီး။ဒီနေ့ ဘာသာဖြေနိုင်လားလို့လေ"
"ဟုတ်ကဲ့ဖြေနိုင််တယ်ဆရာမ။ကံကောင်းရင် မြန်မာစာဂုဏ်ထူးတောင်ပါရင်ပါမှာ"
"ဟုတ်လား။သံသာလေးကတော်လိုက်တာ။ဒါဆိုဒီနေ့လည်တစ်ရေးတစ်မောအိပ်နော်။အိပ်ရာနိုးရင်ရေမိုးချိုးပြီးစာနွှေးထား။ဆရာမ ညနေ ငါးနာရီကျလာခဲ့မယ်။"
"ဟုတ်ကဲ့ဆရာမ"
သံသာအားမေးပြီးတော့ အဆောင်ဘက်အားထွက်လာမိသည်။
"ကဲ...အခြေအနေလေးပြောကြပါအုံး"
"အေးဆေး...အေးဆေး အောင်တယ်မမမှော်"
"ဟင် အောင်ရုံပဲလား"
"ဟီးဟီး ၅၀ဖိုးလောက်ပေါ့"
YOU ARE READING
တီချယ့်အရိုင်းပန်း
Fantasyအချိန်တွေပြန်ဆုတ်ပြီး ကောင်းမွန်တဲ့တွေ့ဆုံမှုတွေဖြစ်စေချင်တယ်ဆိုပေမဲ့ အတိတ်ကိုပြောင်းလိုက်တဲ့အခါ အခုလို တီချယ့်ကိုချစ်မိပါ့မလားလို့တွေးမိတော့ အရင်တိုင်းလေးပဲထားလိုက်ချင်တော့တယ်။ .....မုဏ်းဧဝရတ်သော်....... ဘယ်ဘဝကဝဋ်ကြွေးတွေကြောင့်လဲ၊မိန်းကလေးတစ်ယောက်...