အပိုင်း (၉)

4.1K 325 40
                                    

တီချယ့်အရိုင်းပန်း
အပိုင်း (၉)

၂၀၁၉ ခုနှစ်၊ဇွန်လ ၅ ရက်

"ဖေဖေ..မှော် အဆောင်ကိုစာသွားသင်ပြီနော်"

"အေးအေး...သမီး"

မိုးအနည်းငယ်ရွာသွန်းနေတာကြောင့် ခေါက်ထီးအားထုတ်ဆောင်းပြီးအဆောင်သို့မှော်ထွက်လာမိသည်။အဆောင်ဝင်တော့ တံစက်မြိတ်အောက်တွင်ရပ်ထားသည့် Honda-Kawasaki Ninja 300 2018 မော်ဒယ်ဆိုင်ကယ်တစ်စီးအားတွေ့တော့ အံ့သြသွားရသည်။ဧည့်သည်တစ်ယောက်ယောက်များဖြစ်မလား။မှော်စာသင်ရသည့်သူထဲတွင်တော့ဒီလိုဆိုင်ကယ်စီးသူမျိုးမပါ၊တက္ကသိုလ်ကလေးတွေထဲတွင်လည်းမရှိ။ထီးအားပိတ်ကာ စာသင်ဆောင်ဆီသွားရန်ပြင်လိုက်မိသည်။

"မှော်..."

စာသင်ဆောင်ဘက်သွားမည့်ခြေလှမ်းတို့မှာအဆောင်ပိုင်ရှင် မမနန်းခင်ခေါ်သံကြောင့် အိမ်ဘက်သို့ဦးတည်လိုက်မိသည်။

"ဘာလို့လဲမမနန်းခင်"

"မှော့်ကိုမမပြောစရာရှိလို့"

"ပြောလေ မမ၊ဘာဖြစ်လို့လဲ"

"မှော်ဆိုင်ကယ်တွေ့ခဲ့လား..."

"တွေ့ခဲ့တယ်လေမမ၊မှော်တောင်စဥ်းစားနေတာ ဧည့်သည်ရောက်နေတာလားလို့။ကလေးတွေတော့မဖြစ်နိုင်ဘူးဆိုပြီး"

"အဲဒါ...အဲဒါ...မုဏ်းဧဝရတ်သော်ဆိုင်ကယ်"

နှစ်လလောက်မေ့ထားသည့်နာမည်တစ်ခုအားကြားလိုက်ရတော့ မှော့်လက်ဖျားခြေဖျားများ ချက်ချင်းကိုအေးလာတော့သည်။မျက်ဝန်းထဲပြန်လည်မြင်ယောင်မိသည့်အဖြစ်အပျက်များနှင့်အတူ လူမှာမိုက်ခနဲမူးဝေချင်သလိုဖြစ်သွားရသည်။

"မှော်...မှော်..ရရဲ့လား"

"ရ..ရတယ်မမ။သူက..သူကဘာလာလုပ်တာလဲ"

"စာလာသင်တာတဲ့...။သူကဒီမှာစာလာသင်မလို့ဆိုပြီးပြောတော့ အစ်မလည်းငြင်းလို့မရဘူးလေ။အဲတာကြောင့်..."

"အဲတာဆိုမှော် အဲအချိန်ကိုလွှတ်လိုက်မယ်၊ကလေးတွေကိုပဲသင်ပေးမယ်လေ။မမကတစ်ယောက်ရှာပေးရင်ပြေတယ်မလား"

"ဟင့်အင်း..။အဲလိုလည်းမရဘူးမှော်ရဲ့...ဟို..ဟို"

"ဘာလို့လဲမမနန်းခင်"

တီချယ့်အရိုင်းပန်းWhere stories live. Discover now