အပိုင်း (၁၀)

3.8K 324 28
                                    

တီချယ့်အရိုင်းပန်း
အပိုင်း (၁၀)

"မမမှော်..."

"အင်း..အေးပုံ ဘာဖြစ်လို့လဲ"

"ဟို...ဟို..မမလေးမရှိဘူး"

"ဒါ သူတမင်သက်သက်လုပ်နေတာပဲ"

နှုတ်ခမ်းအားဖိကိုက်ရင်း ဒေါသအားဖြေလျှော့မိသည်။သူများအိမ်မှာ ဒေါသထွက်လို့မဖြစ်ဘူးလေ။ဒီကိုစာလာသင်တာ ဒါဟာ ငါးပတ်မြောက်ပင်။မုဏ်းဧဝရတ်သော် ရှိနေခဲ့သည်မှာ ပထမဆုံးတစ်ပတ်နှင့်လွန်ခဲ့တဲ့တစ်ပတ် စုစုပေါင်းစာသင်ရက်လေးရက်သာ။အကြောင်းအမျိုးမျိုးနဲ့ထွက်သွားတဲ့သူ။နောက်ပြီးအိမ်က ကလေးတွေကိုပါ လူကြီးတွေပြန်မပြောဖို့နှုတ်ပိတ်သည့်အပြင် ခြိမ်းခြောက်ထားသည်ကပါသေးသည်။အေးပုံတို့ကိုသနားတာကြောင့် စာသင်ချိန်ကုန်ခါနီး၊သူပြန်ရောက်လာသည်အထိ အခန်းထဲထိုင်စောင့်ပေးခဲ့သည်။ည၈နာရီဆိုတာနဲ့အခန်းပြတင်းကနေ ပေါ်လာခဲ့တာပင်။

"ဟို..ပြန်မတိုင်ပါနဲ့နော် မမမှော်။အေးပုံကြောက်လို့ပါ"

"ဒီတိုင်းဆိုမဖြစ်ဘူးအေးပုံ၊မမမှော်က ဦးနိုင်တေဇာဆီကနေ ပိုက်ဆံယူပြီးသူ့ကိုစာသင်ပေးဖို့လက်ခံထားတာ။သူ့လုပ်ရပ်ကြောင့်ပိုက်ဆံလိမ်ယူသူလိုဖြစ်နေပြီ။နောက်ပြီး တန်ဖိုးရှိတဲ့အချိန်တွေ ကုန်သွားတာ အေးပုံရဲ့"

"ဒေါ်စံဝတီမှော်ရဲ့ဆုံးရှုံးသွားတဲ့အချိန်တွေအတွက် ကျွန်မပိုက်ဆံထပ်ပေးမယ် အဆင်ပြေတယ်မလား"

အသံကြားရာဘက်အား မှော် ဆတ်ကနဲလှည့်လိုက်မိသည်။

"မင်းပြောတဲ့စကားအဓိပ္ပါယ်ကိုမင်းသိရဲ့လား...မင်းဆီကပိုက်ဆံထပ်လိုချင်လို့ပြောတယ်များမှတ်နေလားဟမ်"

"အဲလိုပဲ မဟုတ်ဘူးလား"

"မင်းကို စာသင်ချင်လွန်းလို့သင်တယ်လို့များမှတ်နေလားဟမ် မုဏ်းဧဝရတ်သော်။မင်းအဖေကိုယ်တိုင်ပြောတာမလို့လက်ခံထားတာ၊မင်းမသင်ချင်ရသ်အစတည်းက ငြင်းလို့ရတယ်၊ငါ့မှာမင်းထက်ပိုပြီးအရေးပါတဲ့ကလေးတွေရှိသေးတယ်"

"ကျွန်မလည်းသင်ချင်တယ်များမှတ်နေလား၊ကျွန်မအဖေသင်ခိုင်းလို့လေ"

တီချယ့်အရိုင်းပန်းWhere stories live. Discover now