အပိုင်း (၈)

3.4K 325 36
                                    

တီချယ့်အရိုင်းပန်း
အပိုင်း (၈)

"ကဲ..ဖြေနိုင်ကြလား"

"မေးသေးတယ်..အောင်မှတ်ပေါ့၊နင်ရော မုဏ်း"

"အေးဆေးပေါ့..မအောင်ရင်တင်ပေးရမှာပဲ"

"အေးပါ...နင်ပဲကောင်း"

"ဒါနဲ့ ရွှန်းတစ်ယောက် မတွေ့ဘူးနော်"

"သူ့တီချယ်ဆီသွားနေမှာပေါ့"

"ဘာလဲ သူ့တီချယ်"

"တုံးလိုက်တာနင်တို့နှစ်ယောက်ကလည်း ဒေါ်စံဝတီမှော်ကိုပြောတာလေ"

"ပေါက်တက်ကရ မုဏ်းရယ်၊ရွှန်းနဲ့တီချယ်ဘာဆိုင်လို့လဲ"

"အခုတော့မဆိုင်သေးဘူးပေါ့ နောက်ကျဆိုင်ချင်ဆိုင်လာမှာပေါ့။အရင်တစ်ခါငါနဲ့စကားများတုန်းကမသိတာကျ။သူ့တီချယ်ကိုငါလိုက်လို့ခုထိဘယ်မှာစကားပြောလို့လဲ"

"ရွှန်းတီချယ်ဆိုတာထက် နင့်တီချယ်ဆိုတာပိုမှန်မယ်ထင်တယိ။ဟိုကလျှောက်ပြောနေတာ နင်များငြိမ်မလားလို့"

"ငါ့တီချယ်လည်းမဟုတ်ဘူး"

"ဟဲ့ ပန်းချီရေ သူ့တီချယ်မဟုတ်ဘူးတဲ့။တစ်နေ့တစ်နေ့ တီချယ်လာတဲ့လမ်းမှာသွားသွားစောင့်၊ပြီးရင်ဟိုကဆိုင်ကယ်နဲ့သူကကားနဲ့ကိုနေ့စဥ်အကြိုအပို့လုပ်တာဘယ်သူလဲ"

"အေးလေ၊သူပဲကိုယ်ရံတော်လုပ်နေပြီး"

"တော်ပါဟာ အဲတာငါပျင်းလို့။အရမ်းမုန်းပါတယ်ဆိုတဲ့သူကို အရမ်းချစ်သွားတယ်ဆိုတာ ဇာတ်လမ်းတွေထဲမှာပဲရှိတာ။ဒေါ်စံဝတီမှော်နဲ့ငါက ဘယ်တော့မှငြိမ်းချမ်းရေးရသွားမဲ့သူမဟုတ်ဘူး"

"နင်!တကယ်ပြောနေတာလား"

"ဟုတ်တယ်၊အစကတော့ ဒေါ်စံဝတီမှော်ကိုငါ့ထောင်ချောက်ထဲကျလာအောင်လုပ်မလို့ပဲ။ဒါပေမဲ့အဲမိန်းမက အသည်းမာတယ်သိလား။"

"အဲဒါနဲ့ပဲနင်လက်လျှော့လိုက်တယ်ဆိုပါတော့"

"နိုး...နိုး..။မုဏ်းဧဝရတ်သော်ဘဝမှာမရလို့လက်လျှော့တယ်ဆိုတာမရှိဘူး။ငါကိုယ်တိုင်မလိုချင်တော့လို့စွန့်ပစ်တာပဲရှိတာ။ကျောင်းထဲက ကလေးတွေနဲ့ပတ်တွဲတာဘယ်လောက်ပျော်ဖို့ကောင်းလိုက်သလဲ"

တီချယ့်အရိုင်းပန်းWhere stories live. Discover now