အပိုင်း (၁၂)

4.7K 323 48
                                    

တီချယ့်အရိုင်းပန်း
အပိုင်း (၁၂)

ဖန်ခွက်ထဲရှိလက်ကျန်အအေးအား လှုပ်ခတ်ရင်း ကုတင်ထက်ဝယ် အိပ်ပျော်နေသူအား ကြည့်နေမိသည်။နိုးလာသည့်အခါ ကိုယ့်ကိုဘယ်လောက်တောင်မုန်းနေလိုက်မလဲ။ဘယ်လောက်တောင် ပြောလိုက်မလဲ။မုန်းမယ်ဆိုတာသိပါလျက်နဲ့ သူဒီလမ်းကိုရွေးချယ်ခဲ့မိသည်။အကြိမ်ကြိမ်စဥ်းစားခဲ့ပေမဲ့ နောက်ဆုံးအဖြေကဒီလိုလုပ်လိုက်ဖို့ပဲထွက်ခဲ့သည်။

"စံဝတီမှော်"

နာမည်ကဆန်းသလိုလူကလည်းဆွဲဆောင်မှုရှိသည့်မိန်းကလေး။ကျောင်းတက်တုန်းကလည်းကျောင်းရဲ့Queen၊တက္ကသိုလ်ရောက်တော့လည်းဒီအတိုင်း။တက္ကသိုလ်ဆရာမတစ်ယောက်ဖြစ်လာခဲ့တော့လည်း ကလေးတွေရဲ့အချစ်တော်၊ကျောင်းရဲ့Queen ဆိုပြီးတင်စားထရသူ။ခန္ဓာကိုယ်အချိုးအစားပြေပြစ်လှပပြီးအပြစ်ဆိုဖွယ်ရာမရှိ။အလှဂုဏ်တွေပြည့်စုံပေမဲ့ မာနထောင်လွှားခြင်းအရှိဘဲ ရိုးရိုးအေးအေးလေးသာနေသည့်မိန်းကလေး။အဲဒီမိန်းကလေးနဲ့သူမကျောင်းနောက်ဆုံးနှစ်မှာတွေ့ခဲ့ရသည်။

နှစ်ဖက်မိဘရင်းနှီးသည်က သွင်ထူးသာအတွက်အခွင့်အရေးဖြစ်ခဲ့ရသည်။သူမကိုချစ်ကြောင်းဖွင့်ပြောခဲ့တော့ လက်ခံခဲ့ပေမဲ့ ချစ်တယ်ဆိုတဲ့စကားကိုတော့သူအခုထိမကြားခဲ့ရဖူးပါ။သံယောဇဥ်ကြောင့်သူ့ကိုလက်ခံခဲ့မှန်းသူသိခဲ့သည်။ချစ်တာကမှပြောင်းလဲနိုင်ပေမဲ့သံယောဇဥ်ကတော့ဘယ်တော့မှမပြတ်နိုင်ဘူးလို့သူလည်းယူဆခဲ့တာကြောင့် ဒီတိုင်းလေးလက်တွဲခဲ့ကြတာသုံးနှစ်။ဒါပေမဲ့ အခုတော့ ပြောင်းလဲသွားခဲ့ပြီ။

အတွေးတွေလွန်နေရာမှ အနည်းငယ်လှုပ်ရှားသွားသည့်သူကြောင့် လက်ထဲရှိအအေးခွက်အား ခုံပေါ်တင်လိုက်ပြီးကုတင်ဆီသွားလိုက်မိသည်။

"ရှင်!"

မျက်ဝန်းတို့ပွင့်လာသည်နှင့်ပထမဆုံးမြင်တွေ့လိုက်ရသည့်မျက်နှာအား မုန်းတီးစွာကြည့်လိုက်ရင်းဆတ်ကနဲထထိုင်လိုက်မိသည်။

"နိုးပြီလား...ခေါင်းမူးနေသေးလား မှော်"

"ရှင်ရူးနေလား..ဟမ် ရူးနေလား"

တီချယ့်အရိုင်းပန်းWhere stories live. Discover now