တီချယ့်အရိုင်းပန်း
အပိုင်း (၇)"ဆရာမ သံသာကိုလေ စာဖြေပြီးတဲ့ရက်ကျ ကစားကွင်းလိုက်ပို့ပေးပါလားဟင်"
"ကစားကွင်း! သံသာသွားချင်လို့လား"
"ဟုတ်၊တစ်ခါမှမသွားဖူးဘူးရယ်"
"ဖြေပြီးတဲ့နေ့တော့မပြေဘူးသမီးရဲ့။"
မှော်ပြောတော့ မျက်နှာလေးမှိုင်ကျသွားလေသည်။ဟုတ်တော့လည်းဟုတ်သားလေ။သူ့ခမျာရောက်လာတည်းကကျောင်းနဲ့အိမ်၊အိမ်နဲ့ကျောင်းပဲသွားခဲ့ရတာ။ပိတ်ရက်တွေမုန့်ထွက်စားရတယ်လည်းသူ့ခမျာမရှိ။
"ဒီလိုလုပ်လေ စာဖြေပြီးတဲ့ညနေကျဆရာမလာခေါ်မယ် မုန့်သွားစားကြမယ်။ပိတ်ရက်မှ အပြင်လျှောက်လည်ကြမယ်လေ။မဟုတ်ရင်ဆရာမက ကျောင်းတက်ရက်နဲ့တိုက်နေတာ"
"ဆရာမ တကယ်ပြောတာနော်"
"တကယ်ပြောတာ။ဖြေပြီးတဲ့နေ့ကျမုန့်လိုက်ကျွေးမယ်။ပိတ်ရင်မှာ လျှောက်လည်မယ် နော်"
"ဟုတ်ကဲ့ဆရာမ "
"ဒါဆို စာကျက်၊တစ်မှတ်တန်လေးတွေပိုကြည့်နော်။Bioကတော့ သမီးဂုဏ်ထူးပါမှာသေချာပါတယ်"
"ဟုတ်"
စာသင်သည့်အနားသို့မယောင်မလည်ရောက်လာသူမှာ မုဏ်းပင်။ဟိုကြည့်ဒီကြည့်လုပ်ပြီး မှော့်အနားလာကပ်ပြန်သည်။
"တီချယ်"
"စာစစ်နေတယ် လာမခေါ်နဲ့"
သူ့အားမကြည့်ဘဲ ထိုသို့ပြောတော့ အသံထပ်ထွက်မလာတော့။ဘေးကနေတော့ထမသွားသေးဘဲထိုင်နေသေးသည်။
လက်အားစားပွဲပေါ်တံတောင်ဖြင့်ထောက်ကာတင်ထားပြီး ဂုတ်အားလက်ချောင်းများဖြင့်ကိုင်ထားကာ တစ်ဖက်တွင်တော့ မှင်အနီအားကိုင်ထားပြီး စာစစ်ပေးနေသည့်တီချယ်အား ဘေးမှထိုင်ပြီးမုဏ်းငေးနေမိသည်။အကြည့်တို့အညးစာရွက်ဆီပို့လွှတ်ထားပြီး မျက်တောင်တို့ကော့စဥ်းနေပုံမှာကြည့်ရျ်ကောင်းလှသည်။မိတ်ကပ်ပါးပါးလိမ်းထားသည့်မျက်နှာမှာအဖုတို့မရှိဘဲကြည်ရှင်းကာနေလေသည်။ပန်းဖျော့ရောင်နှုတ်ခမ်းနီနှင့်တီချယ်မှာဘေးတိုက်အနေအထားဖြင့်တောင်အတော်လေးချောလှသည်။တစ်ချက်တစ်ချက်စာစစ်ရင်းသံသာအားမော့ကြည့်တတ်ပေမဲ့ မုဏ်းဆီကိုတော့အကြည့်တို့ရောက်မလာ။
YOU ARE READING
တီချယ့်အရိုင်းပန်း
Fantasyအချိန်တွေပြန်ဆုတ်ပြီး ကောင်းမွန်တဲ့တွေ့ဆုံမှုတွေဖြစ်စေချင်တယ်ဆိုပေမဲ့ အတိတ်ကိုပြောင်းလိုက်တဲ့အခါ အခုလို တီချယ့်ကိုချစ်မိပါ့မလားလို့တွေးမိတော့ အရင်တိုင်းလေးပဲထားလိုက်ချင်တော့တယ်။ .....မုဏ်းဧဝရတ်သော်....... ဘယ်ဘဝကဝဋ်ကြွေးတွေကြောင့်လဲ၊မိန်းကလေးတစ်ယောက်...