အပိုင်း (၄)

3.2K 247 35
                                    

တီချယ့်အရိုင်းပန်း
အပိုင်း (၄)

"စာသင်ရတာအဆင်ပြေရဲ့လားသမီး"

"ဟုတ်ကဲ့ပြေပါတယ်ဖေဖေ...။အဲအိမ်မှာကလေးတစ်ယောက်ရှိသေးပုံရတယ်"

"ဖေဖေ့အလုပ်ရှင်မှာ သမီးလေးတစ်ယောက်ရှိတယ်လေ။အမျိုးသမီးကတော့ ကလေးမွေးပြီးဆုံးသွားတယ်ပြောတယ်"

"မှော် အဲမှာ စာသင်တာ တစ်ပတ်ကျော်သွားပြီ။ဖေဖေ့အလုပ်ရှင်နဲ့သူ့သမီးကိုတစ်ခါမှမဆုံဖြစ်သေးဘူး။ကောင်းတော့ကောင်းပါတယ် နေရမကျဥ်းကျပ်တော့ဘူး"

"ဦးနိုင်တေဇာက သဘောကောင်းပါတယ်သမီးရဲ့။သမီး သတိမထားမိနေတာနေမှာ...။တွေ့ရင်တော့ သိမှာပါ"

"ဟုတ်ကဲ့ဖေဖေ...။သမီး ဟိုဘက်ခြံသွားတော့မယ်နော်။ဖေဖေနားအုံး"

"အေး..အေး..သမီး"

သဲတုန်တို့အဆောင်ဆီကူးကာ ဆယ်တန်းကလေးများအား စာပြမိသည်။စာမေးပွဲက တစ်လခွဲကျော်လောက်သာလိုတော့တာမလို့ သူတို့အတွက်အချိန်တွေဟာ အဖိုးတန်နေပေပြီ။တက္ကသိုလ်ဝင်တန်းဆိုတာ ဘဝကိုအဆုံးအဖြတ်ပေးမဲ့အရာဆိုပြီး တစ်ချို့ကလက်ခံထားကြတာမလားလေ။

"မမမှော်...သားဒီအပုဒ်ကိုမရဘူး"

"မရရင် မမဆီကိုလာခဲ့။မမ သားကိုထပ်ရှင်းပြမယ်"

"သမီးတို့ကိုလည်း ပြန်ရှင်းပြပါလား။ကျောင်းမှာ ဆရာမကရှင်းတာနည်းနည်းမြန်သွားလို့"

"ဟုတ်ပြီ...ဟုတ်ပြီ။အဲတာဆို မမ သင်ပုန်းပေါ်မှာရေးပြီးပဲ အကုန်လုံးကိုပြန်ရှင်းပြပေးမယ်နော်။ရပြီးသားသူကမှတ်မိအောင်ထပ်ကြည့်လိုက်နော်"

"ဟုတ်ကဲ့ မမမှော်"

သင်္ချာရဲ့အခန်း (၁၂) ရှုပ်သည်မလို့ ချက်ချင်းကြီးနားမလည်နိုင်ကြတာပင်။နားလည်ရင်တောင် သေချာမတွက်ရင် မေ့သွားပြီးတွက်မရတော့။အနည်းငယ်ရှုပ်တာကြောင့် ဒီအခန်းဆို ကလေးတွေအားအမြဲဂရုတစိုက်ကြည့်ပေး၊ပြောပေးရသည်။

"မမရှင်းတာ ရမလား"

"ရပြီ မမမှော်..."

"ဟုတ်ပြီ ဒါဆို နံပါတ်ကြီး (၃)မှာ သုံးပုဒ်ရှိတယ် ဒါနဲ့ပုံစံတူတာ။အဲတာလေးတွေအခုတွက်မယ်နော်။ပြီးရင် မမကိုလာပြ"

တီချယ့်အရိုင်းပန်းWhere stories live. Discover now