" Chimon ..... ဘယ်လိုလဲ မင်းဒီအပတ်လဲ အဆင့်
၁ ရပြန်ပြီမလား "
" Chimon .... မင်းနိုင်ငံအဆင့်ပြိုင်ပွဲမှာဝင်ပြိုင်
ပါလားတဲ့ .... နည်းပြက မင်းကိုခေါ်နေတယ် "
" Chimon ..... ငါတို့ပွဲတော်နေ့အတွက် သီချင်း
စပ်ကြမလို့ မင်းသီချင်းဆိုပေးပါလား "တစ်ကျောင်းလံုးက အတော်ဆံုးလို့သတ်မှတ်ခံရတဲ့
ကျွန်တော် .....
တစ်ကျောင်းလံုးက Chimon ဆိုတဲ့နာမည်ကိုမသိတဲ့
သူမရှိအောင် အဖက်ဖက်က ပြည့်စံုတဲ့ကျွန်တော် ....
ဘဝကြီးကပျော်ရွှင်စရာတွေနဲ့ အေးချမ်းခဲ့တာ .....
ဘာလို့အဲ့လိုပြောနိုင်တာလဲ ....
ကျွန်တော့်အဖေကလဲ နာမည်ကြီးတဲ့နိုင်ငံရေးသမား
ဖြစ်ပြီး .... မျိုးရိုးကလဲအရမ်းချမ်းသာလို့လေ
အရမ်းဂုဏ်ယူစရာကောင်းတဲ့ သားတစ်ယောက်ဖြစ်
ခဲ့တာ .....
တစ်နေ့မှာတော့ အရာအားလံုးပြိုလဲခဲ့ရတယ်" သခင်လေး ...... "
" သားလေး .... နိုးလာပြီလား "
ယောင်ဝါးဝါး အသံတွေကိုကြားနေရတယ်.....
အဲ့အသံတွေကြားမှာ ကျွန်တော်နိုးထလာတယ်
အဖေ့ရဲ့အသံ ....." အဖေလား ..... အဖေ..... ဘာလို့မီးမထွန်းထား
တာလဲ .... ဘာလို့အကုန်လံုးမှောင်နေတာလဲ "
" Chimon ..... "မဟုတ်ဘူး .... တစ်ခန်းလံုးမှောင်နေတာမဟုတ်ဘူး
မမြင်ရတော့တာ ..... အလင်းရောင်ကိုမမြင်ရတော့တာ" Chimon Wachirawit လား .... ရဲစခန်းကပါ
အရက်သောက်ပြီးယာဉ်မောင်းမှုနဲ့ ယာဉ်စည်းကမ်း
ချိုးဖောက်ရေးအတွက် စံုစမ်းမေးမြန်းခွင့်ပြုပါ "မဟုတ်ဘူး .... ငါအရက်မသောက်ဘူး .....
ငါကအရက်သောက်တတ်တဲ့သူမဟုတ်ဘူး ....." အဖေ .... ညီလေးကိုဘယ်လိုလုပ်မှာလဲ
ရဲစခန်းကနေမထုတ်တော့ဘူးလား .... သူနေမကောင်း
ဘူးလေ .... မျက်လံုးလဲကားမှန်စတွေကြောင့်မမြင်
ရဘူးလေ .... အဖေ ... "တော်တော်ကြာထိ အဖေကစဉ်းစားနေခဲ့တယ်
ဒီလောက်ထိ လေးလေးနက်နက်ရှိတဲ့ပံုစံကိုမမြင်ရ
တာကြာခဲ့ပြီမလား ...." သတင်းတွေဘယ်လိုတက်လာပြီလဲ .....
အတွင်းရေးမှူးချုပ် "
" အရမ်းဆိုးတဲ့ကောလဟာလတွေများနေပါတယ်
ဝန်ကြီးချုပ်ရာထူးကနေ ဖယ်ရှားပေးဖို့အတွက်
တောင်းဆိုမှုတွေပါ ရှိနေပါတယ် "
" ဒါကိုဘယ်လိုဖြေရှင်းသင့်လဲ "
" မကောင်းတဲ့အကြံတစ်ခုတော့ရှိပါတယ် ....
ဝန်ကြီးချုပ် အဆင်ပြေနိင်ပါ့မလားမသိပေမယ့်
ပြောချင်ပါတယ် "