" ဝင်လာခဲ့ပါ ..... Perth အကြောင်းကိုပြောချင်
တာ ခုနကကိစ္စလား .... "
" သခင်လေး .... ကြားသွားတာလား "Chimon ရဲ့မျက်နှာက အရင်ထက်အများကြီးတည်
ငြိမ်နေတယ် ....
အတည်ပေါက်စကားတခုခုကိုပြောတော့မယ့် သူလ်ို" ပြောပါ ..... ဘာကိစ္စလဲ "
" စံုစမ်းနေဆဲပါ ..... သေချာမသိရသေးပေမယ့်
ရည်ရွယ်ချက်တခုခုရှိပံုပါ "
" မသေချာပဲ ဘာလို့ ဦးလေးကခြိမ်းခြောက်နေ
တာလဲ ..... Perth လိမ်ထားတာဆိုရင်တောင်
သူ့မှာအကြောင်းရင်းတခုခုရှိနေမှာပါ "Chimon ရဲ့မျက်ဝန်းမှာ မျက်ရည်စတွေစို့တက်လာ
တာကို မြင်လိုက်ရတယ်
ဒီကလေးက .... Perth ရဲ့အမှောင်ဖက်ခြမ်းကို လက်မ
ခံနိုင်တာ ..... မဟုတ်ဘူး .... သူသိရက်နဲ့ လက်မခံချင်
တာ ....." သူကမကောင်းတဲ့သူမဟုတ်ပါဘူး ......
ဒီတိုင်း ..... သူ့မှာအကြောင်းတခုခုရှိလို့ .....
တခုခုရှိနေလို့ ... "
" သခင်လေး .... အမှန်တရားက လက်ခံဖို့ခက်ခဲ
ပါတယ် ... ဒါပေမယ့် အမှန်တရားပါပဲ "
" ဦးလေး ..... "
" ဒီကိစ္စကိုဆက်စံုစမ်းခွင့်ပြုပေးပါ ....
ဘာကြောင့်ပဲဖြစ်ဖြစ် လူတစ်ယောက်မှာအတိတ်ဆို
တာရှိပါတယ် .... အဲ့အတိတ်ကို သိအောင်လုပ်ရပါမယ် .... "
" ကျွန်တော် ... မလုပ်ချင်ဘူး "Chimon တကယ်ဘာဖြစ်နေတာလဲ နားမလည်တော့
ဘူး .... ပြောရင်းနဲ့သူငိုနေတာမြင်ရတော့
တကယ်ထပ်တူ ဝမ်းနည်းရတယ်" ဘာပဲဖြစ်နေဖြစ်နေ ..... ကျွန်တော်ကလက်ခံ
ပေးနိုင်မယ်ထင်တယ် .... သူလိုအပ်တာ ကျွန်တော်ဆို
ရင်တောင် ပေးနိုင်မယ်ထင်ပါတယ်
ဦးလေးသိလား ..... ကျွန်တော်ဘယ်လောက်တောင်
အထီးကျန်ခဲ့ရလဲဆိုတာကို
ပထမဆံုးအနားမှာ တစ်ယောက်ယောက်ရှိနေသလို
ခံစားရတာ သူကြောင့်ပဲ ....
ပြန်ပြီးအခုလို ပြံုးနိုင်ရီနိုင်ငိုနိုင် တာလဲ သူ့ကြောင့်ပါ
ဦးလေး ..... ကျွန်တော်ကလွန်ခဲ့တဲ့ နှစ်ထဲက သေလူပါ
ကျွန်တော်က သေပြီးသားပါ "သူ့ရင်ဘတ်ကိုထုထုပြီး ပြောနေတာကိုက နာကျင်ရ
တယ် ....." သေပြီးသားမို့ နောက်တစ်ကြိမ်သေဖို့လဲ
မကြောက်ပါဘူး .....
အဲ့အစား သူမရှိမှာကို ပိုကြောက်တယ် .... ဒါကြောင့်
ဘာမှမလုပ်ပါနဲ့ဦး နော် ..... "
" သခင်မကြီး သားကိုစမွေးထဲက ပြောခဲ့တဲ့စကား
တစ်ခွန်းရှိတယ် ..... သူ့သားလေးက ....
နတ်သားလေးတဲ့ .... ဖြူစင်ပြီး အပြစ်ကင်းစင်လို့
ဘယ်လိုသေမင်းကမှ ခေါ်မှာမဟုတ်ဘူးတဲ့ "
" အမေက .... နောက်တတ်တာပဲနော် "
" ဒါကြောင့် ဦးလေးလဲမင်းကိုယံုကြည်လိုက်
မယ် .... သတိတော့ထားပေါ့ "
" ကျေးဇူးတင်ပါတယ် ..... "