Perth ပြန်လာမယိဆိုတဲ့စကားကြောင့် အခန်း
ထဲမှာ ထိုင်မရထမရနဲ့ .... စောင့်နေခဲ့တာ
တံခါးဖွင့်သံလေးကြားလိုက်တာနဲ့ ... တံခါးနားကို
ပြေးသွားလိုက်မိတယ်" နေကောင်းပါရဲ့လား .... သခင်လေး "
ချက်ချင်းအသံလာရာကို ပြေးဖက်လိုက်မိတယ်
" ဘယ်လောက်စိတ်ပူနေရလဲသိလား ....
ကြီးကြီးမားမားဖြစ်သွားမှာကိုစိုးရိမ်နေတာ .... "ဖက်ထားတဲ့ လက်ကို Perth ကဖြည်းဖြည်းချင်းငြင်း
ပယ်လိုက်တယ်" ကောင်းသွားပါပြီ ..... "
" ဟုတ်လား .... ဒါဆ်ို .... "
" ထွေထွေထူးထူးမရှိရင် အောက်ထပ်ကပဲစောင့်
နေလို့ ရမလား .... အိမ်ထိန်းကြီးကပြောတယ်
ဒီနေ့ .... ပါတီပွဲကိုအတူလိုက်ပေးရမယ်ဆို "
" ဟုတ်တယ် ..... "
" ဒါဆို သခင်လေး .... အဆင်သင့်ဖြစ်ရင်ဆင်းခဲ့
ပါ ... စောင့်နေပါမယ် "အေးစက်ပြီး ... လေးလံနေတဲ့စကားလံုးတွေပဲ
ရက်အနည်းငယ်အတွင်း .... ဘာလို့ပြောင်းလဲသွားရ
တာလဲ" Perth !!!! နေဦး
ဒီနေ့ပွဲက အရမ်းကြီးကျယ်တယ်တဲ့ .... ကျွန်တော်မမြင်ရတာသိတယ်မလား .... ဒါကြောင့် Perth ကပဲ ....
ကျွန်တော့်ရဲ့မျက်လံုးတစ်စံုဖြစ်ပေးလို့ရတယ်မလား .... "မျှော်လင့်တကြီးနဲ့ စောင့်စားနေတဲ့သူ့ဆီ .... အဖြေမြန်
မြန်မပေးနိုင်ခဲ့ဘူး ...." ဖြစ်ပေးမယ်မလား ..... "
" ဟုတ်ကဲ့ .... အောက်ကနေစောင့်နေပါမယ် "လေးပင်နေတဲ့ခြေလှမ်းတွေနဲ့ အောက်ထပ်ကိုဆင်းလာ
ခဲ့တယ် ....
နားမလည်နိုင်ဘူး .... ငါ့ကိုသူက .... မချစ်တာလား
သဘောမကျတာလား ....
ရှောင်ပြေးနေရတဲ့ တကယ့်အကြောင်းအရင်းက
ဘာလဲ ....
ကားစီးလာတဲ့တစ်လျှောက်လံုးလဲ တိတ်ဆိတ်နေ
တယ် .... ဒီအချိန်မှာဆုတစ်ခုထဲပဲတောင်းမိတယ်
ကျွန်တော့်မျက်လံုးတွေက ... Perth ရဲ့မျက်နှာကို
မြင်နိုင်ဖို့ ....." လက်တွဲပေးလေ ..... "
ဘယ်လောက်ပဲ ကလေးလိုချွဲချွဲ .... သူကတာဝန်အရ
ခိုင်းတာကိုပဲလုပ်ပေးနေတဲ့ ခံစားချက်